အမေရိကန်မှာ ဆောင်းတွင်းမုန်တိုင်းကြောင့် လူ ၅၀ ထက်မနည်းသေ 

Winter storm hits Buffalo, New York

အမေရိကန် ပြည်ထောင်စုမှာ နှင်းမုန်တိုင်းကြောင့် နယူးယောက် ပြည်နယ် Buffalo မြို့ တဝိုက်မှာဘဲ သေဆုံးသူ ၂၇ ဦးထိ ရှိကြောင်း နယူးယောက် အာဏာပိုင်တို့က တနလာၤနေ့မှာ ပြောပါတယ်။

အမေရိကန်မှာ ဆောင်းတွင်းမုန်တိုင်းကြောင့် လူ ၅၀ ထက်မနည်းသေ

{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စုမှာ နှင်းမုန်တိုင်းကြောင့် နယူးယောက် ပြည်နယ် Buffalo မြို့ တဝိုက်မှာဘဲ သေဆုံးသူ ၂၇ ဦးထိ ရှိကြောင်း နယူးယောက် အာဏာပိုင်တို့က တနလာၤနေ့မှာ ပြောပါတယ်။

နယူးယောက် အုပ်ချုပ်ရေးမှူး Kathy Hochul ကတော့ ရာစုနှစ်ရဲ့ နှင်းမုန်တိုင်းလို့ သုံးနှုန်း ပြောဆိုလိုက်ပြီး နှင်းမုန်တိုင်း ပြီးဆုံးသွားပြီလို့ ပြောလို့ မရသေးကြောင်း တနလာၤနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံတဝှမ်း ပြည်နယ် ၉ ခုမှာ နှင်းမုန်တိုင်းကြောင့် သေဆုံးရသူ အနည်းဆုံး ၅၀ လောက်ရှိပါတယ်။ ကားတွေထဲမှာ၊ အိမ်တွေထဲမှာနဲ့ နှင်းတွေကြားမှာ သေဆုံးသူတွေကို တွေ့ရှိထားတာပါ။ တချို့ကတော့ နှင်းတွေ ရှင်းရင်း သေဆုံးရတာ ဖြစ်ပါတယ်။ နှင်းမုန်တိုင်းကြောင့် အိမ်ထဲမှာ ပိတ်မိနေသူတွေ၊ သောင်းနဲ့ချီတဲ့ အိမ်တွေနဲ့ လုပ်ငန်းတွေမှာလည်း လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် သေဆုံးရသူက ဒီထက် တိုးလာဦးမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

နယူးယောက်က အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေလည်း ပိတ်မိနေတဲ့ ဒေသခံတွေကို ကူညီရေး တနလာၤနေ့မှာ ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။ နယူးယောက် ပြည်နယ်မှာ အထူးသဖြင့်တော့ Buffalo မှာတော့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက သေဆုံးသူတွေ၊ ဒါမှမဟုတ်လည်း အသက်ရှင်လျက် ပိတ်မိနေသူတွေ တွေ့လို့ တွေ့ငြား ကားတစင်းချင်းစီကို လိုက်လံရှာဖွေ နေကြပါတယ်။

ဆိုးရွား ပြင်းထန်လှတဲ့ နှင်းမုန်တိုင်းကြောင့် ဒီရက်ပိုင်းတွေ အတွင်း လေယာဉ် ခရီးစဉ်ပေါင်း ၁၅,၀၀၀ လောက် ဖျက်ခဲ့ရပြီး တနလာၤနေ့ တနေ့တည်းမှာတင် ခရီးစဉ် ၂,၆၀၀ ဖျက်သိမ်းခဲ့ရကြောင်း Flightware.com က ဖော်ပြပါတယ်။

Your browser doesn’t support HTML5

အမေရိကန်မှာ ဆောင်းတွင်းမုန်တိုင်းကြောင့် လူ ၅၀ ထက်မနည်းသေ


{{Zawgyi/Unicode}}



