တောင်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တွေ ပြုံယမ်းမြို့တော်မှာတွေ့ဆုံမည်

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံက ခေါင်းဆောင်တွေ မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ပြုံယမ်းမှာ လာမယ့်လအတွင်း တွေ့ဆုံကြဖို့ရှိတယ်လို့ တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားအကြား စစ်မဲ့ဇုန်က ပန်မွန်ဂျုံရွာကလေးမှာ နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်တွေ ဒီကနေ့တနင်္လာနေ့မှာ တွေ့ဆုံးဆွေးနွေးခဲ့ကြပြီး အခုလိုကြေညာလိုက်တာပါ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်နဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့ နှစ်ဦး ရှေ့လမှာ တွေ့ဆုံဖို အတည်ပြုပေမဲ့ ရင်အတိအကျတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါဘူး။

ကင်ဂျိုအွမ်နဲ့ သမ္မတမွန်းတို့ဟာ အဲဒီ ပန်မွန်ဂျုံရွာမှာဘဲ ဧပြီလတုန်းက သမိုင်းတွင်တဲ့ ပထမအကြိမ်ထိပ်သီးစည်းဝေးအဖြစ်တွေ့ဆုံခဲ့ကြသလို မေလအတွင်းမှာ ဒုတိယအကြိမ် ထပ်ပြီး တွေ့ဆုံခဲ့ကြပါတယ်။ အခုကြေညာလိုက်သလို စက်တင်ဘာလမှာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဖြစ်ကြမယ်ဆိုရင် သမ္မတမွန်းဂျေအင်းဟာ ပြုံယမ်းမြို့တော်ကို ပထမဆုံးသွားရောက်မယ့် တောင်ကိုရီယားသမ္မတဖြစ်လာမှာပါ။

တောင်ကိုရီးယားနိုင်ငံပြုံချမ်းမြို့မှာ ဒီနှစ် ဖေဖေါ်ဝါရီလကကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်မှာ မြောက်ကိုရီးယားအားကစားသမားတွေ ယှဉ်ပြိုင်ဖို့ ကင်ဂျုံအွမ်ရဲ့ ကမ်းလှမ်းချက်ကို သမ္မ မွန်းဂျေအင်က လက်ခံခဲ့ပြီးနေက်ပိုင်း နှစ်နိုင်ငံ သံခင်တမန်ခင်းလမ်းပွင့်ခဲ့တာဖြစ်ပါတယ်။

အခုလို တောင်နဲ့ မြောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆက်တိုက်ဆိုသလိုတွေ့ဆုံကြတာဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက အမေရိကန်သမ္မတ Donald Trump နဲ့ ကင်ဂျုံအွမ်တို့ရဲ့ သမိုင်းဝင်တွေ့ဆုံပွဲနဲ့ လည်း ဆက်စပ်နေတယ်လို့ ဆိုရမှာပါ။ အမေရိကန်နဲ့ မြောက်ကိုးရီးယားခေါင်းဆောင်တို့ ဇွန်လတွေ့ဆုံပွဲမှာ မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေဖျက်သိမ်းပစ်ပါ့မယ်ဆိုတဲ့ သိပ်မရေရာတဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Your browser doesn’t support HTML5

တောင်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တွေ ပြုံယမ်းမြို့တော်မှာတွေ့ဆုံမည်