Steven Seagal ကို ရုရှားက အထူးသံခန့်အပ်

အမေရိကန် အက်ရှင်မင်းသား Steven Seagal

ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသား Steven Seagal ကို အမေရိကန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား လူသားချင်းစာနာမှုဆိုင်ရာ အထူးသံတမန်အဖြစ် ရုရှားနိုင်ငံက ခန့်အပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့က ကြေညာပါတယ်။ ကိုယ်ခံပညာနဲ့ ဂျပန် အာခီဒို ပညာရပ်တွေမှာ အဆင့်မြင့်ကျွမ်းကျင်သူဖြစ်တဲ့ Steven Seagal ဟာ ၂၀၁၆ ခုနှစ်မှာ ရုရှားနိုင်ငံ သားအဖြစ် အသိအမှတ်ပြုခံထားရတာပါ။

သူ့ကို ရုရှားအစိုးရက ဒီတာဝန်ပေးအပ်ရတာက သူဟာ သမ္မတပူတင်ကို ထောက်ခံ ကြိုက်နှစ်သက်သူဖြစ်ပြီး ရုရှားအစိုးရရဲ့ မူဝါဒတွေကို အမြဲတမ်းကာကွယ်ပြောဆိုသူဖြစ်သလို ၂၀၁၄ ခုနှစ်တုန်းက Crimea ဒေသကို ရုရှားတို့ ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ အပေါ် ကွာကွယ်ပြောပေမယ့် အမေရိကန်အစိုးရကိုတော့ အပြစ်တင်ပါတယ်။

အမေရိကန် အက်ရှင်မင်းသား Steven Seagal ကို ဒီတာဝန်ပေးအပ်တယ်ဆိုပေမယ့် လစာပေးမှာမဟုတ်ဘဲ ဂုဏ်ထူးဆောင် ရာထူးသာဖြစ်ပြီး ရုရှားနဲ့ အမေရိကန်နိုင်ငံတွေကြား ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးပါတယ်။ သူ့လုပ်ငန်းတာဝန်ထဲမှာ နှစ်နိုင်ငံ ယဉ်ကျေးမှု၊ အနုပညာ၊ လူထုနဲ့ လူငယ်တွေကြား ဖလှယ်ရေးလုပ်ငန်းတွေကို အကောင်ထည်ဖော်ရမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

Steven Seagal ကို ရုရှားက အထူးသံခန့်အပ်