ျပည္နယ္ ၄ ခု မဲရလဒ္အျငင္းပြားမႈ ကန္တရား႐ုံးခ်ဳပ္ ပယ္ခ်

အေမရိကန္တရား႐ုံးခ်ဳပ္ အေဆာက္အဦ။

(Zawgyi / Unicode)

အေမရိကန္သမၼတေရြးေကာက္ပြဲမွာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ရတဲ့ ျပည္နယ္ ၄ ခုက မဲရလဒ္ေတြကို တရားမဝင္အျဖစ္ သတ္မွတ္ေၾကညာေပးဖို႔ တကၠဆက္စ္ျပည္နယ္က ေလွ်ာက္ထားတာကို တရား႐ံုးခ်ဳပ္က ေသာၾကာေန႔မွာ ပယ္ခ်လိုက္ပါတယ္။

အဲဒီျပည္နယ္ေတြမွာ သမၼတ Donald Trump က သူ႔ရဲ႕ၿပိဳင္ဘက္ Joe Biden ကို ႐ံႈးနိမ့္ခဲ့တာပါ။

ဒါဟာျဖင့္ ေရြးေကာက္ပြဲရလဒ္ကို ေျပာင္းျပန္လွန္ပစ္ဖုိ႔ တရား႐ံုးေတြကေနတဆင့္ သမၼတ Trump ႀကိဳးစားေနခဲ့တာ အဆံုးသတ္လုနီး ျဖစ္သြားတဲ့သေဘာပါပဲ။

SEE ALSO: Joe Biden အႏုိင္ရမႈ ကန္႔ကြက္တဲ့ Pennsylvania ျပည္နယ္ ရီပတ္ဘလီကန္ေတြရဲ႕ ႀကိဳးပမ္းခ်က္ ကန္ တရားရုံးခ်ဳပ္ ပယ္ခ်

တကၠဆက္စ္ျပည္နယ္ဟာ ေဂ်ာ္ဂ်ီယာ၊ မီရွီဂန္၊ ပန္ဆယ္လ္ေဗးနီးယားနဲ႔ ဝစၥကြန္ဆင္ျပည္နယ္ေတြကို တရားစြဲဆိုခြင့္မရွိဘူး၊ ေနာက္ျပည္နယ္တခုက သူ႔ဆီမွာလုပ္တဲ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ေစာဒကတက္ဖို႔ရာ တရား႐ံုးရဲ႕ စီရင္ပိုင္ခြင့္ထဲမွာ ရွိတယ္ဆုိတာကို တကၠဆက္စ္ျပည္နယ္အေနနဲ႔ အခုိင္အမာ သက္ေသမျပႏုိင္ဘူးလို႔ လက္မွတ္ထိုးမထားတဲ့ တရား႐ံုးခ်ဳပ္ဆံုးျဖတ္ခ်က္ အက်ဥ္းထဲမွာ ေဖာ္ျပထားပါတယ္။

သမၼတ Trump ကို ေထာက္ခံသူလည္းျဖစ္၊ တကၠဆက္စ္ျပည္နယ္ ေရွ႕ေနခ်ဳပ္လည္းျဖစ္တဲ့ Ken Paxton က တရား႐ံုးခ်ဳပ္မွာ စြဲဆိုေလွ်ာက္ထားခဲ့တာျဖစ္ၿပီး တျခားျပည္နယ္ေတြက ရီပတ္ဘလစ္ကန္ ေရွ႕ေနခ်ဳပ္ေတြနဲ႔အတူ ရီပတ္ဘလစ္ကန္ ေအာက္လႊတ္ေတာ္အမတ္ ၁၂၆ ေယာက္တို႔ကလည္း ေထာက္ခံခဲ့ၾကပါတယ္။

သမၼတေရြးခ်ယ္ေရးအဖြဲ႔ ကိုယ္စားလွယ္ေတြ မဲေပးတာကို ေႏွာင့္ေႏွးေစဖို႔ အႀကိတ္အနယ္ၿပိဳင္ခဲ့ရတဲ့ ျပည္နယ္ ၄ ခုမွာ တနလၤာေန႔က်ရင္ ကိုယ္စားလွယ္ေတြ မဲေပးမယ့္ကိစၥကို တားဆီးဖို႔ အခုလုိ တရား႐ံုးခ်ဳပ္ထိတက္ၿပီး တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

Your browser doesn’t support HTML5

ျပည္နယ္ ၄ ခု မဲရလဒ္အျငင္းပြားမႈ ကန္တရား႐ုံးခ်ဳပ္ ပယ္ခ်

-----------------------------

(Unicode)

ပြည်နယ် ၄ ခု မဲရလဒ်အငြင်းပွားမှု ကန်တရားရုံးချုပ် ပယ်ချ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပြည်နယ် ၄ ခုက မဲရလဒ်တွေကို တရားမဝင်အဖြစ် သတ်မှတ်ကြေညာပေးဖို့ တက္ကဆက်စ်ပြည်နယ်က လျှောက်ထားတာကို တရားရုံးချုပ်က သောကြာနေ့မှာ ပယ်ချလိုက်ပါတယ်။

အဲဒီပြည်နယ်တွေမှာ သမ္မတ Donald Trump က သူ့ရဲ့ပြိုင်ဘက် Joe Biden ကို ရှုံးနိမ့်ခဲ့တာပါ။

ဒါဟာဖြင့် ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ တရားရုံးတွေကနေတဆင့် သမ္မတ Trump ကြိုးစားနေခဲ့တာ အဆုံးသတ်လုနီး ဖြစ်သွားတဲ့သဘောပါပဲ။

SEE ALSO: ေဂ်ာ္ဂ်ီယာမွာ မဲမသမာမႈဆိုင္ရာ သမၼတ Trump ရဲ႕ စြပ္စြဲခ်က္ ပယ္ခ်ခံရ

တက္ကဆက်စ်ပြည်နယ်ဟာ ဂျော်ဂျီယာ၊ မီရှီဂန်၊ ပန်ဆယ်လ်ဗေးနီးယားနဲ့ ဝစ္စကွန်ဆင်ပြည်နယ်တွေကို တရားစွဲဆိုခွင့်မရှိဘူး၊ နောက်ပြည်နယ်တခုက သူ့ဆီမှာလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စောဒကတက်ဖို့ရာ တရားရုံးရဲ့ စီရင်ပိုင်ခွင့်ထဲမှာ ရှိတယ်ဆိုတာကို တက္ကဆက်စ်ပြည်နယ်အနေနဲ့ အခိုင်အမာ သက်သေမပြနိုင်ဘူးလို့ လက်မှတ်ထိုးမထားတဲ့ တရားရုံးချုပ်ဆုံးဖြတ်ချက် အကျဉ်းထဲမှာ ဖော်ပြထားပါတယ်။

သမ္မတ Trump ကို ထောက်ခံသူလည်းဖြစ်၊ တက္ကဆက်စ်ပြည်နယ် ရှေ့နေချုပ်လည်းဖြစ်တဲ့ Ken Paxton က တရားရုံးချုပ်မှာ စွဲဆိုလျှောက်ထားခဲ့တာဖြစ်ပြီး တခြားပြည်နယ်တွေက ရီပတ်ဘလစ်ကန် ရှေ့နေချုပ်တွေနဲ့အတူ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် ၁၂၆ ယောက်တို့ကလည်း ထောက်ခံခဲ့ကြပါတယ်။

သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ မဲပေးတာကို နှောင့်နှေးစေဖို့ အကြိတ်အနယ်ပြိုင်ခဲ့ရတဲ့ ပြည်နယ် ၄ ခုမှာ တနင်္လာနေ့ကျရင် ကိုယ်စားလှယ်တွေ မဲပေးမယ့်ကိစ္စကို တားဆီးဖို့ အခုလို တရားရုံးချုပ်ထိတက်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။