နိုင်ငံတကာဒဏ်ခတ်မှုတွေ ပြန်ရုပ်ဖို့ ဆီးရီယားသူပုန်ခေါင်းဆောင်တိုက်တွန်း

တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan(ဘယ်) နဲ့ ဆီးရီယား HTA သူပုန်အဖွဲ့ခေါင်းဆောင် Ahmad al-Sharaa(ယာ)တို့ ဆီးရီယားနိုင်ငံ Damascus မြို့မှာတွေ့ဆုံစဥ်၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၄

ဆီးရီယားနိုင်ငံမှာ သမ္မတ ဘာရှားအယ် အာဆပ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ သူပုန်ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင်က ဆီးရီယားနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်းရဲ့ အရေးယူပိတ်ဆိုဒဏ်ခတ်မှုတွေ ပြန်ရုပ်ဖို့ တိုက်တွန်းတောင်းဆိုပါတယ်။

ဒီကနေ့ တိုင်းပြည်အတွင်းမှာ ဖိနှိပ်အုပ်ချုပ်သူ မရှိတော့ပဲ၊ နစ်နာခံစားရသူတွေပဲ ကျန်တော့တယ်။ ဒါကြောင့် ဒီ အရေးယူမှုတွေဟာ လူထုကို မထိခိုက်သင့်တော့ဘူးလို့ ဆီးရီယား HTA သူပုန်အဖွဲ့ခေါင်းဆောင် Ahmad al-Sharaa က တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan နဲ့ တွေ့ဆုံအပြီးမှာ ပြောဆိုသွားတာပါ။ ဆီးရီဘားနိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေ၊ လယ်ယာကဏ္ဍ၊ ဘဏ်လုပ်ငန်းနဲ့ စက်မှုလုပ်ငန်းတွေ ပြန်လည်တည်ဆောက်ဖို့ တူရကီက ကူညီသွားမယ်လို့လည်း HTA အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

တူရကီနိုင်ငံဟာ တော်လှန်ရေစကတည်းက တလျှောက်လုံး ရပ်တည်လာခဲ့တဲ့ ဆီရီးယားပြည်သူတွေနဲ့ မိတ်ဆွေဖြစ်ပြီး၊ နှစ်နိုင်ငံ အနာဂတ် မဟာဗျူဟာမြောက်ဆက်ဆံရေးတရပ် တည်ဆောက်သွားမယ်လို့လည်းပြောပါတယ်။ တချိန်တည်းမှာတော့ ဆီးရီယားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ပြန်ရုပ်ဖို့ တူရကီနိုင်ငံခြားရေးဝန်ကြီးကလည်း တောင်းဆိုခဲ့ပါတယ်။ ဆီရီယားနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်တွေ ပြင်ဆင်ဖို့ ဖြစ်နိုင်သမျှ မြန်မြန်ပြန်စရမယ်လို့ ပြောပါတယ်။