မဲဆောက်- မြဝတီ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကို ထိုင်းအစိုးရက နမူနာစံပြဖြစ်အောင် အားပေးမြင့်တင်ဆောင်ရွက် နေတာဟာ ထိုင်း ပုဂ္ဂလိက လုပ်ငန်းတွေအတွက် တခြားမြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်စပ်နေတဲ့ တိုင်းပြည်တွေအထိ တိုးချဲ့ လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေအောင် ဖေါ်ဆောင်ပေးနေတာဖြစ်ပါတယ်။
အစိုးရရဲ့ မူဝါဒဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ “Stronger Together” အတူတကွ သန်မာတောင့်တင်းစေရေး စီးပွားရေးမူဝါဒ အောက်မှာ ရင်းနှီး မြုပ်နှံမှုတွေ တိုးမြင့်လာရေးကို ထိုင်းကုမ္ပဏီ အများအပြားက အထောက်အကူ ပြုနေကြတယ်လို့ ကုန်သွယ်ရေးဝန်ကြီး အဖိုင်ရာဒီ တန်ပရာဖွန် ကပြောပါတယ်။
မဲဆောက်မြဝတီ နယ်စပ် ဖြတ်ကျော်ကူသန်းမှုနဲ့ ကုန်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့အတွက် စီးပွားရေးလုပ်ငန်း အများအပြားက အထူးစိတ်ဝင်စာတဲ့ လက္ခဏာတွေ တွေ့ရှိနေရကြောင်း၊ ရှေ့ပြေး နမူနာအဖြစ် အိမ်နီးချင်း တိုင်းပြည်တွေနဲ့ ကုန်သွယ်မှုစီမံကိန်းတွေ ကို ထိုင်းအစိုးရက လုပ်ဆောင်နေကြောင်း သူမက ပြောပါတယ်။
မဲဆောက် - မြဝတီ နယ်စပ် ဂိတ် ဟာ ထိုင်းနဲ့ မြန်မာနိုင်ငံ ၂ နိုင်ငံအကြား အရေးပါဆုံး နယ်စပ်ဖြတ်ကျော်ကူးသန်းရေး ဂိတ်ဖြစ်ကြောင်း တန်ပရာဖွန် က ပြောပါတယ်။ ဒီနယ်စပ်ဖြတ်ကျော် ကူးသန်းမှု ပုံစံကို နမူနာယူပြီး တခြားနယ်စပ် ဒေသတွေရဲ့ နယ်စပ်ကုန်သွယ်မှုတွေ မြင့်တင် ပေးနိုင်ကြောင်း သူမက ပြောပါတယ်။
မတ်လ ပထမ သီတင်းပတ် တပ်ခ် ခရိုင် မဲဆောက်မြို့မှာ ဖွင့်လှစ်တဲ့ နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြင့်တင်လုပ်ဆောင် ပေးရေး ဆောင်ပုဒ် ဖြစ်တဲ့ “Stronger Together” အတူတကွ သန်မာတောင့်တင်းစေရေး ကို ထိုင်းနိုင်ငံရဲ့ တခြား နယ်စပ်တွေမှာလည်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Your browser doesn’t support HTML5