ထိုင်းနိုင်ငံတွင်း လိင်တူတွေ တရားဝင်လက်ထပ်ခွင့်ရှိတဲ့ဥပဒေကြမ်းဟာ အင်္ဂါနေ့က တရားဝင်ဥပဒေအတည်ဖြစ်လာပြီးလာမယ့် ဇန်နဝါရီလကစလို့ လိင်တူစုံမက်သူတွေ တရားဝင် ထိမ်းမြားလက်ထပ်ခွင့်ရှိတော့မှာပါ။ ဒီ ဥပဒေကြမ်းကို ထိုင်းဘုရင် မဟာဝိဇိယ လောင်ကွမ်းကအတည်ပြပြီးနောက် ရက် ၁၂၀ အတွင်း ဥပဒေအသက်ဝင်မှာဖြစ်ပါတယ်။ ဒါဟာဆိုရင်ထိုင်ဝမ်၊ နီပေါ နိုင်ငံပြီးရင် ထိုင်းဟာ လိင်တူ တရားဝင်လက်ထပ်ခွင့်ရှိတဲ့ အာရှဒေသ တတိယမြောက်နိုင်ငံဖြစ်လာမှာပါ။
ထိုင်းနိုင်ငံဟာ LGPTQ+ လိင်အယူအဆကွဲပြားမှုလက်ခံတဲ့ နိုင်ငံတခုအဖြစ်သိကြပေမယ့်လို့ တရားဝင်လက်ထပ်ခွင့်ရဖို့ဆယ်စုနှစ်နဲ့ချီ ရုန်းကန်ခဲ့ကြရတာပါ။ လိင်တူ လိင်ကွဲ ဘယ်သူနဲ့မဆို တရားဝင်လက်ထပ်ခွင့်၊ ငွေကြေးနဲ့ ကျန်းမာရေးအခွင့်အရေးရရှိခွင့်တွေကို အာမခံတဲ့ ဒီဥပဒေကြမ်းကို ထိုင်းအောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တွေမှာ ပြီးခဲ့တဲ့ဧပြီလနဲ့ ဇွန်လအတွင်းက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပတ်ထုံတန်ရှင်နဝပ်ကတော့ ဒီ ဥပဒေကြမ်းအတည်ဖြစ်တဲ့အတွက် X လူမှုကွန်ယက်ပေါ်မှာ #Love Wins ဆိုပြီး ချစ်ခြင်း တရားကို ဂုဏ်ပြုခဲ့ပါတယ်။ ဥပဒေအတည်ဖြစ်ပြီဆိုတာနဲ့ လိင်တူချင်းလက်ထပ်နိုင်ဖို့ မြို့တော်တာဝန်ရှိသူတွေ အသင့်ပြင်ထားတယ်လို့ ဘန်ကောက် ဒု မြို့တော်ဝန် ဆန်နွန် ဝမ်စရန်ဘွန်း က ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။Pheu Thai ပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ အဓိက ရည်မှန်းချက်တွေထဲ တန်းတူလက်ထပ်ခွင့်ဆိုတာ တချက် အပါအဝင်ဖြစ်ပါတယ်။
Your browser doesn’t support HTML5