သမ္မတ Trump ဒေါ်လာ ၄.၄ ထရီလီယံ အစိုးရအသုံးစရိတ် လွှတ်တော်ထံ တောင်းခံ

သမ္မတ Trump

အမေရိကန်တောင်ပိုင်းမှာ နယ်စပ်တံတိုင်းကာရံရေးနဲ့ စစ်ရေးအသုံးစားရိတ်တိုးမြှင့်ဖို့ အပါအဝင် အစိုးရအသုံးစားရိတ်အတွက် အမေရိကန်သမ္မတ Donald Trump က ကွန်ဂရက်လွှတ်တော်ကို ဘတ်ဂျက်ငွေ ဒေါ်လာ ၄.၄ ထရီလီယံ တောင်းဆိုလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ဗဟိုအစိုးရ အသုံးစားရိတ်လိုငွေပြမှု ဒေါ်လာ တစ် ထရီလီယံကျော် တိုးလာစေမှာ ဖြစ်ပါတယ်။

လွှတ်တော်ကပဲ အစိုးရ အသုံးစားရိတ်ကို ထိန်းချုပ်ထားတာဖြစ်ပြီး သမ္မတ Trump တနင်္လာနေ့ချပြတဲ့ အသုံးစားရိတ်တင်သွင်းမှုဟာ ဥပဒေ ဖြစ်လာဖို့လမ်း မရှိသလောက်ပဲလို့ သမ္မတ အိမ်ဖြူအရာရှိအားလုံး လိုလိုက အသိမှတ်ပြုပေမယ့် ဒီဘတ်ဂျက်အသုံးစာရိတ် အဆိုပြုချက်ဟာ သမ္မတ Donald Trump ရဲ့ ဦးစားပေးချက်တွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့ တင်ပြချက်ဖြစ်ကြောင်း ပြောပါတယ်။

တနင်္လာနေ့ တင်ပြတဲ့ ဘတ်ဂျက်အသုံးစားရိတ်ထဲမှာ ပြည်တွင်းအစီအစဉ်တွေ ဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့တဲ့ Medicare, Medicaid အစီစဉ်တွေနဲ့ အစားအသောက် အခမဲ့ ဝယ်ယူခွင့်ပြုတဲ့ အစီစဉ်တွေ ပါပါတယ်။

ဒီမိုကရက်တစ်ပါတီဝင် တွေ က ဒီအစီအစဉ်ကို ပယ်ချကြပါတယ်။ အောက်လွှတ်တော် အမတ် အနည်းစု ခေါင်းဆောင် Nancy Pelosi ကတော့ ဒီအစီစဉ်ဟာ ကျိုးပျက်နေတဲ့ ကတိတွေနဲ့ မယုံနိုင်လောက်စရာ ဖြတ်တောက်မှုတွေနဲ့ ပြည့်နေတယ်လို့ ပြောပါတယ်။

ဒီအဆိုပြု တင်သွင်းချက်ထဲမှာ အကြွေးကင်းအောင်လုပ်ဆောင်ဖို့ မပါတာအတွက် ဘတ်ဂျက်အသုံးစားရိတ် လိုငွေပြတာကို မကြိုက်ပဲ ဆန့်ကျင်လေ့ရှိကြတဲ့ တချို့ ရီပတ်ဘလစ်ကင်ပါတီဝင်တွေကတော့ စိတ်ပျက်နိုင်ချေ ရှိပါတယ်။

တချိန်ထဲမှာပဲ ကာလကြာရှည် အခြေအတင် ငြင်းခုံနေတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး တနင်္လာနေ့ နှောင်းပိုင်းက အထက်လွှတ်တော်မှာ မဲခွဲခဲ့ ကြရာမှာ ထောက်ခံမဲ ၉၇ မဲနဲ့ ၁ မဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် စတင်ဆွေးနွေးဖို့ သဘောတူခဲ့ ပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump ဒေါ်လာ ၄.၄ ထရီလီယံ အစိုးရအသုံးစရိတ် လွှတ်တော်ထံ တောင်းခံ