(Zawgyi / Unicode)
ေဂ်ာ္ဂ်ီယာျပည္နယ္က သမၼတေရြးေကာက္ပဲြရလဒ္ကို ပယ္ဖ်က္ဖို႔အတြက္ အဲဒီျပည္နယ္တရား႐ုံးမွာ ေသာၾကာေန႔က ေလွ်ာက္ထားလိုက္တယ္လို႔ Donald Trump ရဲ႕ ေရြးေကာက္ပဲြ ေအာင္ႏုိင္ေရးအဖဲြ႔က ေျပာလိုက္ပါတယ္။
ဒါဟာ သမၼတ Trump အေနနဲ႔ ေရြးေကာက္ပဲြမွာ သူ႐ႈံးတယ္ဆုိတဲ့ ရလဒ္ကို ေျပာင္းျပန္လွန္ႏုိင္ဖို႔အတြက္ ဥပေဒေၾကာင္းအရ တရားစဲြေနတဲ့ အမႈေတြထဲက ေနာက္ဆုံးတခုလည္း ျဖစ္ပါတယ္။
အခုေနာက္ဆုံး အသစ္စဲြဆုိလိုက္တဲ့ အမႈထဲမွာ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ မဲမသမာမႈေတြ ရွိတယ္ဆုိၿပီး ျပည္နယ္ေဒသခံတဦးက က်မ္းသစၥာက်ိန္ဆိုၿပီး ထြက္ဆုိထားတာလည္း ပါဝင္တယ္လို႔ သမၼတ Trump ေရြးေကာက္ပဲြေအာင္ႏုိင္ေရး အဖဲြ႔ရဲ႕ ေၾကညာခ်က္ထဲမွာ ေျပာထားပါတယ္။
SEE ALSO: Pennsylvania မွာ မဲလိမ္မႈ႐ွိခဲ့ေၾကာင္း သမၼတ Trump ရဲ႕အယူခံ ပယ္ခ်ခံရရီပတ္ဘလစ္ကန္ပါတီဝင္ျဖစ္တဲ့ ေဂ်ာ္ဂ်ီယာျပည္နယ္ရဲ႕ အတြင္းေရးမွဴး Brad Raffensperger အပါအဝင္ တျခား ျပည္နယ္တာဝန္ရွိသူေတြကေတာ့ သူတုိ႔အေနနဲ႔ Joe Biden အႏုိင္ရသြားတဲ့ ၿပီးခဲ့တဲ့ ႏုိဝင္္ဘာ ၃ ရက္ေန႔က က်င္းပခဲ့တဲ့ သမၼတေရြးေကာက္ပဲြမွာ မဲမသမာမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ရွိတယ္ဆုိတဲ့ သက္ေသအေထာက္အထား ဘာမွ မေတြ႔ရဘူးလို႔ ထပ္တလဲလဲ ေျပာဆုိထားပါတယ္။
သမၼတ Trump ရဲ႕ ေရြးေကာက္ပဲြ ေအာင္ႏုိင္ေရးအဖဲြ႔နဲ႔ တျခား သူ႔ကိုေထာက္ခံတဲ့သူ အေတာ္မ်ားမ်ားဟာ Nevada ျပည္နယ္နဲ႔ Wisconsin ျပည္နယ္ေတြ အပါအဝင္ ႏုိင္ငံတဝန္း ေရြးေကာက္ပဲြရလဒ္ေတြကို ပယ္ဖ်က္ေပးဖို႔အတြက္ တရားစဲြထားတဲ့အမႈေတြ တန္းစီၿပီးေတာ့ ႐ႈံးထားပါတယ္။
ၿပီးခဲ့တဲ့ အေမရိကန္သမၼတ ေရြးေကာက္ပဲြမွာ ဒီမုိကရက္တစ္ပါတီက Joe Biden က သမၼတ Trump ကို ကိုယ္စားလွယ္မဲ ၃၀၆ မဲ၊ ၂၃၂ မဲနဲ႔ အႏုိင္ရထားတာ ျဖစ္ပါတယ္။
Your browser doesn’t support HTML5
ေရြးေကာက္ပြဲဆိုင္ရာ တရားစြဲတာေတြ သမၼတ Trump ဆက္လုပ္ေနဆဲ
-------------------
(Unicode)
ရွေးကောက်ပွဲဆိုင်ရာ တရားစွဲတာတွေ သမ္မတ Trump ဆက်လုပ်နေဆဲ
ဂျော်ဂျီယာပြည်နယ်က သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့အတွက် အဲဒီပြည်နယ်တရားရုံးမှာ သောကြာနေ့က လျှောက်ထားလိုက်တယ်လို့ Donald Trump ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
ဒါဟာ သမ္မတ Trump အနေနဲ့ ရွေးကောက်ပွဲမှာ သူရှုံးတယ်ဆိုတဲ့ ရလဒ်ကို ပြောင်းပြန်လှန်နိုင်ဖို့အတွက် ဥပဒေကြောင်းအရ တရားစွဲနေတဲ့ အမှုတွေထဲက နောက်ဆုံးတခုလည်း ဖြစ်ပါတယ်။
အခုနောက်ဆုံး အသစ်စွဲဆိုလိုက်တဲ့ အမှုထဲမှာ ဂျော်ဂျီယာပြည်နယ်မှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး ပြည်နယ်ဒေသခံတဦးက ကျမ်းသစ္စာကျိန်ဆိုပြီး ထွက်ဆိုထားတာလည်း ပါဝင်တယ်လို့ သမ္မတ Trump ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ရီပတ်ဘလစ်ကန်ပါတီဝင်ဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ်ရဲ့ အတွင်းရေးမှူး Brad Raffensperger အပါအဝင် တခြား ပြည်နယ်တာဝန်ရှိသူတွေကတော့ သူတို့အနေနဲ့ Joe Biden အနိုင်ရသွားတဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်ဆိုတဲ့ သက်သေအထောက်အထား ဘာမှ မတွေ့ရဘူးလို့ ထပ်တလဲလဲ ပြောဆိုထားပါတယ်။
SEE ALSO: ေဂ်ာ္ဂ်ီယာျပည္နယ္ မဲျပန္ေရတြက္မႈ Joe Biden ပဲ အႏုိင္ရသမ္မတ Trump ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နဲ့ တခြား သူ့ကိုထောက်ခံတဲ့သူ အတော်များများဟာ Nevada ပြည်နယ်နဲ့ Wisconsin ပြည်နယ်တွေ အပါအဝင် နိုင်ငံတဝန်း ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ပေးဖို့အတွက် တရားစွဲထားတဲ့အမှုတွေ တန်းစီပြီးတော့ ရှုံးထားပါတယ်။
ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက Joe Biden က သမ္မတ Trump ကို ကိုယ်စားလှယ်မဲ ၃၀၆ မဲ၊ ၂၃၂ မဲနဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။