ဝါရှင်တန်မြို့တော်မှာ သောကြာနေ့ကျင်းပမယ့် သမ္မတသစ်အဖြစ် Donald Trump ကျမ်းသစ္စာကျိန်ဆိုပွဲကို သပိတ်မှောက်မယ်လို့ Democrat လွှတ်တော်အမတ် ၂၆ ယောက်က လူသိရှင်ကြားပြောခဲ့ကြပါတယ်။
အမေရိကန်မှာ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အမတ်တွေ သပိတ်မှောက်ခဲ့တဲ့ထုံးစံမရှိခဲ့ဘဲ သမ္မတဖြစ်လာသူဟာ ကိုယ့်ပါတီက မဟုတ်ရင်တောင် လွှတ်တော်အမတ်တိုင်းတက်လေ့ရှိတယ်လို့ နိုင်ငံရေးသိပ္ပံကျွမ်းကျင်သူတွေက ပြောပါတယ်။
လတ်တလောကောက်ခံထားတဲ့ အမေရိကန်ပြည်သူတွေရဲ့ သဘောထားစစ်တမ်းတခုအရ Trump သမ္မတတာဝန်ယူမှာကို မထောက်ခံသူ ၅၁% ထောက်ခံသူက ၄၀% ပဲရှိပါတယ်။ သဘောထားကွဲပြားစေတဲ့ နိုင်ငံရေးအမြင်တွေနဲ့ Donald Trump သမ္မတဖြစ်လာတော့မှာဖြစ်ပါတယ်။
Your browser doesn’t support HTML5