UEFA ဖလား Liverpool ဆွတ်ခူး

စပိုင်နိုင်ငံ Madrid မြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ UEFA Champion League ဘောလုံးဗိုလ်လုပွဲမှာ Liverpool အသင်းက Tottenham Hotspur အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲသွားပါတယ်။

ပထမပိုင်း ပွဲစလို့ စက္ကန့် ၃၀ မပြည့်ခင်မှာပဲ Liverpool အသင်းဟာ penalty ရရှိပြီး Mohamad Salah က ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် Liverpool အတွက် ပထမဂိုး ရရှိသွားပါတယ်။

အဲဒီ့နောက်ပိုင်းမှာ ပွဲဟာ သိပ်ပြီး အားတက်သရော မရှိသလို ဖြစ်နေခဲ့ပြီးတဲ့နောက် နောက်ဆုံး မိနစ် ၂၀ လောက်အလိုမှာတော့ Tottenham အသင်းဟာ အတော်လေး သွက်သွက်လက်လက် ကစားလာနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲပြီးဖို့ ၃ မိနစ်လောက်အလိုမှာ Divock Origi က Liverpool အတွက် ဒုတိယဂိုးကို သွင်းယူလိုက်နိုင်တဲ့အတွက် ၂ ဂိုး ဂိုးမရှိနဲ့ Liverpool အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဒီတကြိမ်နဲ့ပါဆိုရင် Liverpool အသင်းဟာ UEFA Champion League ဖလားကို ၆ ကြိမ်မြောက် ဆွတ်ခူးလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ၁၉၇၇၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၄ နဲ့ နောက်ဆုံး ၂၀၀၅ တို့မှာလည်း Liverpool အသင်းက UEFA ဖလား ရရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

UEFA ဖလား Liverpool ဆွတ်ခူး