ယူကရိန်းကောက်နှံတင်ပို့မှု သဘောတူညီချက် သက်တမ်းတိုးနိုင်ပြီ

FILE PHOTO: Commercial vessels including vessels which are part of Black Sea grain deal wait to pass the Bosphorus strait off the shores of Yenikapi in Istanbul

{{Zawgyi/Unicode}}

ယူကရိန်းက ကောက်ပဲသီးနှံတွေကို ပင်လယ်နက်ဆိပ်ကမ်းတွေကနေတဆင့် တင်ပို့ခွင့် သဘောတူညီချက်ကို သက်တမ်းထပ်တိုးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂကအတည်ပြုပါတယ်။ ဒါပေမဲ့ သက်တမ်းကာလ ဘယ်လောက်ထပ်တိုးတယ်ဆိုတာတော့ မပြောပါဘူး။ ဒီသဘောတူညီချက်သက်တမ်းကာလဟာ စနေနေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ရထားတဲ့သဘောတူညီချက်စာချုပ်အရ သက်တမ်းတိုးကာလဟာ နောက်ထပ်ရက်ပေါင်း ၁၂၀ ဖြစ်ဖို့ရှိပါတယ်။ ဒါပေမယ့် ရုရှားဘက်က ရက်ပေါင်း ၆၀ ပဲတိုးမှာဖြစ်ကြောင်း ပြောဆိုနေတာပါ။ ရုရှားနိုင်ငံခြားရေးဌာနပြောခွင့်ရ Maria Zakharova ကတော့ ဒီသဘောတူညီချက်အတွက် ရက် ၆၀ ပဲ သက်တမ်းတိုးမှာဖြစ်ကြောင်း TASS သတင်းဌာနကို စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံတင်ပို့ရေး အစီအစဉ်ဟာ ကမ္ဘာတလွှား အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ စားနပ်ရိက္ခာမလုံလောက်မှုကို ဖြည့်တင်းနိုင်ဖို့၊ ရုရှားရဲ့စားသောက်ကုန်တွေနဲ့ ဓါတ်မြေသြဇာတွေ ကမ္ဘာ့ဈေးကွက်ထဲရောက်ရေး နားလည်မှုစာချွန်လွှာ MoU နဲ့ တွဲဘက် လုပ်ဆောင်နေတာဖြစ်ကြောင်း ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
.
ဒီသဘောတူညီချက်အတွက် ကုလသမဂ္ဂနဲ့အတူ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ တူရကီနိုင်ငံက သမ္မတ Recep Tayyip Erdogan ကလည်း ဒီသဘောတူညီချက်ကို သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုပါတယ်။ ဒါပေမယ့် သက်တမ်းတိုးတဲ့ ရက် အတိအကျကိုတော့ မပြောပါဘူး။ ယူကရိန်း အခြေခံအဆောက်အအုံဆိုင်ရာဝန်ကြီးကတော့ သက်တမ်းတိုးကာလဟာ ရက်ပေါင်း ၁၂၀ ဖြစ်ကြောင်း ပြောပါတယ်။

ဒီသဘောတူညီချက်ကို ဇူလိုင်လ ၂၂ ရက်မှာ လက်မှတ်ရေးထိုးခဲ့ချိန်ကစပြီး ပင်လယ်နက် ထဲက ဆိပ်ကမ်း ၃ ခုကနေ ယူကရိန်းရဲ့ ကောက်ပဲသီးနှံ မက်ထရစ်တန်ချိန်ပေါင်း ၂၅ သန်းကို ကမ္ဘာတလွှားကို တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်

Your browser doesn’t support HTML5

ယူကရိန်းကောက်နှံတင်ပို့မှု သဘောတူညီချက် သက်တမ်းတိုးနိုင်ပြီ.mp3

===========

{{Unicode}}




.
