ယူကရိန်းကောက်နှံတင်ပို့မှုသဘောတူညီချက်ပြန်ရဖို့ ရုရှားကို ကုလအကြီးအကဲမေတ္တာရပ်ခံ

Odesa ေဒသမှာတွေ့ရတဲ့ ယူကရိန်းကောက်နှံများ၊ ဇူလိုင် ၂၂၊ ၂၀၂၃ A pile of maize grains is seen on the pier at the Izmail Sea Port, Odesa region, on July 22, 2023.

ယူကရိန်းကောက်နှံတွေကို ပင်လယ်နက်ဆိပ်ကမ်းတွေကတဆင့် ပြည်ပတင်ပို့ခွင့် သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ရုရှားကို မေတ္တာရပ်ခံလိုက်ပါ တယ်။ အရင ဒီ သဘောတူညီချက်ဖြစ်လာဖို့ ကုလသမဂ္ဂကပဲ ကြားဝင်ညှိုနှိုင်းပေးခဲ့တာပါ။

ဒီသဘောတူညီချက်ကို ပြန်မရရင်တော့ ကမ္ဘာမှာငတ်မွတ်ခေါင်းပါးမှု အဆိုးဆုံးထိ သက်ရောက်မှုရှိလာ လိမ့်မယ်လို့ ကုလအတွင်းရေးမှုးချုပ် Guterres က Rome မှာလုပ်တဲ့ သုံးရက်ကြာ ကမ္ဘာ့စားနပ်ရိက္ခာ ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ ပြောပါတယ်။ ဒီ သဘောတူညီချက်အရ ၂၀၂၂ ဖေဖော်ဝါရီလ ရုရှားကျူးကျော်မှုဖြစ်ပြီးနောက် ယူကရိန်းကောက်နှံတွေကို အထူးသဖြင့် အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေက ဖွံဖြိုးဆဲနိုင်ငံတွေအတွက် တင်ပို့ပေးနိုင်ခဲ့တာပါ။

အခုလို ဒီသဘောတူညီချက်ကို ရုရှားကရပ်လိုက်တဲ့နောက်တော့ ကမ္ဘာ့ဂျုံဈေးဟာ ၁၄ ရာခိုင်နှုန်းကျော် မြင့်တက်လာသလို ပြောင်းဈေးဟာလည်း ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။ တချိန်တည်းမှာ တော့ ပိတ်ဆို့ထားတာကိုလမ်းကြောင်းပြောင်းပြီး ပြည်ပတင်ပို့ဖို့ စီစဉ်နေတဲ့ Danube မြစ်ကမ်းနံဘေးက ယူကရိန်းကောက်နှံသိုလှောင်ရုံတွေကို တနင်္လာနေ့ အစောပိုင်းက ရုရှားကလေကြောင်းကနေ တိုက်ခိုက်တာကြောင့် လူ ၇ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံစေစေမယ့် ယူကရိန်းရဲ့ ကောက်နှံပြည်ပတင်ပို့မှုတွေကို ရုရှားက လုံးဝ ပိတ်ပစ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ Odesa အုပ်ချုပ်ရေးမှုးက ယူကရိန်းရုပ်သံကို ပြောပါတယ်။ ရုရှားလုပ်ရပ်ဟာ ကမ္ဘာ့လူ သန်းလေးရာကို ပြန်ပေးဆွဲ အညှာကိုင်ဖို့ ကြိုးစားနေတာလို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပါတယ်။

ဒီလို ကမ္ဘာ့စားနပ်ရိက္ခာကိုပိတ်ပင်တဲ့အကြမ်းဖက်လုပ်ရပ်ကို တကမ္ဘာလုံး တညီတည်း တုံ့ပြန်ကြဖို့လည်း သူက တောင်းဆိုပါတယ်။ ရုရှားက ပိတ်ဆို့ထားတဲ့ ပင်လယ်နက်ဆိပ်ကမ်းကို သုံးမရတော့တာကြောင့် Danube မြစ်ကြောင်းဟာ ယူကရိန်းကောက်နှံတွေကို ပြည်ပပို့နိုင်ဖို့ အဓိက လမ်းဖြစ်လာပါတယ်။

ရုရှားဟာ Odesa ဒေသမှာ လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်လို့ ယူကရိန်းပြောဆိုတဲ့တချိန်တည်းမှာပဲ၊ ယူကရိန်းဒရုန်းယာဥ်တွေဟာ မော်စကိုမြို့နဲ့ ရုရှားတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကို ပစ်မှတ်ထားတိုက် ခိုက်နေတယ်လို့ ရုရှားကပြောဆိုပါတယ်။ မော်စကိုကို တိုက်ခိုက်လာတဲ့ ဒရုန်းယာဥ် နှစ်စင်းကို ဖျက်ချနိုင်ခဲ့ တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

လူမနေတဲ့ အဆောက်အဦးနှစ်ခုပျက်စီးပြီး လူအထိအခိုက်မသိရဘူးလို့ မော်စကို မြို့တော်ဝန်က ပြောပါ တယ်။ ဒရုန်းယာဥ်အပိုင်းအစတွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနီးက ရပ်ကွက်တခုမှာ တွေ့ရတယ်လို့ ရုရှားသတင်းတွေမှာဖော်ပြခဲ့ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းကောက်နှံတင်ပို့မှုသဘောတူညီချက်ပြန်ရဖို့ ရုရှားကို ကုလအကြီးအကဲမေတ္တာရပ်ခံ