ဟေတီရွှေ့ပြောင်းဝင်ရောက်သူများကိစ္စ JD Vance စွပ်စွဲချက် ပြည်နယ်တာဝန်ရှိသူတွေ ငြင်းဆို 

ရီပတ်ဘလီကန်ဒုသမ္မတလောင်း JD Vance က အိုဟိုင်းယိုကရွှေ့ပြောင်းအခြေချသူ ဟေတီနိုင်သားသားတွေ ဟာ အိမ်မွေးခွေးတွေကို သတ်ဖြတ်စားသောက်ကြောင်း မြောက်ကာရိုလိုင်းနားပြည်နယ်၊ Greenville မြို့မဲဆွယ်စည်းရုံးပွဲမှာ ပြောကြားစဥ်။ (စက်တင်ဘာ ၁၄၊ ၂၀၂၄)

အိုဟိုင်းယိုးပြည်နယ်မှာ ဟေတီနိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ အိမ်နီးချင်းတွေရဲ့ ခွေးတွေ ကြောင်တွေကိုဖမ်းဆီးသတ်ဖြတ် စားသုံးတယ်ဆိုပြီး ရီပတ်ဘလီကန်ဒုသမ္မတလောင်း JD Vance က ပြောဆိုချက်အပေါ် ဒီလိုဖြစ်စဉ်မျိုးမရှိခဲ့ပါဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ဒေသတာဝန်ရှိသူတွေက တန်ပြန်ရှင်းလင်းခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒီဖြစ်စဉ်တွေကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့တဲ့ သူ့ မဲဆန္ဒရှင်တွေက ပြောပြခဲ့ကြတာလို့ ဒုသမ္မတလောင်းJD Vance က CNN နဲ့ အင်တာဗျူးမှာ တုံ့ပြန်ရှင်းလင်းပါတယ်။ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း လက်ရှိ ဒုသမ္မတKamala Harris ဟာ အိုဟိုင်းယိုးပြည်နယ် Spingfield မြို့မှာ ဟေတီက ရွှေ့ပြောင်းဝင်ရောက်သူ နှစ်သောင်းကို လက်ခံနေရာချပေးခဲ့ပြီး အဲဒီမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေက ဒေသခံ အိမ်မွေးတိရစ္စာန်တွေကို အန္တရာယ်ပြုတယ်ဆိုပြီးJD Vance က စွပ်စွဲအပြစ်တင်ပြောဆိုခဲ့တာပါ။ ဒါပေမယ့်လည်း ဒေသခံတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေ သတ်စားခံရတယ်ဆိုတဲ့ ဒီ စွပ်စွဲမှုနဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ အထောက်ထားမရှိဘူးလို့ Spingfield မြို့တော်ဝန်ရော ဒေသ ရဲတာဝန်ရှိသူတွေကပါ ငြင်းချက်ထုတ်ထားပါတယ်။

အိုဟိုင်းယိုးပြည်နယ်ရဲ့ ရီပတ်ပလန်ကန် အုပ်ချုပ်ရေးမှူး Mike DeWine ကိုယ်တိုင်ကလည်း ရီပတ်ဘလီကန် ဒုသမ္မတလောင်း Vance ရဲ့ ဒီ စွပ်စွဲချက်ကို ငြင်းပါတယ်။ Springfield မြို့ကို ရောက်လာကြတဲ့ ဟေတီလူမျိုးတွေဟာ အလုပ်လုပ်ကိုင်ဖို့ တရားဝင်လာကြသူတွေဖြစ်ပြီး တကယ့်ကို လုပ်သားကောင်းတွေဖြစ်ကြတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးDeWine က ပြောပါတယ်။ ပြီးခဲ့တဲ့ သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးပွဲမှာ ရီပတ်ပလင်ကန်သမ္မတလောင်း Donald Trump က ဒီ စွပ်စွဲချက်ကို ကနဦးပြောဆိုခဲ့တာပါ။

Your browser doesn’t support HTML5

ဟေတီရွှေ့ပြောင်းဝင်ရောက်သူများကိစ္စ JD Vance စွပ်စွဲချက် ပြည်နယ်တာဝန်ရှိသူတွေ ငြင်းဆို