အမေရိကန်နိုင်ငံသား မြန်မာမဲဆန္ဒရှင်များရဲ့ သမ္မတ ရွေးချယ်မှု

အမေရိကန်ရွေးကောက်ပွဲ စတင်မဲပေးနေ (သတင်းဓါတ်ပုံများ)

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ သမ္မတ ရွေးကောက်ပွဲ ကျင်းပနေပြီဖြစ်ပါ တယ်။ အမေရိကန်ပြည်သူ အများအပြား မဲတွေလာရောက်ပေးနေကြပြီး အဲဒီ အထဲမှာ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာတွေလဲ အများအပြားပါဝင်ပါတယ်။ သမ္မတ ဖြစ်လာဖို့အတွက် အကြိတ်အနယ် မဲဆွယ်ခဲ့ကြတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ Republican ပါတီ သမ္မတလောင်း Donald Trump တို့နှစ်ယောက်ကို အမေရိကန်ရောက် မြန်မာတွေက ဘယ်သူ့ကိုများ သူတို့ရဲ့ သမ္မတ အဖြစ် ရွေးချယ် ကြပါသလဲ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရှားဖောင်က တင်ပြထားပါတယ်။

ဒီအကြောင်းအပြည့်အစုံ အောက်ပါအသံဖိုင်တွင်နားဆင်နိုင်ပါပြီ။

Your browser doesn’t support HTML5

အမေရိကန်နိုင်ငံသား မြန်မာမဲဆန္ဒရှင်များရဲ့ သမ္မတ ရွေးချယ်မှု (မရှားဖောင်)

တဆက်တည်းမှာပဲ ဒီကနေ့မှာတော့ အမေရိကန်ပြည်ထောင်စုတဝှမ်း ပြည်နယ်အသီးသီးက အမေရိကန်နိုင်ငံသား မြန်မာတွေလည်း မဲပေးနေကြပါပြီ အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတ ဘယ်ပါတီ ဘယ်သူ့ကို ရွေးချယ်ခဲ့ပါသလဲဆိုတာကို ပြည်နယ်အသီးသီးမှာ မဲပေးနေကြတဲ့ မြန်မာတွေကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။ ပထမဆုံးတော့ Texas ပြည်နယ် က မမြစန္ဒာကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေထားတာဖြစ်ပါတယ်။ အသံဖိုင်အပြည့်အစုံ ကို အောက်ပါအသံဖိုင်တွင် နားဆင်နိုင်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်နိုင်ငံသား မြန်မာမဲဆန္ဒရှင်များရဲ့ သမ္မတ ရွေးချယ်မှု (မဆုမွန်)

အခုအသံဖိုင်တွေမှာ နားဆင်ခဲ့ရတာကတော့ အမေရိကန်ပြည်ထောင်စုတဝှမ်း ပြည်နယ်အသီးသီးက အမေရိကန်နိုင်ငံသား မြန်မာတွေရဲ့ သမ္မတရွေးချယ်မှုဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲ မဲဆန္ဒရှင်များ စတင်မဲပေးနေပါပြီ (သတင်းဓါတ်ပုံများ)