အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ရေး ဘတ်ဂျက်အသုံးစရိတ် မူကြမ်းကို ကန့်ကွက်ဖို့ ရွေးကောက်ခံသမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က လွှတ်တော်အမတ်တွေကို တောင်းဆိုခဲ့ပါတယ်။
အင်္ဂါနေ့ကထုတ်ပြန်တဲ့ ဘတ်ဂျက်မူကြမ်းဟာ ဒီမိုကရက်တွေ သုံးချင်ရာသုံးနိုင်အောင်ခွင့်ပေးမယ့် ဥပဒေကြမ်းဖြစ်တယ်လို့ဖော်ပြပြောဆိုပြီး မတူတဲ့ယာယီအသုံးစရိတ်မူကြမ်းကိုအတည်ပြုဖို့ Trump ရော ရွေးကောက်ခံ ဒုသမ္မတ JD Vance ကပါ ပြောကြားခဲ့ကြပါတယ်။ လက်ရှိအတိုင်း ယာယီအသုံး စရိတ်အနေနဲ့ပဲ ဆက်သွားဖို့၊ အရေးပေါ်ကယ်ဆယ်ရေးအသုံးစရိတ်ကို ပိုအာရုံစိုက်ဖို့နဲ့ ပြည်ထောင်စု အစိုးရအသုံးစရိတ်တိုးမြှင့်ဖို့ Trump ရော Vance ကပါ ပြောခဲ့ကြပါတယ်။
အစိုးရလုပ်ငန်းတွေထိရောက်စေရေးကြီးကြပ်ဖို့ တာဝန်ပေးမယ်လို့ Trump ပြောထားတဲ့ ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်Elon Musk ကလည်း လက်ရှိသဘောတူထားတဲ့မူကြမ်းကို အတည်ပြုတဲ့ အောက်လွှတ်တော်အမတ်တွေကို နောက်တကြိမ်မဲမပေးဘဲ ရာထူးကနေဖယ်ရှားသင့်တယ်လို့ ပြောပြီး ဖိအားပေးနေပါတယ်။ အင်္ဂါနေ့က ညှိနှိုင်းရေးမှူးတွေသဘောတူထားတဲ့ မူကြမ်းက ၂၀၂၅ မတ်လ ၁၄ ရက်နေ့အထိ ပြည်ထောင်စုအစိုးရလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ဖြစ်ပါတယ်။ တကယ်လို့ အသုံးစရိတ် မူကြမ်းကို အချိန်မီအတည်မပြုနိုင်လို့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရမယ်ဆိုရင် အောက်လွှတ်တော် Republican အမတ်တွေရဲ့ အပြစ်ဖြစ်လိမ့်မယ်လို့ အောက်လွှတ်တော် Democratic ပါတီခေါင်းဆောင် Hakeem Jeffries ကပြောကြားထားပါတယ်။
အစိုးရလုပ်ငန်းတွေ လည်ပတ်ဖို့ လက်ရှိအတည်ပြုထားတဲ့ အသုံးစရိတ်က သောကြာနေ့အထိပဲမို့ အသုံးစရိတ်အသစ်ကို လွှတ်တော်မှာ အတည်မပြုနိုင်ရင် အစိုးရလုပ်ငန်းတချို့ကို ယာယီရပ်ဆိုင်းထားရမယ့် အခြေအနေဖြစ်နေပါတယ်။
Your browser doesn’t support HTML5