[Zawgyi/Unicode]
အမေရိကန်ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဒီမိုကရက်အမတ်တွေ ဦးဆောင်ထားတဲ့ အောက်လွှတ်တော်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ ဒီသီတင်းပတ်ထဲ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်နေကြပါတယ်။
ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အဓိက အဆိုပြုချက် အတော်များများကို လွှတ်တော်နှစ်ရပ်စလုံး သဘောတူကြပေမယ့် ကွဲလွဲချက်တွေလည်း ရှိနေပါတယ်။ မေလနှောင်းပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လူမည်းအမျိုးသား Georgy Floyd သေဆုံးခဲ့တဲ့အပေါ် မကျေနပ်မှုကြောင့် အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာပါ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ရာက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဖိအားတွေလည်း တိုးလာခဲ့တာပါ။
SEE ALSO: ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး သမ္မတထရမ့် အမိန့်ထုတ်မည်ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီက လွှတ်တော်အမတ်တွေကြား အဓိက သဘောထား ကွဲလွဲနေကြတဲ့ အထဲမှာတော့ ရဲတပ်ဖွဲ့ဝင်တွေကို အလွယ်တကူ တရားစွဲဆို အရေးမယူနိုင်အောင် အကာအကွယ်ပေးထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပယ်ဖျက်သင့်-မသင့် ဆိုတာလည်း ပါဝင်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို အကာအကွယ်ပေးထားတဲ့ ပြဌာန်းချက်ကို ဒီမိုကရက်အမတ်တွေက ပယ်ဖျက်ဖို့ ဆန္ဒရှိနေပေမယ့် သမ္မတ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေကတော့ ဆန့်ကျင်နေတာပါ။
သမ္မတ Donald Trump
သမ္မတ Donald Trump ကလည်း အမေရိကန်ရဲတပ်ဖွဲ့ကို ပျက်စီးစေမယ့် ဥပဒေမူကြမ်းတရပ်ကို ဒီမိုကရက်တွေ အတည်ပြုဖို့ ကြိုးပမ်းနေတယ်ဆိုပြီး တွစ်တာလူမှုကွန်ရက်မှာ မနေ့တုန်းကပဲ ရေးသားဝေဖန်ခဲ့ပါတယ်။
ဒီလိုမဖြစ်အောင် ရီပတ်ဘလစ်ကန်အမတ်တွေ ကာကွယ်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အမေရိကန်ပြည်သူပြည်သားတွေ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ကို အကာအကွယ်ပေး တန်ဖိုးထားရမယ်လို့လည်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။
Your browser doesn’t support HTML5
ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းတွေ ကန်လွှတ်တော်မှာ မဲခွဲဖို့ရှိ
[Unicode Version]
SEE ALSO: အမေရိကန်လူ့အခွင့်အရေးကိစ္စ ကုလလူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးမည်ရဲတပျဖှဲ့ဝငျတှကေို အကာအကှယျပေးထားတဲ့ ပွဌာနျးခကြျကို ဒီမိုကရကျအမတျတှကေ ပယျဖကြျဖို့ ဆန်ဒရှိနပေမေယ့ျ သမ်မတ ရီပတျဘလဈကနျ ကိုယျစားလှယျတှကေတော့ ဆန့ျကငြျနတောပါ။