ကန်စစ်တပ်ကို နိုင်ငံရေးအရ အသုံးချမှု ကာကွယ်ရေးတာဝန်ရှိသူတွေ သဘောမတူ

Washington မြို့ သမ္မတ အိမ်ဖြူတော်အနီးမှာ တွေ့ရတဲ့ ဆန္ဒပြပွဲက မြင်ကွင်း။ (ဇွန် ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ရဲအရာရှိတွေ ရက်ရက်စက်စက် လုပ်မှုကို ဆန့်ကျင်တဲ့ အမေရိကန်တဝန်းက ဆန္ဒပြမှုတွေကိုနှိမ်နှင်းဖို့ စစ်တပ်ကို နိုင်ငံရေးအရ အသုံးချနေတဲ့အပေါ် အမေရိကန်ကာကွယ်ရေးဆိုင်ရာ လက်ရှိတာဝန်ရှိသူတွေရော အရင်တာဝန်ယူခဲ့သူတွေကပါ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေကြပါတယ်။

အမေရိကန်အားလုံးကို တသားထည်းဆက်ဆံဖို့ လိုအပ်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စုဝေးခွင့်ရှိတယ်ဆိုတဲ့ ဖွဲ့စည်းပုံပါ အခွင့်အရေးကို အကာအကွယ်ပေးရမယ်ဆိုတာကို ထောက်ပြနေကြတာပါ။

စစ်မှုထမ်းတယောက် တာဝန်ကို အပြည့်အဝ လိုက်နာတယ်ဆိုရင်ဖွဲ့စည်းပုံကို ကာကွယ်ဖို့ ပြုထားတဲ့ ကတိသစ္စာကို အလေးထားဖို့လိုအပ်ကြောင်းနဲ့ ခွဲခြားဆက်ဆံမှုတွေ အကြမ်းဖက်မှုကို အလွယ်တကူ လုပ်တာမျိုးတွေအပေါ် သည်းခံလို့ မရဘူးလို့ ပြည်တွင်းလုံခြုံရေး အရန်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Joseph Lengyel ကပြောကြားပါတယ်။

ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌဟောင်း Mike Mullen

အမေရိကန်ပြည်နယ် ၃၁ မှာ ဆန္ဒပြမှုတွေကို ကူညီထိန်းဖို့ ပြည်တွင်း လုံခြုံရေးအရန်တပ်ဖွဲ့တွေကို ဖြန့်ချထားချိန်မှာ သူကခုလိုပြောခဲ့တာပါ။ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌဟောင်း Mike Mullen ကလည်း ယူနီဖောင်းဝတ် စစ်မှုထမ်းတွေရဲ့ ကျွမ်းကျင်မှု အမိန့်နာခံမှုအပေါ် ယုံကြည်မှု အပြည့်အဝရှိပေမဲ့ သူတို့ကိုအမိန့်ပေးမယ့် စစ်သေနာပတိချုပ်က ကောင်းကောင်းအမိန့်ပေးပါ့မလားဆိုတဲ့အပေါ်တော့ သိပ်အယုံအကြည်မရှိဘူးလို့ The Atlantic မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။

အမေရိကန်လမ်းမတွေပေါ်မှာ စစ်သားတွေအများအပြားချထားတဲ့အပေါ် သူလက်မခံနိုင်ကြောင်းလည်း ရေးသားထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း Jim Mattis ကလည်း အမေရိကန်ပြည်သူတွေရဲ့ ဖွဲ့စည်းပုံပါအခွင့်အရေးကို ကာကွယ်ပါမယ်လို့ ကတိသစ္စာပြုထားတဲ့ သူ့အနေနဲ့ ဘယ်လိုအခြေအနေမျိုးနဲ့မှ ဒီကတိဖျက်တဲ့ အမိန့်မျိုး ပေးမှာ မဟုတ်ကြောင်း အထူးသဖြင့် သမ္မတ တယောက် ရဲရဲတင်တင်း ဓာတ်ပုံတပုံရိုက်နိုင်ဖို့အတွက် ပိုတောင်ပေးမှာ မဟုတ်ကြောင်း The Atlantic မဂ္ဂဇင်းထဲမှာပဲ ရေးသားထားပါတယ်။

အမေရိကန် သမ္မတ Donald Trump နဲ့ ကာကွယ်ရေးဝန်ကြီး Mark Esper

တနင်္လာနေ့တုန်းက အိမ်ဖြူတော်ထဲကနေ သမ္မတ လမ်းလေ ျှာက်ထွက်လာပြီး အနားက ဘုရားကျောင်းကို မသွားခင် အနားတဝိုက် ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို မျက်ရည်ယိုဗုံးတွေသုံးလူစုခွဲခဲ့တဲ့အပေါ် Pentagon စစ်ဌာနချုပ်အကြီးအကဲတချို့က ကန့်ကွက်ခဲ့ကြပါတယ်။

သမ္မတရဲ့နောက်မှာ ကာကွယ်ရေးဝန်ကြီး Mark Esper လည်း ပါပါတယ်။ကာကွယ်ရေးဝန်ကြီး Esper ကတော့ အဆိုးဆုံးအခြေအနေရောက်မှ စစ်တပ်ကို အသုံးပြုသင့်ပြီး လောလောဆယ် အဲဒီအခြေအနေ မရောက်သေးဘူးလို့ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန်စစ်တပ်ကို နိုင်ငံရေးအရ အသုံးချမှု ကာကွယ်ရေးတာဝန်ရှိသူတွေ သဘောမတူ

[Unicode Version]




SEE ALSO: George Floyd သေဆုံးမှု ရဲတွေ တရားစွဲခံရတဲ့အပေါ် ဆန္ဒပြသူတွေကြိုဆို





