[Zawgyi/Unicode]
အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲ က်င္းကေနတာနဲ႔အတူ Twitter, Facebook စတဲ့လူမႈကြန္ယက္ေတြနဲ႔ Online ေပၚမွာ အခ်က္အလက္႐ွာေဖြေပးတဲ့ Google website တို႔က ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ သတင္းမွားေတြ မျပန္႔ေရးအတြက္ ေစာင့္ၾကည့္ၿပီး အခ်က္အလက္အမွားေတြကို တားဆီးႏိုင္ဖုိ႔ ေဆာင္႐ြက္ေနၾကပါတယ္။
ႏိုင္ငံျခားအစိုးရေတြအတြက္ ေဆာင္႐ြက္သူေတြက ဒီလူမႈကြန္ယက္ေတြ၊ website ေတြကိုသံုးၿပီး ၂၀၁၆ အေမရိကန္ ေ႐ြးေကာက္ပြဲ ရလဒ္ေတြ အေျပာင္းအလဲျဖစ္ေအာင္ သတင္းမွားေတြျဖန္႔ခဲ့တဲ့ အေထာက္အထားေတြ ႐ွိထားတာေၾကာင့္ အခုတေခါက္ေ႐ြးေကာက္ပဲြမွာ ထပ္မျဖစ္ေအာင္ ကာကြယ္ဖို႔ လူမႈကြန္ယက္ကုမၸဏီႀကီးေတြ ႀကိဳးစားေနၾကတာျဖစ္ပါတယ္။
SEE ALSO: ေရြးေကာက္ပဲြေနာက္ရက္ မဲေရတြက္မႈ အၾကမ္းဖက္မႈေတြ ရွိလာႏိုင္ Trump သတိေပးTwitter လူမႈကြန္ယက္ေပၚမွာ ေရးသားေဖာ္ျပၾကတဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ ကိစၥေတြနဲ႔ပါတ္သက္လို႔ တခ်ဳိ႕အခ်က္ေတြ မွားတယ္ဆုိတာမ်ဳိး Twitter က လုပ္ေပးထားသလို ေ႐ြးေကာက္ပြဲ တရားဝင္ရလဒ္ ထြက္မလာေသးခင္ ကိုယ္စားလွယ္ေလာင္းေတြဘက္က သူတို႔အႏုိင္ရတယ္ဆိုတဲ့ ေဖာ္ျပခ်က္မ်ဳိး Twitter ေပၚမွာ ေရးသားခြင့္မျပဳဘူးလုိ႔ Twitter ကုမၸဏီက ေျပာၾကားထားပါတယ္။
Facebook ကလည္း break-glass လို႔ဆိုတဲ့နည္းနဲ႔ သတင္းမွားေတြကို တံု႔ျပန္မယ္လို႔ ေျပာထားပါတယ္။ အတိအက်ဘယ္လိုလုပ္သလဲ မေျပာေပမဲ့ သီရိလကၤာနဲ႔ ျမန္မာႏိုင္ငံတို႔မွာ လုပ္သလို ေ႐ြးေကာက္ပဲြဆိုင္ရာ အခ်က္အလက္အမွားေတြ၊ အၾကမ္းဖက္မႈအားေပးတဲ့ အသံုးအႏႈန္းေတြပါတဲ့ Post ေတြကို ေဖာ္ျပလို႔ မရေအာင္ ဖယ္႐ွားတာ၊ သတင္းမွား Post ေတြ ထပ္ဆင့္ေဖာ္ျပလို႔ မရေအာင္လုပ္တာမ်ဳိး Facebook ကေဆာင္႐ြက္လိမ့္မယ္လို႔ Wall Street Journal သတင္းမွာ ေဖာ္ျပပါတယ္။
Your browser doesn’t support HTML5
ကန္ေရြးေကာက္ပဲြအခ်က္အလက္ လူမႈကြန္ယက္မီဒီယာေတြေစာင့္ၾကပ္မည္
[Unicode Version]
ကန်ရွေးကောက်ပွဲအချက်အလက် လူမှုကွန်ယက်မီဒီယာတွေစောင့်ကြပ်မည်
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းကနေတာနဲ့အတူ Twitter, Facebook စတဲ့လူမှုကွန်ယက်တွေနဲ့ Online ပေါ်မှာ အချက်အလက်ရှာဖွေပေးတဲ့ Google website တို့က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ မပြန့်ရေးအတွက် စောင့်ကြည့်ပြီး အချက်အလက်အမှားတွေကို တားဆီးနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။
နိုင်ငံခြားအစိုးရတွေအတွက် ဆောင်ရွက်သူတွေက ဒီလူမှုကွန်ယက်တွေ၊ website တွေကိုသုံးပြီး ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေ အပြောင်းအလဲဖြစ်အောင် သတင်းမှားတွေဖြန့်ခဲ့တဲ့ အထောက်အထားတွေ ရှိထားတာကြောင့် အခုတခေါက်ရွေးကောက်ပွဲမှာ ထပ်မဖြစ်အောင် ကာကွယ်ဖို့ လူမှုကွန်ယက်ကုမ္ပဏီကြီးတွေ ကြိုးစားနေကြတာဖြစ်ပါတယ်။
SEE ALSO: အေမရိကန္ သမၼတေရြးေကာက္ပဲြနဲ႔ ျမန္မာႏြယ္ဖြား မဲဆႏၵရွင္မ်ားTwitter လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြကြတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ပါတ်သက်လို့ တချို့အချက်တွေ မှားတယ်ဆိုတာမျိုး Twitter က လုပ်ပေးထားသလို ရွေးကောက်ပွဲ တရားဝင်ရလဒ် ထွက်မလာသေးခင် ကိုယ်စားလှယ်လောင်းတွေဘက်က သူတို့အနိုင်ရတယ်ဆိုတဲ့ ဖော်ပြချက်မျိုး Twitter ပေါ်မှာ ရေးသားခွင့်မပြုဘူးလို့ Twitter ကုမ္ပဏီက ပြောကြားထားပါတယ်။
Facebook ကလည်း break-glass လို့ဆိုတဲ့နည်းနဲ့ သတင်းမှားတွေကို တုံ့ပြန်မယ်လို့ ပြောထားပါတယ်။ အတိအကျဘယ်လိုလုပ်သလဲ မပြောပေမဲ့ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့မှာ လုပ်သလို ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်အမှားတွေ၊ အကြမ်းဖက်မှုအားပေးတဲ့ အသုံးအနှုန်းတွေပါတဲ့ Post တွေကို ဖော်ပြလို့ မရအောင် ဖယ်ရှားတာ၊ သတင်းမှား Post တွေ ထပ်ဆင့်ဖော်ပြလို့ မရအောင်လုပ်တာမျိုး Facebook ကဆောင်ရွက်လိမ့်မယ်လို့ Wall Street Journal သတင်းမှာ ဖော်ပြပါတယ်။