Mueller အစီရင်ခံစာအပြည့် ထုတ်ပြန်ပေးဖို့ ရှေ့နေချုပ်ကို အောက်လွှတ်တော် တောင်းဆို

အမေရိကန် တရားလွှတ်တော် ရှေ့နေချုပ် William Barr

အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ ဆက်နွယ်မှုဆိုင်ရာ စုံစမ်းတဲ့ အထူးစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အမေရိကန် တရားလွှတ်တော် ရှေ့နေချုပ် William Barr က အင်္ဂါနေ့ လွှတ်တော်ကြားနာပွဲမှာ ထုတ်ဖေါ်ပြောဆိုဖို့ ငြင်းဆိုခဲ့ပေမယ့် လာမယ့် သီတင်းတပတ် အတွင်း ဒီအစီရင်ခံစာပါ အချက်လက် ကောက်နှုတ်ချက် အသစ်ကို ထုတ်ပြန်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

အထူးစစ်ဆေးရေးမှူး Mueller ရဲ့ အစီရင်ခံစာကောက်နှုတ်ချက် အကျဉ်းချုပ်ကို ထုတ်ပြန်ပေးခဲ့ချိန် ကစပြီး ဒီမိုကရက်တွေရဲ့ ဝိုင်းဝန်းဝေဖန်မှုကို ခံနေရတဲ့ ရှေ့နေချုပ်ဟာ အခု ပထမဆုံးအဖြစ် အောက်လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရက်တွေက ရှေ့နေချုပ်ဟာ သမ္မတ Donald Trump ကို အကာကွယ်ပေးနေတယ်လို့ ဝေဖန်ကြပါတယ်။

အောက်လွှတ်တော် အသုံးစားရိတ် ခွဲဝေချထားရေး ကော်မတီ ဥက္ကဌ Nita Lowey ကတော့ ရှေ့နေချုပ် Barr ထုတ်ပြန်ခဲ့တဲ့ ကောက်နှုတ်ချက်ဟာ သမ္မတ Trump မနစ်နာအောင် လုပ်နေတဲ့ အနေထားမျိုး တွေ့နေရတာကြောင့် အဖြေထွက်လာမယ့်အစား မေးခွန်းတွေသာ ထပ်ပြီး တိုးလာစေဆယ်လို့ ပြောပါတယ်။

ဒါ့အပြင် နယူးရောက်ပြည်နယ် ဒီမိုကရက်အမတ်ဖြစ်သူ Lowey က ရှေ့နေချုပ် Barr ရဲ့ ထုတ်ပြန်ချက်ဟာ အထင်ကြီးစေမယ့်အစား သံသယတွေ ပိုဝင်လာ စေတာကြောင့် အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

Your browser doesn’t support HTML5

Mueller အစီရင်ခံစာအပြည့် ထုတ်ပြန်ပေးဖို့ ရှေ့နေချုပ်ကို အောက်လွှတ်တော် တောင်းဆို