သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mueller အစီရင်ခံစာအပြည့် တောင်းခံဖို့ အောက်လွှတ်တော်ကော်မတီ ကြိုးပမ်း


 ကော်မတီဥက္ကဌ Jerrold Nadler
ကော်မတီဥက္ကဌ Jerrold Nadler

အမေရိကန်အောက်လွှတ်တော်မှာ အများစုရထားတဲ့ ဒီမိုကရက် အမတ်တွေက ရုရှားရဲ့၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ထဲ ဝင်စွက်ခဲ့မှု ဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံနဲ့၊ ယခင်အိမ်ဖြူတော်အရာရှိဟောင်း (၅) ဦးထွက်ဆိုချက်ထားတွေကို ထုတ်ပြန်ပေးရေး တရားရေး ကော်မတီ ဥက္ကဋ္ဌ ဆင့်ခေါ်စာပို့နိုင်ဖို့ ဒီအပတ်ထဲ ကြိုးပမ်းဖို့ရှိနေပါတယ်။

တကယ်တော့ ဒီ အောက်လွှတ်တော်ရဲ့ တရားရေးဆိုင်ရာ ကော်မတီအနေနဲ့ စာမျက်နှာ ၄၀၀ ခန့်ပါတဲ့ ဒီ အစီရင်ခံစာအပြည့်အစုံနဲ့ သက်ဆိုင်ရာ အထောက်အထား တွေကို အင်္ဂါနေ့နောက်ဆုံးထား ထုတ်ပြန်ပေးဖို့ တောင်ဆိုထား ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ရှေ့နေချုပ် William Barr ကတော့ ဧပြီ လလယ်ကျမှ ဒီအစီရင်ခံစာ ထုတ်ပြန်ပေးနိုင်မယ်လို့ ပြီးခဲ့တဲ့ အပတ်ကပဲ ပြန်ပြောထားပါတယ်။

နောက်ဆုံးသတ်မှတ်ထားတဲ့ အခုအင်္ဂါနေ့မှာ ဒီအစီရင်ခံစာ ထုတ်ပြန်ပေးဖို့ အလားအလာမရှိချိန်မှာ၊ အောက်လွှတ်တော် တရားရေးကော်မတီအနေနဲ့ ဗုဒ္ဓဟူးနေ့ကျရင် ဒီ ဆင့်ခေါ်စာထုတ်ပြန်ရေး ကော်မတီဥက္ကဌ Jerrold Nadler ကို လိုအပ်သလို လုပ်နိုင်ရေး လုပ်ပိုင်ခွင့်ပေးဖို့ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။

ဒီအစီရင်ခံစာအပြည့်အစုံအပြင် သမ္မတ Donald Trump ရဲ့ အနီးကပ် အကြံပေးတွေဖြစ်ခဲ့ကြတဲ့ အိမ်ဖြူတော် မဟာဗျူဟာဆိုင်ရာအရာရှိ Steve Bannon၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူး Hope Hicks၊ ပထမဆုံး အိမ်ဖြူတော် အရာရှိချုပ် Reince Priebus၊ အိမ်ဖြူတော် အကြံပေး Donald McGahn နဲ့ McGahn ရဲ့ ရုံးအဖွဲ့မှူး Ann Donaldson စုစုပေါင်း (၅) ဦးတို့ရဲ့ ထွက်ဆိုချက်တွေကိုပါ ထုတ်ပြန်ပေးရေး ဒီတရားရေးဆင့်ခေါ်စာထုတ်ဖို့ ပြင်ဆင်နေပါတယ်။

သမ္မတ Trump အနေနဲ့ ဒီအထူးစုံးစမ်းရေးမှူး Mueller ရဲ့ (၂၂) လ ကြာစုံစမ်းစစ်ဆေးမူတွေ အထမမြောက်ရအောင်၊ ပိတ်ဆို့တားမြစ်ခဲ့ခြင်းရှိမရှိအတွက် ဒီအရာရှိကြီး( ၅) ဦးဟာ အဓိက မျက်မြင်သက်သေတွေဖြစ်ဖို့ အလားအလာများပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG