သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စုံစမ်းရေးမှူး Mueller ကို မဖယ်ရှားနိုင်ရေး အဆိုမူကြမ်း McConnell ပိတ်ပင်ဖွယ်ရှိ


ရီပတ်ဘလစ်ကန် အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell
ရီပတ်ဘလစ်ကန် အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell

အထူးစုံစမ်းရေးမှုး Robert Mueller ကို သမ္မတ Donald Trump ကအလုပ်ကထုတ်မပစ်နိုင်အောင် ဟန့်တားမယ့် မူကြမ်းကို သူ့အနေနဲ့ ကန့်ကွက်တာမျိုးလုပ်ကောင်းလုပ်မယ်လို့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ကပြောပါတယ်။

အဲဒီမူကြမ်းကို မဲခွဲအတည်ပြုရေးအတွက် ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကန်တို့ရဲ့ ကြိုးပမ်းချက်တွေဟာ ပြသနာကို လိုက်ရှာနေတာဖြစ်တယ်လို့ သတင်းထောက်တွေကို အင်္ဂါနေ့က ပြောဆိုခဲ့တာပါ။ Robert Mueller ကို သမ္မတ Trump ကအလုပ်ဖြုတ်မှာ မဟုတ်သလို၊ ဒီနှစ်အတွင်း လွှတ်တော်အနေနဲ့ ဒီနှစ်အတွင်း အပြီးသတ် လုပ်ကိုင်စရာတွေ အတော်များများရှိနေတဲ့အတွက်၊ မယ်မယ်ရရ ရလဒ်တွေထွက်လာမှာ မဟုတ်တဲ့ ကိစ္စနဲ့ အချိန်ကုန်ခံမှာ မဟုတ်ဘူးလို့ Mitch McConnell ကပြောပါတယ်။

အထက်လွှတ်တော် တရားရေးကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့၊ ရာထူးက အနားယူတော့မယ့် အရီဇိုးနားပြည်နယ် ရီပတ်ဘလစ်ကန်အမတ် Jeff Flake ကတော့ Robert Mueller ကို အလုပ်မဖြုတ်နိုင်အောင် ပြဌာန်းထားတဲ့ အဲဒီမူကြမ်းကို လွှတ်တော်တခုလုံး မဲခွဲအတည်ပြုနိုင်ရေးအတွက် Mitch McConnell ကခွင့်မပြုဘူးဆိုရင် သမ္မတ Trump ကရွေးချယ်ထားတဲ့ တရားသူကြီးကို ထောက်ခံမှုမပေးပဲ ကန့်ကွက်သွားမယ်လို့ ခြိမ်းချောက်ပြောဆိုထားပါတယ်။

အထူးစုံစမ်းရေးမှုး Robert Mueller ဟာ၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတ Trump ရဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးသူတွေနဲ့ ရုရှားတို့ ပူးပေါင်းဆောင်ရွက်မှုရှိမရှိဆိုတာကို စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG