သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ ရှေ့နေချုပ် စစ်ဆေးမေးမြန်းခံရ


အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှု ရှိမရှိ ဆက်လက်စုံစမ်းနေမှုရဲ့ အစိတ်အပိုင်း တခုအနေနဲ့ အထူးစုံစမ်းရေးမှုး Robert Mueller ရဲ့ အဖွဲ့က အမေရိကန်ရှေ့နေချုပ် Jeff Sessions နဲ့ FBI အကြီးအကဲဟောင်း James Comey တို့ကို လူတွေ့မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။

The New York Times ရဲ့ အင်္ဂါနေ့မှာ ဖေါ်ပြချက်မှာတော့ ရှေ့နေချုပ် Sessions ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ နာရီအတော်ကြာအောင် အမေးမြန်းခံခဲ့ရပြီး ဒါဟာ မစ္စတာ Comey ရဲ့ Trump နဲ့ ဆက်သွယ်မှုဆိုင်ရာ ရေးထားတဲ့ မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး မနှစ်က မစ္စတာ Comey ကို မေးမြန်းခဲ့တာတွေနဲ့ သက်ဆိုင်တဲ့ မစ္စတာ Muller ရဲ့ စုံစမ်းမှု တစိတ်တပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။

တရားရေးဌာန ပြောခွင့်ရ Ian Prior ကတော့ ရှေ့နေချုပ် Sessions ကို အထူးစုံစမ်းရေးမှုး Mueller က တွေ့ဆုံမေးမြန်းခဲ့တယ် ဆိုတာကို အတည်ပြုပေမယ့် အသေးစိတ်ကိုတော့ ဖွင့် မပြောပါဘူး။

မေးမြန်းစုံစမ်းမှုတွေမှာ အတူလိုက်ပါခဲ့တဲ့ ရှေ့နေချုပ် Sessions ရဲ့ ရှေ့နေဖြစ်သူ Chuck Cooper ကလည်း တစုံတရာ မှတ်ချက်ပေး မပြောဆို ခဲ့ပါဘူး။

FBI အကြီးအကဲဟောင်း James Comey အတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ နယူးယောက် ရှေ့နေရုံးက David N. Kelley ကလည်း စုံစမ်းရေးမှုး Muller ရုံးက မစ္စတာ Comey ကို မေးမြန်းခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး အတည်ပြုချက် မပေးသလို ငြင်းဆိုတာလည်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG