ယူကရိန်းသမ္မတ G 7 ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

Ukraine's President Volodymyr Zelensky (L) is welcomed by France's President Emmanuel Macron

ယူကရိန်းသမတ ဗလိုဒီမာ ဇာလင်းစကီး ဟာ G7 စက်မှုစီးပွားအင်အားကြီး ၇ နိုင်ငံရဲ့ ထိပ်သီးအ စည်းအဝေးကျင်းပရာ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို စနေနေ့က ရောက်ရှိသွားပြီးအစည်း ဝေးကိုရောက်ရှိနေတဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်းသမ္မတ G 7 ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

ယူကရိန်းသမတ Velodymar Zelensky ဗလိုဒီမာ ဇာလင်းစကီး ဟာ G7 စက်မှုစီးပွားအင်အားကြီး ၇ နိုင်ငံရဲ့ ထိပ်သီးအ စည်းအဝေးကျင်းပရာ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို စနေနေ့က ရောက်ရှိသွားပြီး၊ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်အပါအဝင်အစည်း ဝေးကိုရောက်ရှိနေတဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

“ G7 အစည်းအဝေးမတိုင်မီ ပထမဆုံးနေ့အဖြစ်၊ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ မဟာမိတ်တွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေလုပ်ပြီး၊ ဂျက်လေယဉ်တွေကိစ္စ၊ လေကြောင်းရန်ကာကွယ်ရေး၊ လက်နှက်ခဲယမ်းကိစ္စတွေအပါအဝင်၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအသစ်တွေအတွက်ကျနော်တို့ပြင်ဆင်ပါတယ်။ ယူကရိန်း အရေးအတွက် ကူညီဖို့ များနိုင်သမျှ နိုင်ငံတွေ၊ နိုင်ငံခေါင်းဆောင်တွေကို ဆွေးနွေးတိုက်တွန်းပါတယ်” လို့ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့အပြီးမှာ သမတဇာင်းစကီးကပြောဆိုခဲ့တာပါ။

သမတ ဇာလင်းစကီးဟာ ဗြိတိန်ဝန်ကြီးချုပ် Rishi Sounak ရစ်ရှိစွန်းနက်၊ ပြင်သမတ မက်ခရွန်Macron၊ ဂျာမဏီဝန် ကြီးချုပ် အိုလှဖ်ရှော Olaf Scholz တို့နဲ့ စနေနေ့ကတွေ့ဆုံခဲ့ပြီး၊ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ အမေရိကန်သမတ ဂျိုးဘိုင်ဒင်နဲ့တွေ့ဆုံဖို့ရှိပါတယ်။

ယူကရိန်းအနေကို F ၁၆တိုက်လေယဉ်တွေထောက်ပံ့ပေးဖို့နဲ့ အသုံးပြုနိုင်အောင်လေ့ကျင့်ပေးသွားဖို့ အမေရိကန် အပါအဝင် G7 ခေါင်းဆောင်တွေကတိပြုပြောဆိုထားပါတယ်။

ယူကရိန်းသမတ ဇာလင်းစကီးနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့လည်းတွေဆုံခဲ့ပါတယ်။ အိန္ဒိယဟာ ရုရှားနဲ့ရေရှည် ဆက်ဆံ လာခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုဒီကတော့ ယူကရိန်းကိုကူညီသွားမယ်လို့ အခိုင်မာပြောဆိုခဲ့ပြီး ဒိကိစ္စကို စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်ဆိုတာထက်၊ လူသားကိစ္စ၊ လူသားခြင်းစာနာမှုဆိုင်ရာကိစ္စလို့ ရှုမြင်တယ်လို့ပြောဆို ခဲ့ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းသမ္မတ G 7 ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ