တူရကီမှာ ငလျင်ဒဏ်က အသက်မသေကျန်ရစ်သူတချို့ ထပ်မံတွေ့ရှိ

Turkey Syria Earthqauke

[[Zawgyi/Unicode]]

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သီတင်းတပတ်ကျော်အကြာ တနင်္လာနေ့မှာလည်း အပျက်အစီးတွေကြားကနေ အသက်ရှင်လွတ်မြောက်သူတွေကို တူရကီကယ်ဆယ်ရေး သမားတွေ ဆွဲထုတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အသက်ရှင်လွတ်မြောက်သူတွေ ထပ်ပြီး တွေ့ရဖို့ မျှော်လင့်ချက်ကတော့ နည်းလာနေပါတယ်။

Gaziantep ပြည်နယ် Islahiye မြို့မှာ အသက် ၄၀ အရွယ် အမျိုးသမီးတဦးကို ကယ်တင်နိုင်ခဲ့သလို Hatay ပြည်နယ်မှာတော့ အပျက်အစီးပုံကြားမှာ ၁၈၂ နာရီ ရှာဖွေအပြီးမှာတော့ အသက် ၁၃ နှစ်အရွယ် ယောက်ကျားလေးတဦးကို ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ တနင်္လာနေ့မှာ အသက်ရှင်လွတ်မြောက်လာသူတွေကို ကယ်ဆယ်နေတဲ့မြင်ကွင်းတွေကို တူရကီ ရုပ်သံကလည်း ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမဲ့ အဆောက်အအုံပျက်တွေထဲမှာ နောက်ထပ် အသက်ရှင်လွတ်မြောက်သူတွေ ထပ်ပြီး ရှာဖွေနိုင်ဖို့ မျှော်လင့်ချက်ကတော့ နည်းသွားပြီလို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေရေးအတွက် အစိုးရဘက်က ထိထိရောက်ရောက် မလုပ်ဘူးလို့ Samandag နဲ့ Hatay တို့က ဒေသခံတွေက ပြောပါတယ်။ ကူညီဆောင်ရွက်သူတွေနဲ့ ရပ်ရွာတွင်းက ရှာဖွေကယ်ဆယ်ရေးလုပ်နေရပြီး အစိုးရကမလုပ်ဘူးလို့ ငလျင်ဒဏ်က လွတ်မြောက်လာသူတဦးက ဗွီအိုအေ တူရကီဌာနကိုပြောပါတယ်။

Gaziantep ဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအနည်းဆုံး ၃၁,၆၄၃ ဦးရှိကြောင်း တူရကီအာဏာပိုင်တို့ကလည်း ပြောဆိုထားပါတယ်။ တူရကီရဲ့ တဖက် နယ်စပ်မှာရှိတဲ့ ဆီးရီးယားမြောက်ပိုင်းဒေသမှာတော့ သေဆုံးသူ ၄,၃၀၀ နဲ့ ဒဏ်ရာရသူ ၇,၆၀၀ ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာတာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

တူရကီမှာ ငလျင်ဒဏ်က အသက်မသေကျန်ရစ်သူတချို့ ထပ်မံတွေ့ရှိ.mp3

===============

[[Unicode]]

တူရကီမှာ ငလငြျဒဏျက အသကျမသကေနြျရဈသူတခြို့ ထပျမံတှေ့ရှိ



