အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြားဖြစ်နေတဲ့ စစ်ပွဲကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်းထိခိုက်နေပါတယ်။ အီဂျစ်နဲ့ လက်ဘနွန်နိုင်ငံတွေက ခရီးသွားလုပ်ငန်း အခြေအနေတွေကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးအာမခံဝယ်ဖို့ အခက်အခဲဖြစ်နေသူတွေ၊ ကျန်းမာရေးထောက်ပံ့မှုရဖို့ စာရွက်စာတမ်း မရှိသေးသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုရအောင် AACF ဆိုတဲ့ NGO အဖွဲ့က ကူညီပေးနေပါတယ်။ AACF က ကိုမင်းရှိန်ကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
မျိုးသုဉ်းတော့မယ့် အခြေအနေကြုံနေတဲ့ ကိုဝါလာလေးတွေကို ဧည့်သည်တွေအနေနဲ့ ဓါတ်ပုံတွဲရိုက်တဲ့ ချစ်စရာ အကောင်လေးတွေထက် တောရိုင်းသတ္တဝါလေးတွေအဖြစ် ကာကွယ်စောင့်ရှောက်နိုင်အောင် ဩစတေးလျမှာ ကြိုးစားနေတာမို့ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အမေရိကန်နိုင်ငံသားတွေစုပြီး ဒုက္ခသည်ခေါ်ယူနိုင်တဲ့ Welcome Corps အစီအစဉ်နဲ့ မြန်မာဒုက္ခသည်မိသားတစု အမေရိကန်မှာ အခြေချနိုင်အောင် Sponsor လုပ်ပေးခဲ့ပါတယ်။ ဘယ်လိုအဆင့်ဆင့်လုပ်ခဲ့ရလဲဆိုတာကို အဖွဲ့ထဲက ကိုပီတာလင်းကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ အပိုင်း ၁ အဖြစ် တင်ပြထားပါတယ်။
တရုတ်ပြည်မကြီးနဲ့ မဝေးလှတဲ့ ထိုင်ဝမ်ကျွန်းတခုပေါ်မှာ စစ်ဘေးရန်ရှိနေသေးတယ်ဆိုတာကို အနုပညာလက်ရာတွေနဲ့ ပြသထားပါတယ်။ တရုတ်ပြည်တွင်းစစ်တုန်းက ဘယ်လိုအခြေအနေတွေနဲ့ နေခဲ့ရသလဲဆိုတာ အနုပညာဖန်တီးမှုတွေ၊ အသံတွေ၊ မီးတွေနဲ့ ပြသထားတဲ့ Matsu ကျွန်းကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါမယ်။
မြန်မာနိုင်ငံမှာ သက်ရှိမျိုးစိတ်သစ်တွေ စနစ်တကျရှာဖွေတဲ့နေရာမှာ သာမန်ပြည်သူတွေလည်း ပါဝင်နိုင်တယ်လို့ ကရင်ပြည်နယ်ထဲမှာ ကြွေပန်းမျိုးစိတ်သစ်ကို ဖော်ထုတ်နိုင်ခဲ့သူကပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့ ကရင်ကြွေပန်းကို မှတ်တမ်းတင်ခဲ့သူ မမြဘုန်းမော်ကို မစုမြတ်မွန်ကမေးမြန်းပြီး တင်ပြထားပါတယ်။
စစ်ဘေးရှောင်တွေအတွက် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါး၊ တကိုယ်ရေ သန့်ရှင်းရေး အထောက်အပံ့တွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေတာကြောင့် အကူညီပေးရာမှာ အခက်ခဲကြုံနေရ တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
ကမ္ဘာ့အထင်ကရ အဆောက်အဦးတွေထဲမှာ မြင်လိုက်တာနဲ့ Australia နိုင်ငံကလို့ မှတ်မိနေကြတဲ့ Opera House အဆောက်အဦးကြီးရဲ့သက်တမ်း အနှစ် ၅၀ ပြည့်သွားပါပြီ။ ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်ထားတဲ့ Sydney မြို့က အထင်ကရ အဆောက်အဦိးကြီးဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြရအောင်ပါ။
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်သမားဘဝကနေ အလုပ်သမားအရေးလုပ်သူ ဖြစ်လာတဲ့အကြောင်း မြန်မာအပါအဝင် အရှေ့တောင်အာရှ ၆ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်နေသူတွေ စာအုပ်ထုတ်ဝေထားပါတယ်။ စာအုပ်ရေးသူ ကိုခန့်နေကြည်ကို မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
Harry Potter ရုပ်ရှင်ပရိတ်သတ်တွေအတွက် ရုပ်ရှင်ဇတ်ဝင်ခန်းတွေထဲ ကိုယ်တိုင်ရောက်သွားသလိုဖြစ်အောင် ဖန်တီးပေးထားတဲ့နေရာတခု ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖွင့်ထားပါပြီ။ အာရှကပရိတ်သတ်တွေအတွက်အဓိကလုပ်ထားတဲ့ The Making of Harry Potter ဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
Hamas စစ်သွေးကြွအဖွဲ့နဲ့ Israel ကြားဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းသားအဖွဲ့တွေကွဲပြီးတော့ သဘောထားတွေလည်းကွဲနေကြပါတယ်။George Washington တက္ကသိုလ်က ကျောင်းသူ မမေရှိုင်း ကို မစုမြတ်မွန် မေးမြန်းပြီး လူမူရှုခင်း အစီအစဥ်မှာ တင်ဆက်ထားပါတယ်။
ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင် တိုင်းရင်းသားလက်နက်ကိုင် တိုင်းရင်းသား ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်မြောက်မိုင်းမှာ ဒီနေ့လည်း ဆက်လက်လုပ်နေပါတယ်။
ရောမအင်ပါယာလက်ထက်ကစလို ခေတ်အဆက်ဆက် သမိုင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ Bulgaria နိုင်ငံ Sofia မြို့တော်ကို ကမ္ဘာတဝန်းက ခရီးသွားဧည့်သည်တွေ သွားလည်နေကြပါတယ်။ ထူးခြားတဲ့စွဲဆောင်မှုတွေရှိနေတဲ့ Sofia မြို့ဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းကာလ နောက်ပိုင်းမှာ လုပ်သားဈေးကွက် ကျဆင်းမှုနဲ့အတူ အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ပိုပြီးဆုံးရှုံးလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ မုတ်သုန်မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် မိုးဗြဲရေကာတာ သတ်မှတ်ရေချိန်ကျော်လို့ ဆည်ရေ ဖောက်ချခဲ့တဲ့အတွက် အဲဒီဒေသတဝိုက်က လယ်ယာဧက ထောင်ချီ နစ်မြုပ်ပျက်စီးခဲ့ရသလို နေအိမ်တွေ၊ တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းတွေပါ ရေလွှမ်းပျက်စီးခဲ့ရပါတယ်။
ပါရီမြို့လယ် စိမ်းမြစ်ကမ်းဘေးတလျှောက်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်ထဲက စာအုပ်အဟောင်းဆိုင်တွေ ရှိပါတယ်။ မြို့ရဲ့ သမိုင်းဝင် သင်္ကေတတခုဖြစ်တဲ့ စာအုပ်ဟောင်းရောင်းတဲ့ဆိုင်တွေ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံနေရသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
အမေရိကန်ပြည်ထောင်စုမှာ အဆင့်မြင့်ပညာသင်နိုင်ဖို့ ကျောင်းစရိတ်အကြွေး Student loan ယူထားပြီး အကြွေးပြန်မဆပ်ရင် အကြွေးမဆပ်သူ Default စာရင်းထဲရောက်သွားပါတယ်။ Default ဖြစ်ပြီး ဒုက္ခရောက်နေသူတွေအတွက် အစိုးရဲ့ Fresh Start အစီအစဉ်အကြောင်း မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ရေး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ စီစဉ်ဆောင်ရွက်နေချိန်မှာ မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေရဲ့ နှောက်ယှက်မှုကြောင့် ကြန့်ကြာနေရတယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောပါတယ်။
ဂျပန်နိုင်ငံက ဖူဂျီတောင်ကြီးဆီ သွားလည်သူတွေများလွန်းနေတာကြောင့် တောင်တက်စခန်းတွေမှာ မနိုင်မနင်းအခြေအနေဖြစ်နေပါတယ်။ ဂျပန်တွေ ဘာသာရေးအရလည်း အထွဋ်အမြတ်ထားကြတဲ့ ဖူဂျီတောင်ကြီးမှာ ဘယ်လောက်တောင် စိုးရိမ်စရာဖြစ်နေသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
စိတ်ကူးပေါ်ရာအတိုင်း ရေးခြစ်ဖန်တီးကြတဲ့ Doodle ပန်းချီတွေကို မြန်မာ လူငယ်တွေကြား စိတ်ဝင်စားမှု ပိုများလာတယ်လို့ Doodle ပန်းချီဆရာတွေက ပြောပါတယ်။ တခြားပန်းချီပုံတွေနဲ့ ပုံစံကွဲတဲ့ Doodle ပန်းချီတွေ မြန်မာ့ပန်းချီလောကမှာ ဘယ်လောက်နေရာရနေပါပြီလဲ။ မစုမြတ်မွန်က လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်