နိုင်ငံတွေ သာယာဝပြော တိုးတက်ဖို့ လူတိုင်းပါဝင်နိုင်တဲ့ ဥပဒေမူဘောင်တွေ ခိုင်မာဖို့ အရေးကြီးတယ်ဆိုတာကို သုတေသနပြု ဖော်ထုတ်ခဲ့ကြတဲ့ ပညာရှင်တွေ အခုနှစ်အတွက် Nobel စီးပွားရေးဆု ရရှိခဲ့ကြပါတယ်။
မြန်မာစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်လုပ်နေတဲ့ လှုပ်ရှားမှုမှာ တရုတ်နဲ့ ပဋိပက္ခ မဖြစ်ဖို့ ကြိုးစားရမှာ ဖြစ်ပေမဲ့ ကိုယ့်ရည်မှန်းချက်ကို အထိခိုက်ခံလို့ မရဘူးလို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှဇော်ကျော်ဇောက ပြောပါတယ်။
၁၈ နှစ်အရွယ် နီပေါ တောင်တက်သမား Nima Rinji Sherpa ဟာ ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံး ထိပ်ကိုရောက်ခဲ့တဲ့ကမ္ဘာ့အသက်ငယ်ဆုံး တောင်တက်သမား ဖြစ်သွားပါပြီ။ အောက်တိုဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ၅ နစ်မှာနောက်ဆုံးတောင်ထိပ်ကို ရောက်ရှိခဲ့တာပါ။ AFP သတင်းဆောင်းပါးကို ဦးတင်မောင်သန်းကတင်ပြပေးထားပါတယ်။
မြန်မာ့လက်တွေ့နိုင်ငံရေးမှာ တရုတ်ကို ချန်စဥ်းစားမလား။ တရုတ်ရဲ့ အနေအထားနဲ့ ဆက်ဆံပုံတွေကို နားလည်ပြီး မဟာဗျူဟာ ချမှတ်မလား ဆိုတာဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ ကြုံတွေ့နေရတဲ့ အဓိကအကြောင်းအရာ ဖြစ်ပါတယ်။ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကို ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
မနေ့က ရေပြန်တက်သွားတဲ့အခြေအနေမှာ အရင်ကရေတက်ခဲ့တဲ့ အိမ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ရေပြန်တင်သွားတာ ပေါ့။ ရှင်းပြီးသားဖြစ်တော့ နောက်တကြိမ်ပြန် ပင်ပန်းကြရတာပေါ့။ အကုန်လုံး ပြန်ဝိုင်းရှင်းနေကြတဲ့ အနေအထားမျိုးပေါ့။ ဒါပေမဲ့ တခုသက်သာတာက အရင်လို ရေတက်ရက်ကလည်း မကြာသွားဘူး။" (မြို့သန့်ရှင်းရေးလုပ်အားပေး)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့ညက ကျင်းပခဲ့တဲ့ Democratic ပါတီ ဒုသမ္မတလောင်း Tim Walz နဲ့ Republican ပါတီ ဒုသမ္မတလောင်း J.D. Vance တို့ရဲ့ စကားစစ်ထိုးပွဲနဲ့ သုံးသပ်ချက်တွေကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စက်တင်ဘာ ၁၉ ရက်နေ့က တိုင်းရင်းသားအဖွဲ့ ၉ ဖွဲ့ပေါင်း ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ "ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" ဆိုတဲ့ ရှေ့လုပ်ငန်းစဥ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဩစတြေးလျနိုင်ငံက ကုမ္ပဏီတခုမှာ ဝန်ထမ်းတွေ ကိုယ့်အဖော်ခွေးကို ရုံးခေါ်လာနိုင်ပါပြီ။ ဝန်ထမ်းတွေရဲ့ ခွေးတွေ ရှိတာ ရုံးအတွက် ကောင်းတယ်လို့လည်း ပြောကြပါတယ်။ AP သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြမှာပါ။
ပုံဖျက်ထားတဲ့သတင်း အန္တရာယ်နဲ့ ပတ်သက်လို့ လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ် ကို ဦးတင်မောင်သန်း မေးမြန်းတင်ပြထားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမှာ ကျင်းပခဲ့တဲ့ မသန်စွမ်း အိုလံပစ်မှာ နိုင်ငံတကာက ဒုက္ခသည်တွေကလည်း အသင်းတခုအနေနဲ့ ဝင်ပြိုင်ခဲ့ကြပါတယ်။ မသန်ပေမဲ့ စွမ်းကြသူတွေက သူတို့ အခွင့်အရေးအကြောင်း အိုလံပစ်ပြိုင်ပွဲတွေမှာ ပြောခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေနည်းတဲ့ အခြေအနေမှာ ငြိမ်းချမ်းရေးအတွက် ဘာလုပ်နိုင်ပါမလဲ။ ငြိမ်းချမ်းရေး လေ့လာမှု ဘာသာရပ်နဲ့ ပါရဂူဘွဲ့ရ ဒေါက်တာစိုးမြတ်နွယ်နဲ့ ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
အမေရိကန်ရဲ့ တောင်ဘက် တိုင်းပြည်တွေကနေ ထွက်ပြေးလာကြသူတွေဟာ အရီဇိုးနား ပြည်နယ်ထဲက သဲကန္တာရကို ခြေလျင် ဖြတ်ကျော်ပြီး အမေရိကန်မှာ အခြေချနိုင်ဖို့ ကြိုးစားကြတာပါ။ သူတို့တွေရဲ့ ဒုက္ခ နဲ့ အသက်ဘေးကို ကူညီဖို့ ကြိုးစားကြပုံအကြောင်းကို ရိုက်တာ သတင်းဆောင်းပါး အခြေခံပြီး ဦးတင်မောင်သန်း က တင်ပြထားပါတယ်။
ဘဝတန်ဖိုးနဲ့ စံတန်ဖိုးထားစရာ မူတွေက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ နိုင်ငံရေးမှာ အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီညီလာခံ မိန့်ခွန်းတွေမှာ ပြောသွားကြပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာမှာ ဦးတင်မောင်သန်းက ကောက်နှုတ်တင်ပြထားပါတယ်။
ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးထိပ်ကို ရောက်ခဲ့တဲ့ ကမ္ဘာ့အသက်ငယ်ဆုံး တောင်တက်သမားအဖြစ် မှတ်တမ်းဝင်အောင် နောက်ဆုံးတောင်ကို တက်ဖို့ တရုတ်နိုင်ငံရဲ့ ခွင့်ပြုချက်ကို နီပေါဆယ်ကျော်သက် လူငယ်လေးတယောက် စောင့်နေပါတယ်။ ဒီစက်တင်ဘာလ မှာ ခွင့်ပြုချက်ရဖို့ သူမျှော်လင့်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နေပြည်တော်လာပြီး စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံခဲ့သလို၊ ဘေဂျင်းရောက်လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေကြောင့် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံ ပြောင်းသွားနိုင်ပါသလား။
ဆန္ဒပြပွဲ၊ အဓိကရုဏ်း၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး၊ အစိုးရမူဝါဒတွေက ဒီမိုကရေစီနိုင်ငံမှာ ဘယ်လို ဆက်စပ်ပတ်သက်နေကြပါသလဲ။ ယူကေမှာ ဩဂုတ်လဆန်းက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို အခြေခံပြီး၊ လူ့အခွင့်အရေး ရှေ့နေကိုအောင်နဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
ဖက်ဒရယ် နိုင်ငံရေးစနစ်မှာကော တရားသူကြီးတွေကို ဘယ်လို ခန့်ထားသင့်သလဲဆိုတာတွေကို Legal Aid Network အဖွဲ့ ထူထောင်သူ၊ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး ကို ဦးတင်မောင်သန်းက အပိုင်းနှစ်မှာ မေးမြန်းထားပါတယ်။
တရားရုံးချုပ် အဆုံးအဖြတ်နဲ့ ဒီမိုကရေစီဟာ ဘယ်လိုများ ဆက်စပ်နေပါသလဲ။ နိုင်ငံတကာ တရားရေးစနစ်တွေ၊ တရားရုံးချုပ်နဲ့ သမ္မတတွေရဲ့ ဆက်ဆံရေးအကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး ကို ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
Kamala Harris ရဲ့ မိသားစုဟာ သမရိုးကျမဟုတ်တဲ့ မိသားစုလို့တချို့က ဆိုကြပါတယ်။ အမေရိကန်နိုင်ငံမှာ မိသားစုနဲ့ နိုင်ငံရေး ဘယ်လို အပြန်အလှန် သက်ရောက်နေကြပါသလဲ။ ဒီအပတ် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဥ်မှာ ဦးတင်မောင်သန်းက နိုင်ငံရေးလေ့လာသူ ဦးအောင်မိုးဝင်းကို မေးမြန်းထားပါတယ်။
UK ပြင်သစ် နဲ့ ဥရောပပါလီမန်မှာ ရွေးကောက်ပွဲ ပြီးတဲ့နောက် အမတ်နေရာ အပြောင်းအလဲတွေ ရှိလာပါတယ်။ ဥရောပနိုင်ငံရေး လမ်းကြောင်းကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် ဘယ်လို ရိုက်ခတ်နိုင်ပါသလဲ။ မြန်မာပြည်ဆိုင်ရာ မူဝါဒနဲ့ အကူအညီတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါသလား။
နောက်ထပ်ကြည့်ရှုရန်