ဥရောပမှာ နိုင်ငံခြားသားတွေ လာရောက်အခြေချနေထိုင်တာ လက်မခံချင်သူတွေရှိနေသေးချိန်မှာ ရွှေ့ပြောင်းအခြေချမှုနဲ့ ခိုလှုံခွင့်ဆိုင်ရာစာချုပ်ကို EU ဥရောပသမဂ္ဂနိုင်ငံတွေ ချုပ်ဆိုခဲ့ကြပါတယ်။ ဦီးတင်မောင်သန်းက ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဥ်မှာ တင်ပြထားပါတယ်။
အခုဆက်လက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ ဘယ်လိုများသုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးတင်မောင်သန်းက မူရင်းအသုံးအနှုန်းနဲ့ မူရင်းအာဘော်မပျက် တင်ပြထားပါတယ်။
လူတိုင်းအတွက် စိတ်ကျန်းမာရေး အရေးကြီးပါတယ်။ ဩစတြေးလျနိုင်ငံက မိုင်းမြို့လေးတစ်မြို့မှာ သောကဝေဒနာတွေကို ဖြေလျော့နိုင်ဖို့ မိုင်းလုပ်သားအချို့ ယောဂကျင့်နေကြပါတယ်။ ယောဂကျင့်စဉ်က ဘဝဟန်ချက်တွေကို ထိန်းပေးပါတယ်လို့ မိုင်းလုပ်သားလည်းဖြစ်ပြီး၊ ကျင့်စဉ်ကို ပြပေးနေတဲ့ ယောဂဆရာက ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားသူတွေကို ရဝမ်ဒါနိုင်ငံပို့ရေး အငြင်းပွားစရာအစီအစဉ်ကို ဗြိတိန်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒါက လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးရမယ့် တာဝန်ကို လှစ်လျူရှုရာ ရောက်သလားဆိုတာ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဥ်မှာ ဦးတင်မောင်သန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခ ပြေငြိမ်းရေးအတွက် ဘယ်လို လမ်းစရှာနိုင်မလဲဆိုတာ ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပါရဂူဘွဲ့ရ ဒေါက်တာစိုးမြတ်နွယ် ကို ဦးတင်မောင်သန်းက မေးမြန်းပြီး ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်မှာ တင်ပြထားပါတယ်။
၂၀၂၂ ခုနှစ်မှာ အစားအသောက် ၁.၀၅ ဘီလီယံတန်ကို ဖြုန်းတီးခဲ့တယ်လို့ စားနပ်ရိက္ခာ ပြုန်းတီးမှု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အစီရင်ခံစာ ၂၀၂၄ က ဆိုပါတယ်။ ဒါက ဖွံ့ဖြိုးပြီး တိုင်းပြည်တွေရဲ့ ပြသနာလောက်မဟုတ်ဘူး ဆိုတာကို ကင်ညာမှာ အမှိုက်ထဲပါလာတဲ့ စားကြွင်းစားကျန်တွေကို ပြန်ရောင်းနိုင်တာက ပြနေပါတယ်။
ကျန်းမာရေးအတွက် ဥတုရာသီ သဘာဝပတ်ဝန်းကျင်ကောင်းမှာ နေထိုင်နိုင်ရေးဟာ အခြေခံလူ့အခွင့်အရေး ဖြစ်တယ်လို့ EU ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေး တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ Legal Aid Network ကို တည်ထောင်သူ ဦးအောင်ထူးကို ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဥ်မှာ မေးမြန်းတင်ပြထားပါတယ်။
ဂျာမနီနိုင်ငံက အစ္စရေးကို လက်နက်တင်ပို့လို့ နီကာရာဂွါနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲပါတယ်။ မြန်မာစစ်ကောင်စီကို လက်နက်ပို့နေကြတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတို့ကိုရော လက်နက်တင်ပို့မှုရပ်အောင် ICJ မှာ တရားစွဲနိုင်ပါသလား။
လူမျိုးရေးပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အားလုံးအတူယှဉ်တွဲ နေထိုင်နိုင်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေနဲ့ အမျိုးဘာသာ သာသနာအဖွဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းနိုင်မယ့် လုပ်ရပ်တွေ တူညီနေပါသလား။
ဒီနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ ရာဇဝတ်မှု က မဲပေးသူတွေ အလေးထားတဲ့ ကိစ္စတွေထဲ က တစ်ခု ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင် နဲ့ ဒေါ်နယ်ထရမ့်တို့ က ဒီ ကိစ္စအပေါ် ဘယ်လို ကိုင်တွယ်ကြပါမလဲ။ စကော့ စတန်း Scott Stearns ရဲ့ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က ပြောပြမှာပါ။
၁၀၂၇ စစ်ဆင်ရေးမှာ စစ်တပ်ဘက်က ဘာကြောင့် ရှုံးနေတာပါလဲ။ ဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ အမေရိကန်စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်ကို ဦးတင်မောင်သန်းက မေးမြန်းပြီး တင်ပြထားပါတယ်။
ယူကရိန်စစ်ကို သတင်းလိုက်ကြတဲ့ သတင်းသမားတွေအပေါ် ရုရှားက ပြင်းထန်တဲ့ ဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက် ရုရှားသတင်းထောက်တွေ ဒါဇင်ချီပြီး ထွက်ပြေးခဲ့ကြရပါတယ်။ လူက နိုင်ငံနဲ့ဝေးသွားပေမဲ့ ပြည်ပရောက် သတင်းသမားတွေအနေနဲ့ စိတ်မချရသေးပါဘူး။
စစ်ကြောင့် အမှောင်ထုထဲနေနေရတဲ့ဘဝမှာ ကိုယ်ပိုင်လျှပ်စစ်မီးရဖို့ စစ်ဘေးရှောင် ပါလက်စတိုင်းဆယ်ကျော်သက်လူငယ်လေးက ရှာကြံဖန်တီးလိုက်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်ကြီး အိုင်းစက်နျူတန်ကို ရည်ညွှန်းပြီး ဂါဇာရဲ့ နျူတန်လို့ လူတွေက သူ့ကိုခေါ်လိုက်ကြပါတယ်။ ရိုက်တာသတင်းဆောင်းပါးကို ဦးတင်မောင်သန်းက ပြောပြမှာပါ။
သန္ဓေသားဖျက်ချခွင့်ဟာ အမျိုးသမီးတွေရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်းပြဌာန်းလိုက်ပါတယ်။ သန္ဓေသား ဖျက်ချခွင့်ကို ဖွဲ့စည်းပုံမှာ အခွင့်အရေးတခုအနေနဲ့ ထည့်သွင်းလိုက်တာ ပြင်သစ်နိုင်ငံက ကမ္ဘာမှာ ပထမဆုံး ဖြစ်ပါတယ်။
အာရှမှာ ဒုက္ခသည်လျှောက်ထားသူတွေကို လက်ခံတဲ့ ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒအကြောင်း မြန်မာဒုက္ခသည်အရေးကူညီသူ ဦးအောင်မြတ်ဝင်းကို ဦးတင်မောင်သန်းက မေးမြန်းပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဥ်မှာ တင်ပြထားပါတယ်။
နိုင်ငံပြောင်း အခြေချသူတွေက မူလရှိနေတဲ့ လူမျိုးတွေကို မျိုသွားနိုင်တယ်ဆိုတဲ့၊ မဟာလူမျိုး မျိုကိန်း အယူအဆတွေဟာ လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်ပေးနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က သတိပေးလိုက်ပါတယ်။
အိန္ဒိယကျေးလက်မှာ အိမ်တိုင်းရေရရှိရေး တစ်နိုင်ငံလုံး အစီအစဉ်အရ၊ ရွာကအိမ်တွေမှာ ဘုံဘိုင်တွေ လိုက်တပ်ပေးနေပါတယ်။ ကျေးလက်အသိုက်အဝန်းအတွက် ဒါကဆုလာဘ်ကြီးပါ။ အိန္ဒိယမြောက်ပိုင်းက ရွာတစ်ရွာမှာ ဒီအစီအစဉ်က ရွာသူရွာသားတွေ ကို ဘယ်လိုကူညီနိုင်သလဲဆိုတဲ့အကြောင်း ဦးတင်မောင်သန်းက တင်ပြပါမယ်။
ကမ္ဘာ့ကျားမ ကွာဟချက် အညွှန်းကိန်းတွေအရ နိုင်ငံရေးနယ်ပယ်မှာ ကျားမ တန်းတူရေးကွာဟချက် မြန်မာနိုင်ငံထက်ပိုပြီး ကြီးမားတဲ့နိုင်ငံက ၅ နိုင်ငံပဲ ရှိနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရပြီး၊ ဘာတွေလုပ်ဖို့ လိုပါသလဲ။
ကုလသမဂ္ဂအဆိုအရ ကမ္ဘာ့ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာကို ဖြစ်စေတာက ထုပ်ပိုးမှုပါ။ ထုတ်လုပ်တဲ့ ပလတ်စတစ် သုံးပုံတစ်ပုံ ကို ထုပ်ပိုးရာမှာ သုံးပါတယ်။ လယ်ယာစိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေကနေ အဆိပ်သင့် ဓာတုကင်းပြီး၊ ဆွေးမြေ့မြေဩဇာ ဖြစ်နိုင်မယ့် အစားအစာထုပ်ပိုးပစ္စည်းတွေကို ကင်ညာကုမ္ပဏီတစ်ခုက ထုတ်လုပ်နေပါတယ်။
ဗုဒ္ဓသာသနာတွင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမှာ နှစ် ၁၀၀ လောက် ခေတ်ရှေ့ပြေး အမြော်အမြင်ကြီးမားတဲ့ ဆရာတော် ရှိခဲ့ပေမဲ့ “ဗုဒ္ဓဘာသာအမည်ခံ ဘာသာရေး အဝန်းအဝိုင်းတချို့ကြောင့်” မြန်မာနိုင်ငံ ဟာ ခေတ်နောက်ကျန်နေခဲ့ပါပြီလား။ ဓမ္မကျောင်းတွေကို ထူထောင်ခဲ့သူ ဒေါ်ကေတုမာလာနဲ့ ဆွေးနွေးတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်