မြန်မာနိုင်ငံ တိုင်းရင်းဒေသတွေမှာ အစိုးရတပ်တွေရဲ့ ထိုးစစ်တွေကြောင့် ဒေသခံထောင်သောင်းချီ တောတောင်တွေထဲ ထွက်ပြေးနေကြရသလို ရာသီဥတုဒဏ်၊ ရေသန့်လိုအပ်မှု အစရှိသဖြင့် အခက်အခဲမျိုးစုံကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားနေပါတယ်။ ကုသနည်းကို လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကြားမှာ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ရက်စက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်ရာတွေ ရရှိကြရပါတယ်။ သူတို့ စိတ်ပိုင်းဆိုင်ရာအကူအညီတွေ ဘယ်လိုရရှိနိုင်ပါလဲ။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မိုးတွင်းရောက်လာပြီမို့ ဝမ်းပျက်ဝမ်းလျှောရောဂါကို သတိထား ကာကွယ်သင့်ပါတယ်။ အထူးအဖြင့် စစ်ဘေးတိမ်းရှောင်နေရလို့ တောထဲ လူအများကြီး သွားနေရချိန်မှာ ဘယ်လိုအချက်တွေ သတိထားသင့်ပါလဲ။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
တရားထိုင်တာဟာ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး စိတ်ပင်ပန်းမှုဝေဒနာတွေကို လျော့ပါးစေပါတယ်။ နှလုံးရောဂါတွေကို ပျောက်ကင်းစေတာမျိုး မဟုတ်ပေမဲ့ ဘယ်လို ကောင်းကျိုးရနိုင်ပါသလဲ။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
တရားထိုင်တာဟာ ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အများကြီး အထောက်အကူ ဖြစ်လို့ စိတ်ခွန်အားပေးနိုင်တဲ့ တရားထိုင်တာကို နေ့စဉ်ပြုလုပ်သင့်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
သေနတ်ဒဏ်ရာကြောင့် ခြေလက်အရိုးကျိုးတဲ့အခါ ဒဏ်ရာကိုပတ်တီးစည်းပေးရုံနဲ့ မလုံလောက်တော့ဘဲ သစ်သားချောင်းလိုမျိုး မာကြောတဲ့အရာတစ်ခုခံပြီး ဒဏ်ရာရတဲ့ခြေလက်ကို မလှုပ်နိုင်အောင် ကြပ်စည်းပေးထားဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထား ပါတယ်။
ခြေလက်တွေမှာ သေနတ်ဒဏ်ရာ ရရှိတဲ့အခါ အရိုးကျိုး၊ မကျိုးဆိုတာကို သာမန်လူတစ်ယောက်အနေနဲ့ အချက် ၅ ချက်ပေါ်အခြေခံပြီး ခန့်မှန်းသိရှိနိုင်ပါတယ်။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွင်းမှုလုပ်နေတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကူညီဖို့ အရေးပေါ် ရှေးဦးသူနာပြုစုနည်းတွေကို လူတိုင်းအကြမ်းဖျဉ်းသိရှိထားဖို့ လိုအပ်ပါတယ်။ သိထားသင့်တဲ့ သတင်းအချက်အလက်တွေကို ဘယ်ကရယူနိုင်ပါလဲ။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခြေအနေဆိုးကြီးကြားမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အခြေခံသိထားကြဖို့ အရေးကြီးတာပါ။ ဒါ့ကြောင့် မိသားစုတိုင်း သိထားသင့်တာတွေ ရှာကြည့်နိုင်ဖို့ Democracy Clinic ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ကျန်းမာတဲ့သက်လတ်ပိုင်း လူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ စုစုပေါင်း သွေးထုထည်ပမာဏ ၅ လီတာခန့်ပဲ ရှိတာပါ။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အချိန်တွေမှာ ဒဏ်ရာရရှိသူကို သွေးဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ဂရုစိုက်ပြုစုပေးဖို့ အရေးကြီးပါတယ်။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စိတ်မချမ်းမြေ့စရာတွေ နေ့စဉ်ကြုံတွေ့နေရတာကြောင့် လက်ရှိကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နိုင်ဖို့ စိတ်ကျန်းမာရေးပညာရှင်တွေ အွန်လိုင်းကနေ အကူအညီပေးနေပါတယ်။ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
အကြမ်းဖက်မှုနဲ့ ထိတ်လန့်ခြောက်ခြားမှုတွေဟာ ကလေးငယ်လေးတွေအတွက် ရေတို၊ ရေရှည်ခံစားရမယ့် စိတ်ဒဏ်ရာတွေ ရရှိစေနိုင်တာကြောင့် ဒါကို အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ လိုပါတယ်။ လူကြီးတွေအနေနဲ့ လုပ်ပေးနိုင်တာတွေကို လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိတွေ့ကြုံံနေရတဲ့ အခြေအနေဆိုးတွေကြောင့် လူတိုင်းစိတ်ထိခိုက်မှုဝေဒနာ ဆိုးဆိုးရွားရွား ခံစားနေရတာပါ။ ဒီလို နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေမှာ စိတ်ခွန်အားကောင်းမွန်အောင် ပြုမူနေထိုင်ဖို့ အထူးအရေးကြီးပါတယ်။ ဒေါက်တာသန့်ဇော် လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ မျက်လုံး၊ အရေပြားနဲ့ အသက်ရှူလမ်းကြောင်းတွေကို ဂရုစိုက်ပြုစုပေးဖို့ အရေးကြီးပါတယ်။ ဆေးပညာရှင်တွေပြောပြတဲ့ လုပ်ဆောင်သင့်တာတွေကို လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ရင်ဘတ်မှာ ဓားထိုးခံရမှုလို ထိုးသွင်းဒဏ်ရာ၊ ဖောက်ထွင်းဒဏ်ရာ ရရှိတဲ့အခါ အရေးအကြီးဆုံး ရှေးဦးသူနာပြုစုတဲ့နည်းကို သိထားကြဖို့လိုပါတယ်။ ဆေးပညာရှင်တွေပြောပြတဲ့ လုပ်ဆောင်သင့်တာတွေကို လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ထိခိုက်ရှနာဒဏ်ရာနဲ့ ထိုးသွင်းဒဏ်ရာရရှိတဲ့လူနာတွေကို ရှေးဦးသူနာပြုစုတဲ့အခါ သွေးထွက်မလွန်အောင် ဂရုစိုက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဆေးပညာရှင်တွေပြောပြတဲ့ လုပ်ဆောင်သင့်တာတွေကို လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ဦးခေါင်းကိုထိခိုက်ဒဏ်ရာရရင် ဘယ်လိုမျိုး ရှေးဦးသူနာပြုစုမှုနဲ့ အရေးပေါ် ကြည့်ရှုစောင့်ရှောက်ပေးလို့ ရပါလဲ။ ဒေါက်တာသန့်ဇော် လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ တင်ဆက်ပေးချင်ပါတယ်။
ကလေးကင်ဆာရောဂါနဲ့ ပက်သတ်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ရင်သွေးမိဘတွေ များများသိရှိရင် ကလေးကင်ဆာရောဂါကိုပိုမိုဂရုပြုမိပြီး လာရောက်ကုသမှုများလာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်တာပါ။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ကင်ဆာရောဂါဟာ ကမ္ဘာမှာ ဒုတိယသေဆုံးနှုန်းအမြင့်ဆုံးဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း ကင်ဆာဖြစ်ပွားနှုန်း မြင့်တက်လာနေတာပါ။ ဒ့ါကြောင့် ကင်ဆာရောဂါကာကွယ်တားဆီးရေးကို အလေးထားလုပ်ဆောင်ဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်းနေပါတယ်။ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပြီဆိုရင်တောင် ဒီကူးစက်ရောဂါဘေးရန်ကနေလွတ်ကင်းဖို့ ကာကွယ်ရေးနည်းလမ်းတွေ ရေရှည် ဆက်ပြီးလုပ်ဆောင်သွားဖို့လိုပါတယ်။ နှာခေါင်းစီးတပ်၊ လူတွေနဲ့ ခြားနေ၊ ဒါမျိုးတွေကို အလေးအနက် ဆက်လုပ်ရပါမယ်။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်