ကိုဗစ်ကူးစက်မှု ကမ္ဘာမှာ ဒုတိယလှိုင်း ပြန်ကျလာမယ့် အနေအထားရှိတာမို့ မြန်မာနိုင်ငံမှာ တကိုယ်ရေတကာယ ပြင်ဆင်ပြီး ကာကွယ်ထားသင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေ တိုက်တွန်းနေပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ထားပါတယ်။
ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ထွက်ဖို့ လမ်းမမြင်ရသေးလို့ ဒီရောဂါအတွက် အားလုံး မပေါ့ဆဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ထားပါတယ်။
အသည်းကင်ဆာဆိုးကျိုးလေ ျှာ့ချနိုင်ဖို့ ရောဂါရှိမရှိစောစောသိအောင်ကြိုတင်စစ်ဆေးနိုင်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
အသည်းကင်ဆာဖြစ်နိုင်ခြေကို လေ ျှာ့ချဖို့ ဆိုရင် ဘီပိုး၊ စီပိုး ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ထားပြီး အရက်နဲ့ Alpha Toxin ဓာတ်တွေပါဝင်တဲ့ အစာတွေ မစားသုံးမိအောင်သတိပြုဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
ဆီးကျိတ်ကင်ဆာရောဂါဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ အမျိုးအစားတခု ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် ၅၀ ပတ်ဝန်းကျင်ကိုရောက်လာတဲ့အခါ ဆီးကျိတ်ကင်ဆရာရောဂါ အစပျိုးနေတာရှိမရှိဆိုတာ စစ်ကြည့်လို့ ရပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
မိုးတွင်းကာလ တုပ်ကွေးဖျားနာဗိုင်းရပ်စ်ပိုးတွေ ကူးစက်မခံရအောင် ပိုဂရုစိုက်နေထိုင်ဖို့ အရေးကြီးပါတယ်။ ဒီထဲကမှ ကိုယ့်မှာ CoVid-19 ရောဂါရှိမယ်လို့ သံသယရှိမယ်ဆိုရင် နီးစပ်ရာကျန်းမာရေးဌာနတွေကိုဆက်သွယ်ပြီး လမ်းညွှန်ချက်တွေအတိုင်း လုပ်ရမှာပါ။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးကြုံနေရတဲ့ကာလမှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုနေထိုင်ပုံအပြောင်းအလဲ၊ ဒီလို အခြေအနေအရပ်ရပ်ကြောင့် လူတိုင်းကိုယ်စီ စိတ်ဖိစီးမှု ကြုံကြရပါတယ်။ ဒါ့ကြောင့် စိတ်လေ့ကျင့်ခန်း လုပ်ပေးကြဖို့ လိုအပ်ပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
အခုအချိန်မှာ အကြောင်းအရာအခြေအနေအရပ်ရပ်ဟာ CoVid-19 ရောဂါကူးစက်မှု ရုတ်တစ်ရက် မြင့်တက်လာနိုင်တဲ့ အခြေအနေကို ဦးတည်လာနေတာကြောင့် ပြည်သူအများ အနေနဲ့ တကိုယ်ရေကာကွယ်မှုတွေ သတိမလွတ်ဘဲ ဆက်ပြီးလုပ်ပေးနေဖို့ လိုအပ်ပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး မကြာခဏဆေးကြောသန့်စင်ပေးတာဟာ ကျန်းမာရေးအတွက် အရေးပါတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အလေ့အထတခုလိုကို ဂရုစိုက်ပြီး လက်ဆေးတာကို အကျင့်ပါအောင် လုပ်ထားပါလို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းပါတယ်။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
အခုလို မိုးရာသီကာလမှာ ရာသီတုပ်ကွေးကူးစက်မှုတွေမြင့်လာနိုင်ပြီး Covid-19 ကူးစက်မှုတွေနဲ့ ရောထွေးလာနိုင်တာကို ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေကြပါတယ်။ ဒါ့ကြောင့် ရာသီတုပ်ကွေးရောဂါ ကူးစက်မခံရအောင် ပိုပြီး သတိထားသင့်တာပါ။ လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အားလုံးက COVID-19 ရောဂါမကူးစက်အောင် သတိပြုရမယ့်အချက်တွေကို လိုက်နာဆောင်ရွက်ရင် တဘက်ကလည်း ကိုယ့်မှာကလေးငယ်ရှိရင် ကလေးအတွက်လိုအပ်တဲ့ ပုံမှန်ကာကွယ်ဆေးထိုးတာမျိုးတွေ မမေ့မလျှော့ လုပ်ဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ရာသီဥတုအပူချိန်သိသိသာသာမြင့်တက်တာကြောင့် အပူဒဏ်နဲ့ဆက်စပ်တဲ့ ကျန်းမာရေးပြသနာတွေကို ကြိုတင်သတိပြု ကာကွယ်ဖို့လိုပါတယ်။ နေရောင်ချည်တိုက်ရိုက်မထိအောင်နဲ့ ကိုယ်ခန္ဓာကလိုအပ်တဲ့ ဆားဓာတ်ထိန်းထားဖို့ ဆရာဝန်တွေ အကြံပြုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုလျော့နည်းသွားတဲ့အချိန်မှာ ရာသီဥတုအပူချိန်ဟာ သိသိသာသာ မြင့်တက်လာတာကြောင့် အပူဒဏ်နဲ့ဆက်စပ်တဲ့ ကျန်းမာရေးပြသနာတွေကို ကြိုတင်သတိပြုကာကွယ်ထားဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
မိုးဦးလေဦးကျလာတဲ့အချိန်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွေမြင့်တက်လာနိုင်တာကြောင့် ကြိုတင်သတိပြုကာကွယ်ထားဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
ကျန်းမာသန်စွမ်းပြ ီးဉာဏ်ရည်ထက်မြက်တဲ့ရင်သွေးငယ်လေးတွေဖြစ်လာစေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုများများရှိဖို့ လူကြီးတွေက လုပ်ပေးဖို့လိုပါတယ်။ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ရုံးပိတ်ရက်တွေရှည်ကြာပြီး အိမ်ထဲမှာနေရတဲ့ရက်တွေ များလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်မှုတွေ ရှိလာနိုင်တာပါ။ ဘယ်လို သတိထားနေထိုင်ရပါမလဲ။ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ မတွေ့သေးဘူးဆိုပေမယ့် ကူးစက်သူရှိမရှိကို ဖော်ထုတ်ဖို့နဲ့ ကူးစက်သူ ရှိလာတဲ့အခါ ထိထိရောက်ရောက် ကုသစောင့်ရှောက်မှုပေးနိုင်စေဖို့ဆိုတာတွေကို ခက်ခက်ခဲခဲ ကြိုးစားပြင်ဆင်နေကြရပါတယ်။ ဒေါက်တာသန့်ဇော် လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကလေးငယ်တွေ အသက် ၂ လပြည့်တဲ့အခါ ပထမအကြိမ်တိုက်ကျွေးပြီး အသက် ၄ လပြည့်ရင် ဒုတိယအကြိမ် တိုက်ကျွေးရင် အသက် ၅ နှစ်အောက်ကလေးတွေအတွက် အန္တရာယ်ကြီးတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်ထားလို့ရပါတယ်။ ဒေါက်တာသန့်ဇော် လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပေါ်ခံစားရသူတွေရဲ့ ၉၉ ရာခိုင်နှုန်းဟာ လိင်အင်္ဂါကြွက်နို့ပိုးကူးစက်ခံရတာနဲ့ ဆက်စပ်မှုရှိနေတာပါ။ ဒါကြောင့် အမျိုးသမီးငယ်လေးတွေအနေနဲ့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို အချိန်မီထိုးပြီး ကာကွယ်ထားသင့်ပါတယ်။ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာခွဲစိတ်မှုဌာနအပါအဝင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍတွေမှာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ လိုက်မီအောင်လို့ ဘယ်လို ပြုပြင်ပြောင်းလဲဆောင်ရွက်နေသလဲဆိုတာ ပြောပြမှာပါ။ ဒေါက်တာသန့်ဇော်က လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်