ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာရှိတဲ့ မန်ရှင်ရောက်ဟောက်စ်၊ မြူးနစ်မြို့တော်ခန်းမနဲ့ ဒုတိယကမ္ဘာစစ်အပြီး ကျန်ရှိနေခဲ့တဲ့ ၁၂ရာစု အဆောက်အဦး စိန့်ပီတာဘုရားကျောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံရဲ့ လူးဗစ်ဘော့ဂ် နန်းတော်မှာ နွေဦးရောက်တိုင်း နှစ်စဉ်ကျင်းပတဲ့ ပန်းပွဲတော်ကို သွားခဲ့ပါတယ်။ ပန်းမျိုးအစုံအလင်ပွင့်ဖူးကျတဲ့ နန်းတော်နဲ့ ရဲတိုက်ကြီးတွေက ဘယ်လိုတွေများ နတ်သမီးပုံပြင်ဆန်သလဲဆိုတာကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံရဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်စာ ရှိထားတဲ့ အနောက်တိုင်းဆေးသိပ္ပံပညာရပ် ပြတိုက်ကို သွား လေ့လာခဲ့တာပါ။ ဆေးပညာတိုးတက်လာမှုရဲ့သက်သေ ဂျာမန်ဆေးဝါးပြတိုက်ကြီးကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဟိုင်းဒေးဘတ် တက္ကသိုလ်နဲ့ ကျောင်းအကျဉ်းထောင်ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ နိုဘယ်ဆုရှင် ၅၆ ယောက် မွေးထုတ်ပေးထားပြီး ဥရောပတိုက် သိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အချက်အချာ ကျောင်းတော်ကြီးကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံးနန်းတော် ဟိုင်းဒေးလ်ဘော့ကို ရောက်နေတာဖြစ်ပါတယ်။ စစ်ကြောင့်ပျက်စီးသွားခဲ့ပေမဲ့လည်း နိုင်ငံတကာ ခရီးသွားတွေကိုဆွဲဆောင်ထားနိုင်သေးတဲ့ နန်းတော်ကြီးရယ်၊ ကမ္ဘာ့အကြီးဆုံး ဝိုင်စဉ့်အိုးရယ်ကို နော်သဇင်နဲ့အတူ လိုက်ပြီးကြည့်ကြရအောင်ပါ။
ဂျာမနီနိုင်ငံမှာ ဆောင်းရာသီ နှင်းတွေမကုန်သေးတဲ့ Oberstdor အော့ဘတ်စတော့မြို့က သိပ်လှတဲ့ ကျောက်စိမ်းရေကန် Seealpe ဆီးအယ်ဖယ် ရေကန်ကြီးနဲ့ တောင်ပတ်လည်ဝိုင်းထားတဲ့ မြိုလေးကို အနှံ့ လိုက်ပတ်ခဲ့တာပါ။ ဒီတပတ် နော်သဇင့်ရဲ့ Vlog ကနေ အလည်သွားရအောင်ပါ။
ဒီအပတ် နော်သဇင်က ဥရောပ အယ်ပိုင်းတောင်ကြောကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဂျာမနီက အဲလ်ပ်စ် တောင်တန်းတွေဆီကို သွားခဲ့ပါတယ်။ ဆောင်းရာသီ နှင်းတွေမကုန်သေးတဲ့ Oberstdorf အိုဗာစတော့မြို့က ဂျာမနီ၊ ဩစတြီးယား အပ်လ်ပ်စ်တောင်တန်းကြီးတွေဆီကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။
ဒီအပတ်တော့နော်သဇင်က ဂျာမနီနိုင်ငံ အရှေ့ပိုင်းက အကြီးဆုံးမြို့တွေထဲကတစ်ခုဖြစ်တဲ့ မာ့ဂ်ဒီဘော့မြို့ကို လိုက်ပြထားပါတယ်။ ထူးခြားတဲ့ ဗိသုကာလက်ရာတွေရှိတဲ့မြို့လေးဖြစ်ပြီး အယ်ဘာမြစ်ဖြတ်စီးဆင်းတဲ့ Magdeburg မြို့ကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။
ဒီအပတ်နော်သဇင်က ဂျာမနီနိုင်ငံကရှေးအကျဆုံးမြို့တွေထဲကတစ်ခုဖြစ်တဲ့ Quedlinburg မြို့ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ကျွန်းအိမ်ပုပုလေးတွေရှိတဲ့ မြို့ကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
ဒီတပတ် နော်သဇင်က ဂျာမနီနိုင်ငံ လုဒ်ဗေ့ဘက်ဂ်မြို့က ကမ္ဘာလှည့်ခရီးသွားတွေ ကြိုက်နှစ်သက်ကြတဲ့ မွန်ရယ်ပေါ့စ် အမဲလိုက်နန်းတော်နဲ့ လေဟာပြင်ဈေး ကိုလိုက်ပြမှာဖြစ်ပါတယ်။ နော်သဇင်နဲ့တူတူ သူနေတဲ့မြို့လေးကို လိုက်ကြည့်ကြရအောင်ပါ။
ဒီတခါတော့ နော်သဇင်က ဂျာမနီ နိုင်ငံ Stuttgart စတူးဂတ်မြို့မှာရှိတဲ့ ကမ္ဘာကျော် ကားကုမ္ပဏီ Porsche ပေါ်ရှာ ကားထုတ်လုပ်ရေးရဲ့ ပြတိုက်ကို သွားရောက်လေ့လာခဲ့တာပါ။ နော်သဇင်နဲ့တူတူ ပြိုင်ကားနဲ့ ဇိမ်ခံကားလောကမှာ နာမည်ကြီးသလို တန်ဖိုးလည်းကြီးတဲ့ Porsche ကားတွေကို နော်သဇင်နဲ့အတူ လေ့လာနိုင်ပါတယ်။
ဂျာမနီနိုင်ငံ Ludwigsburg လုဒ်ဗေ့စ်ဘက်ဂ်မြို့မှာပြသနေတဲ့ ဩစတြီးယား ပန်းချီဆရာ Klimt ကလင့်မ့်ရဲ့ ပန်းချီကားချပ်တွေကို ကိုယ်ကိုယ်တိုင်ရောက်သွားသလို ခေတ်ပေါ်နည်းပညာနဲ့ တင်ဆက်ပြသထားတဲ့ Immersive Experience ပြခန်းကို နော်သဇင် သွားရောက်လေ့လာခံစားခဲ့ပါတယ်။
ဒီအပတ်တော့ နော်သဇင်က ဥရောပမှာ ရှိတဲ့ အလှဆုံး စာကြည့်တိုက်တွေထဲက စတူးဂတ်စာကြည့်တိုက်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ စတူးဂတ်မြို့က အလှဆုံးစာကြည့်တိုက်လေးကို နော်သဇင်နဲ့အတူ သွားရောက်ကြည့်ရှုကြရအောင်ပါ။
ဂျာမနီက ဆောင်းရာသီ စာသင်နှစ်မှာ ကျောင်းသွားနေတဲ့ နော်သဇင်နဲ့တူတူ Ludwigsburg ပညာရေးတက္ကသိုလ်ကို တူတူသွားကြည့်ကြရအောင်ပါ။
ဒီအပတ်မှာတော့ နော်သဇင်က ဂျာမနီနယ်စပ်က ပြင်သစ်မြို့ကလေးဖြစ်တဲ့ Strasbourg မှာရှိတဲ့ အဟောင်းပစ္စည်းအရောင်းဆိုင်နဲ့ Strasbourg Cathedral ဘုရားရှိခိုးကျောင်းကို ရောက်ခဲ့တဲ့အကြောင်း တင်ဆက်ထားပါတယ်။
ဒီအပတ်မှာတော့ နော်သဇင်က ပြင်သစ်နိုင်ငံ Strasbourg မြို့က ခရစ္စမတ်ဈေးပွဲတော်ကို ဂျာမနီကနေ နေ့ချင်းပြန် သွားလည်ခဲ့ပါတယ်။ ဥရောပမှာရှိတဲ့ အလှဆုံး ခရစ်စမတ်ဈေးပွဲတော်တွေထဲကတစ်ခုကို နော်သဇင်နဲ့အတူ သွားရောက် ကြည့်ရှုရအောင်ပါ။
ဒီအပတ်တော့ နော်သဇင်က ဂျာမနီမှာ အကြီးဆုံးဖြစ်တဲ့ Berlin Cathedral ကိုသွားပြီးလည်ပတ်ခဲ့ပါတယ်။ ဂျာမန်အင်ပါယာ ဘုရင်နဲ့ မင်းမျိုးမင်းနွယ်တွေ တက်ရောက်ခဲ့တဲ့ ဘာလင်နန်းတော်ဘုရားကျောင်းကို နော်သဇင်နဲ့အတူ လိုက်ပြီးကြည့်ကြရအောင်ပါ။
ဂျာမနီနိုင်ငံ မြောက်ပိုင်း Potsdam မြို့မှာရှိတဲ့ Barberini ပြတိုက်မှာ နှစ် ၁၀၀ ဝန်းကျင်အတွင်း ပြည်သူတွေအများ တွေ့ရှိခွင့်မရခဲ့တဲ့ ယူရိုသန်းနဲ့ချီတန်တဲ့ ၁၇ ရာစုက impressionism လက်ရာတွေကို ပြသထားပြီး နော်သဇင်က အဲ့ဒီကပန်းချီတွေကို Vlog အနေနဲ့ ရိုက်ကူးဝေမျှထားပါတယ်။
ဒီအပတ်တော့ နော်သဇင်က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ သမိုင်းဝင်နေရာတွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။ နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
ဒီအပတ်တော့ နော်သဇင်က စတူးဂတ်မြို့၊ ဂျာမနီနိုင်ငံမှာရှိတဲ့ မာစီးဒီးကားပြတိုက်ကိုရောက်နေပါတယ်။ မာစီးဒီးကားတွေနဲ့ ကမ္ဘာ့သမိုင်းကြောင်းတွေကို ယှဉ်ပြသထားတဲ့ ပြတိုက်ကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်