ဒီအပတ် နော်သဇင်က ချင်းမိုင်တက္ကသိုလ် အနုပညာပြပွဲတခုကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံကို နော်သဇင်ရဲ့ Vlog အစီအစဉ် မှာ တင်ပြထားပါတယ်။
ဒီအပတ်တော့ အားကစားတွေ လုပ်လာတဲ့ နော်သဇင် က မွေထိုင်းအားကစားအတွက် လိုအပ်တဲ့ပစ္စည်းတွေကို သွားဝယ်ရင်း အားကစားဖိနပ်ရွေးချယ်တဲ့အခါ အသုံးပြုတဲ့ နောက်ဆုံးပေါ် နည်းပညာတွေကိုလည်းစမ်းသပ် အသုံးပြုခဲ့ပါသေးတယ်။ နော်သဇင် နဲ့ အတူ သွားရောက်ဈေးဝယ်ရင်းကြည့်ရှုဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်"
ဒီအပတ်တော့ နော်သဇင်က စိတ်အပန်းပြေစေဖို့ ချင်းမိုင်တိရိစ္ဆာန်ရုံကို သွားလည်ခဲ့ပါတယ်။ နော်သဇင်နဲ့အတူ ချင်းမိုင်တိရိစ္ဆာန်ရုံကို သွားရောက် လည်ပတ်ကြရအောင်ပါရှင်
ဒီအပတ် နော်သဇင်က ထိုင်းနိုင်ငံ အမျိုးသားသစ်တောတွေထဲက တစ်ခုဖြစ်တဲ့ ဒွိုင်ဆုတပ်ပူအီ အမျိုးသားသစ်တောထဲက ဟွေကီးယော်ရေတံခွန်တောင်ကို တက်ခဲ့တဲ့အကြောင်း ပြောပြထားပါတယ်။
ဒီအပတ်တော့ နော်သဇင်ရဲ့ Vlog အစီအစဉ်မှာ ချင်းမိုင်မြို့ ဒွိုင်ဆုတပ် တောင်ပေါ်မှာ တောင်တက်အားကစားလုပ်ခဲ့တဲ့ အတွေ့အကြုံကို တင်ပြထားပါတယ်။
ဒီအပတ် ချင်းမိုင်ညဈေးနားက ရုံမှာ ပထမဆုံး သွားကြည့်တဲ့ မွေထိုင်း လက်ဝှေ့ပွဲအကြောင်း နော်သဇင်ရဲ့ Vlog အစီအစဉ်မှာ ပြောပြထားပါတယ်။
ဒီအပတ် နော်သဇင်က လာအိုနိုင်ငံ Thanaleng နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံ နွန်ခိုင်နယ်စပ်ဂိတ်ထိ ဖြတ်သန်းလာခဲ့တဲ့ မှတ်တမ်းကို တင်ပြထားပါတယ်။
ဗွီအိုအေ တီဗွီသတင်းလွှာအစီအစဉ်ကို ဆက်လက် ထုတ်လွှင့်နေပါတယ်။ ဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားနိုင်ပါတယ်။ ဒီအပတ်တော့ နော်သဇင်က လာအိုနိုင်ငံရောက်နေတဲ့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာရှိတဲ့ အထင်ကရနေရာတွေကို ခေါ်သွားပြပါမယ်။
ဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားနိုင်ပါတယ်။ ဒီအပတ် နော်သဇင်က ချင်းမိုင်မြို့က အော်ဂဲနစ် သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်တွေနဲ့ လက်လုပ်ပစ္စည်းတွေရောင်းချတဲ့ လယ်သမားဈေးကို သွားတဲ့အကြောင်း ပြောပြထားပါတယ်။
ဒီအပတ် နော်သဇင်က ၁၈ရာစု ၁၉ရာစုက လာနာရိုးရာအိမ်တွေကို ချင်းမိုင်တက္ကသိုလ် ပရဝဏ်အတွင်းမှာရှိတဲ့ ပြတိုက်မှာ သွားကြည့်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အိမ်တွေနဲ့ဆင်တူတဲ့ ပြတိုက်ထဲက ရိုးရာအိမ်တွေအကြောင်းကို နော်သဇင်ရဲ့ Vlog အစီအစဉ်မှာ ပြောပြထားပါတယ်။
ချင်းမိုင်တက္ကသိုလ် လာနာရိုးရာအိမ်ပြတိုက်မှာရှိတဲ့ ဘုံဘေဘားမား သစ် ကုမ္ပဏီမှာ သစ်ကုန်သွယ်ခဲ့တဲ့သစ်ကုန်သည်ကြီးရဲ့ ကိုလိုနီအိမ်ကို သွားရောက်လည်ပတ်ခဲ့တဲ့ အကြောင်း နော်သဇင်ရဲ့ Vlog အစီအစဉ်မှာ ရှုစားနိုင်ပါတယ်။
ဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားနိုင်ပါတယ်။ ချင်းမိုင်မြို့ပြင် မဲ့ရင်မြို့နယ်မှာ သစ်ခွပန်းမျိုးစိတ်ပေါင်းစုံ တွေ့ရတဲ့ ကော်ဖီဆိုင် Doi Chaang ကို သွားရောက်လည်ပတ်တဲ့ အကြောင်း ပြောပြထားပါတယ်။
ဒီအပတ်တော့ နော်သဇင်က ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှာ ရှိတဲ့ ကျွန်းတွေဆီ လည်ပတ်ရင်း ဒီနှစ် နွေရာသီကို ကုန်ဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံ ကော့သောင်းမြို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းတောင်ပိုင်းက ကျွန်းတွေရဲ့ အလှကို နော်သဇင်နဲ့အတူ သွားရောက် ကြည့်ရှုကြရအောင်ပါ။
ဒီအပတ် နော်သဇင်ရဲ့ Vlog အစီအစဉ် မှာ နိုင်ငံတကာက အခြားသောလူငယ်တွေလိုဘဲ ကျောပိုးအိတ်တစ်လုံးနဲ့ ထိုင်းနိုင်ငံတောင်ဘက်အကျဆုံး ကမ်းခြေမှာ မျှနေရတဲ့ အဆောင်ငှားပြီး တစ်ယောက်ထဲ ကရာဘီကမ်းခြေကို ခရီးထွက်တဲ့ အတွေ့အကြုံကို တင်ပြထားပါတယ်
ဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားနိုင်ပါတယ်။ ဒီအပတ်နော်သဇင်က မစ်ချလင်းစတားရထားတဲ့ ချင်းမိုင်မြို့က စားသောက်ဆိုင်တွေကို သွားရောက်ခဲ့ပါတယ်။ အစားအသောက်ကျွမ်းကျင်သူတွေ အကဲဖြတ်ပြီး အသိအမှတ်ပြုပေးတဲ့ ဆိုင်လေးတွေကို သူနဲ့အတူ သွားပြီး ကြည့်ရှုအားပေးနိုင်ပါတယ်။
ထိုင်းနိုင်ငံအစိုးရ အသိအမှတ်ပြု International College တစ်ခုဖြစ်တဲ့ ချင်းမိုင်မြို့က Payap တက္ကသိုလ်ကို သွားရောက်လည်ပတ်တဲ့အကြောင်း နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားနိုင်ပါတယ်။
ကြောင်တွေနဲ့အတူဆော့ကစားလို့ရပြီး ကော်ဖီလည်း မှာသောက်လို့ရတဲ့ ကော်ဖီဆိုင်ကို သွားတဲ့ အတွေ့အကြုံတွေကို ဒီတပတ် နော်သဇင် ပြောပြထားပါတယ်။
နော်သဇင်က ချင်းမိုင်မြို့က ဆောင်ခရန်ပွဲတော်ကို ပထမဦးဆုံးအကြိမ်သွားလည်ခဲ့ပါတယ်။ ချင်းမိုင်မြို့မှာဘယ်လိုရေကစားကြသလဲဆိုတာ ကြည့်ရှုအားပေးနိုင်ပါတယ်။
ဒီအပတ်တော့ ထိုင်းနိုင်ငံမှာ အမြင့်ပေ ၁၈၀၀ မီတာဝန်းကျင်ရှိတဲ့ တောင်ပေါ်မှာ တည်ဆောက်ထားတဲ့အပြင် သစ်ပင်ပေါ်မှာ ဆိုင်တည်ထားတဲ့ The Giant လို့ခေါ်တဲ့ ကော်ဖီဆိုင်လေးဆီကို နော်သဇင် ခေါ်သွားပါလိမ့်မယ်။
အခုဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ထုတ်လွှင့်ပါ့မယ်။ ဒီအပတ်တော့ထိုင်းနိုင်ငံမှာ ဂေဟစနစ်နဲ့ လိုက်လျှောညီထွေဖြစ်အောင် တည်ထားတဲ့ မဲ့ကပေါင်ရွာလေးကို ရောက်နေပါတယ်။ ဒွိုင်ဆက်ကတ်တောင်ထိပ်မှာတည်ရှိထားပြီး ပြည်တွင်း ခရီးသွားဧည့်သည်တွေကြားထင်ရှားတဲ့ Ecotourism ရွာလေးကို လိုက်ပို့ပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်