ဒေါက်တာတေဇာစန်းက NUG အောက်ခြေယန္တရား ယိုယွင်းနေတယ် NUG လက်အောက်ခံ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေ ကျင့်ဝတ်စည်းကမ်းလျော့ရဲမှု၊ ဖောက်လွဲဖောက်ပြန်မှုတွေ ပိုမိုဆိုးရွားလာနေတယ်။ဒီကိစ္စတွေကို ဖြေရှင်းဖို့ NUG အနေနဲ့ တုန့်ဆိုင်းမနေသင့်ဘူးဆိုတဲ့ သတိပေးချက် ထွက်ပေါ်လာတာတွေ့ရပါတယ်။
ရာသီဥတု ပူပြင်းလို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ ရွှေ့ပြောင်းထားတယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောပေမဲ့ ဘယ်မှာထားတယ်ဆိုတာ တိတိကျကျ မပြောပါဘူး။ဒီလို အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်နေရာမှာထားတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်တဲ့ အနေအထားပါ။
စစ်ကောင်စီလက်အောက် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ရသင့်၊ ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ ညှဉ်းပမ်းနှိပ်စက်ခံရတာ၊ လုံလောက်တဲ့ ဆေးကုသခွင့်မရတာ၊ ထောင်ဝင်စာ တွေ့ခွင့်မရတာတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ပန်းလိုဖြစ်ကြောင်း၊ ဒီမိုကရေစီမရှိရင် သတင်းလွတ်လပ်ခွင့် မရှိနိုင်ကြောင်း၊ ထို့အတူ သတင်းလွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီဆိုတာလည်း မရှိနိုင်ကြောင်း၊ သတင်းသမားဟာ မလိုရင် ထိုးချ၊ လိုရင် ပင့်ပေးလုပ်လို့မရကြောင်း၊
မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ သတင်းလွတ်လပ်ခွင့်အရေးပါပုံကို လူတွေ ပိုသိရှိစေဖို့၊ သတင်းလွတ်လပ်ခွင့်ကို အလေးထားဖို့နဲ့ အကာအကွယ်ပေးရမယ့်တာဝန်ရှိတယ်ဆိုတာ အစိုးရတွေ သတိထားမိစေဖို့ ဒီကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို သတ်မှတ်ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပါတယ်။
"... တိုင်းပြည်မှာ လက်တွေ့ဖြစ်နေတာ။ဒီအခြေအနေကိုကြည့်လိုက်ရင် တိုင်းပြည်စီးပွါးရေး ပုံမှန်လည်ပတ်ဖို့တောင် အတော်ကြီးကို ခက်သွားပြီ။ဒီကြားထဲ စစ်မှုထမ်းဥပဒေကြောင့် လူငယ်ပညာတတ် အင်အားစုပါ နေ့စဉ်ဆိုသလို ဆုံးရှုံးနေတော့ တိုင်းပြည်အခြေအနေဟာ နူရာဝဲစွဲလို့ပဲ ပြောရတော့မှာပဲ”
မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွားပျက်တဲ့အသံတွေ ပိုကြားလာရပါတယ်။ လောင်စာဆီ ဈေးနှုန်းတွေလည်း ပိုတက်လာတာ တွေ့ရပါတယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွေကလည်း ရပ်တန့်သလောက်နီးပါးဖြစ်နေတဲ့အတွက် ကုန်သွယ်ရေး ကျဆင်းကာ စီးပွါးရေးကို သိသိသာသာ ထိခိုက်နေချိန်ဖြစ်ပါတယ်။
ပြည်သူ့ညီလာခံနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေမှာ ဆူဆူညံညံ၊လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာကတော့ ညီလာခံနောက်ဆုံးရက်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ မတက်ရောက်တဲ့သတင်း ဖြစ်ပါတယ်။
ဒုတိယအကြိမ်ပြည်သူ့ညီလာခံကြီးကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC )က ကြီးမှူးပြီးတော့ ဧပြီလ ၄ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ညီလာခံနောက်ဆုံးနေ့မှာ CRPH နဲ့ NUG တို့ မတက်ရောက်ခဲ့တဲ့သတင်းဟာ လှုပ်ခတ်ခဲ့ပါတယ်။ ပြည်သူ့ညီလာခံအပြီးမှာ NUCC အပေါ် ဘယ်လို မြင်ကြသလဲ။
ဧပြီလအတွင်းမှာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နဲ့ ပြင်ဦးလွင်မြို့တို့ကို အသေခံဒရုန်း၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခြင်း ခံခဲ့ရသလို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီလည်း ခုခံ တော်လှန်ရေးအင်အားစုတွေ လက်ထဲကျရောက်ခဲ့တာ တွေ့ရပါတယ်။
အတာသင်္ကြန်ကာလာကို ကျော်လွန်လို့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိခဲ့ပါပြီ။ နှစ်သစ်မှာ ဘာတွေများ အသစ်ဖြစ်ပေါ် ပြောင်းလဲလေမလဲဆိုတာ မြန်မာပြည်သူတွေ မျှော်လင့်တမ်းတကြပါတယ်။ ပြည်တွင်းစစ်အရှိန်က မြင့်နေချိန်ဆိုတော့ မြန်မာပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ အနိဋ္ဌာရုံသတင်းတွေကိုသာ မြင်တွေ့၊ကြားသိနေကြရတာများပါတယ်။
ပြောရရင် စစ်ကောင်စီအနေအထားဟာ ဖရိုဖရဲဖြစ်နေပါပြီ။ထိန်းချုပ်နိုင်တဲ့ နယ်မြေဧရိယာတွေ တဖြည်းဖြည်း ဆုံးရှုံးလာကာ နေပြည်တော်သည်ပင်လျှင် လုံခြုံစိတ်ချရတဲ့ အနေအထား မရှိတော့ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ရိုဟင်ဂျာတွေကို စစ်သားသစ်စုဆောင်းပြီး စစ်သင်တန်းတွေပေး၊ စစ်မှုထမ်းရမှာကို စိုးရိမ်တဲ့အတွက် ရိုဟင်ဂျာလူငယ်တွေ ဒုက္ခသည်စခန်းတွေက ထွက်ပြေးတယ်ဆိုတာတွေနဲ့ ရိုဟင်ဂျာတွေက AA အလိုမရှိလို့ ဆန္ဒပြတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။
မူဆယ်မြို့မှာ မတ်လ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ တရုတ်ရဲတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ဟိုတယ်တွေ၊ကာစီနိုလောင်းကစားရုံတွေကို ဝင်ရောက်စီးနင်းတာ၊ဖမ်းဆီးတာတွေ လုပ်ဆောင်တဲ့ သတင်းတွေကို လည်း မီဒီယာတွေမှာ ဖော်ပြကြတာတွေ့ရပါတယ်။
တရုတ်ဟာ စစ်ကောင်စီအပါအဝင် မြန်မာ့နိုင်ငံရေးအင်အားစုတွေနဲ့ အဆက်အသွယ်ရှိသလို နိုင်ငံရေးအရလည်း ဩဇာညောင်းတာကို တွေ့နေရပါတယ်။ မြန်မာ့အရေး ဖြေရှင်းရေးမှာ တရုတ်အခန်းကဏ္ဍ ဘယ်လိုရှိသလဲဆိုတာကို ကမ္ဘာ့၊ မြန်မာ့ မီဒီယာ မြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
အကျိုးစီးပွါးက အဓိကဖြစ်တယ်၊ ပြီးတော့ Humanitarian Corridor ဆိုတာမျိုးက နောက်ပိုင်းမှာ Dialogue တွေ့ဆုံဆွေးနွေးရေးဖြစ်စေဖို့ ဦးတည်တာမျိုးဖြစ်တယ်၊ ဒါကြောင့် သတိထားပြီး စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရက စီစဉ်တဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီလက်အောက်ခံ ကြက်ခြေနီအသင်းကတဆင့် ပေးအပ်ခဲ့တာမို့ စစ်ဘေးရှောင်တွေဆီ အမှန်တကယ် ရောက်ရှိနိုင်ပါ့မလားဆိုတာ စောင့်ကြည့်လေ့လာသူတွေက ဝေဖန် ထောက်ပြကြပါတယ်။
Myanmar Now ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နဲ့ ဆက်သွယ်မေးမြန်းချက်မှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ တစ်ဦးဦးဟာ နေအိမ်မှာ မရှိရင် မိဘတွေ၊အုပ်ထိန်းသူတွေအနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ဘူးဆိုရင် အဲဒီသူကို တရားခံပြေးအဖြစ်သတ်မှတ်မယ်လို့ ဖြေကြားသွားတာ တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အလွှာအသီးသီးက ပြည်သူတွေ စိုးရိမ် ပူပန်နေကြပါတယ်။ တစ်ဦးချင်းဘဝတွေနဲ့ မိသားစုဘဝတွေသာမက လုပ်သားအင်အားကိုပါ ထိခိုက်စေတာမို့ ရေရှည်မှာ တိုင်းပြည်ရဲ့ စီးပွါးရေးကိုလည်း ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝန်း ကျင်းပပြုလုပ်နေချိန်မှာ ဝမ်းနည်းစရာကောင်းတာကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဘဝဟာ အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်၊ကြုံတွေ့ ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်