အိန္ဒိယနိုင်ငံက လက်ဝတ်ရတနာ ချစ်သူတွေအတွက် ရွှေကနေ စိန်အထိ အရောင်မျိုးစုံ တန်ဖိုးကြီးမားတဲ့ ကျောက်သံပတ္တမြားတွေကို သြဂုတ်လ ၄ ရက်နေ့ ကနေ ၈ ရက်နေ့အထိ နေစဉ်ကျင်းပတဲ့ အိန္ဒိယ နိုင်ငံတကာ ရတနာပြပွဲမှာ ခင်းကျင်းပြသခဲ့ပါတယ်။ ဒီပြပွဲအကြောင်း AP သတင်းတပုဒ်ကို အခြေခံပြီး ရှားဖောင်က တင်ပြထားပါတယ်။
ငလျင်ကြီးတခုလှုပ်ပြီးတိုင်း နောက်ဆက်တွဲငလျှင်တွေ ထပ်လှုပ်လာနိုင်တာကြောင့် ငလျင်ကြောပေါ်မှာ နေထိုင်တဲ့ သူတွေအနေနဲ့ သတိထားပြီး နေကြဖို့ လိုတယ်လို့ ထင်ရှားတဲ့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်
အမေရိကန်ပြည်ထောင်စုမှာ လာမယ့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား အမျိုးသမီးငယ်တွေ တက်တက်ကြွကြွ မဲပေးကြဖို့အတွက် Black Girls Vote စေတနာ့ဝန်ထမ်းအဖွဲ့က တိုက်တွန်း လုပ်ဆောင်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Faiza Elmasry ရဲ့ သတင်းလွှာကို ရှားဖောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေအကြား ကြီးထွားလာနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်လို့ ရဲတွေရဲ့ထောက်ခံမှုရဖို့ ဒီမိုကရက်တစ်နဲ့ ရီပါဘလီကန်ပါတီ သမ္မတလောင်းနှစ်ဦးစလုံးက ကြိုးစားနေကြပါတယ်။ Zlatica Hoke သတင်းလွှာကို ရှားဖောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်း Louisiana ပြည်နယ်မှာ အဆိုးရွားဆုံး ရေကြီးနေတာကြောင့် လူပေါင်း ၁၁ ယောက် ထက်မနည်းသေဆုံးပြီး အိမ်ခြေပေါင်း ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။ ဒီရေကြီးမှု ဒဏ်ကနေ ပြန်ပြီး နာလန်ထူဖို့ မလွယ်ကူတဲ့အကြောင်း Zlatica Hoke ပေးပို့ထားတဲ့သတင်းကို ရှားဖောင်က တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက လဟယ်မြို့နယ် နဲ့ နန်းယွန်းမြို့နယ်တွေထဲက ကျေးရွာတချို့မှာ အမျိုးအစား အတိအကျ မသိရသေးတဲ့ ကူးစက်မြန်ရောဂါ တမျိုးကြောင့် ကလေးငယ်အများစု အပါအဝင် သေဆုံးသူ အရေအတွက်ဟာ အခုနောက်ဆုံး ၄၀ နီးပါးအထိ ရှိသွားပြီးလို့ နာဂဒေသ ဦးစီးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ကပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတည်ပြုနိုင်ဖို့ လူထုဆန္ဒခံယူပွဲတရပ် တနင်္ဂနွေနေ့မှာ ကျင်းပဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။ ဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ သဘောထား အစစ်အမှန် ထုတ်ဖော်ကြဖို့ စည်းရုံးလှုံ့ဆော်သူတချို့ကို အာဏာပိုင်တွေက ဖမ်းဆီးတာတွေလည်း ရှိပါတယ်။ ရိုက်တာသတင်းကို ရှားဖောင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာလယ်ယာမြေတွေသိမ်းဆည်းခံရတဲ့ ပြဿနာဟာNLDပါတီဦးဆောင်တဲ့အစိုးရသစ်အဓိကဖြေရှင်းရမယ့် အကြောင်းအရာတခု ဖြစ်ပါတယ်။ လယ်သိမ်းသူတွေထဲမှာ စစ်တပ်လည်း ပါနေတာကြောင့် ဒီကိစ္စက ရှုတ်ထွေးပြီး စိန်ခေါ်မှုတွေရှိနေတဲ့အကြောင်း တက်ကြွလှုပ်ရှားသူတွေက သတိပေးပြောပါတယ်။ ရိုက်တာသတင်းကို ရှားဖောင်က တင်ပြထားပါတယ်။
"NLD အစိုးရ တက်လာပြီးတဲ့နောက်မှာ မတရားသိမ်းဆည်းခံ လယ်ယာမြေနဲ့ ပတ်သက်လို့ ပထမဆုံး ဦးစားပေးပြီးတော့ ဆောင်ရွက်ဖို့ NLD မှာ အစီအစဉ် ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။"
ကမ္ဘောဒီးယားနိုင်ငံက လိုဏ်ဂူ
ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့ အိမ်သာစနစ်သစ်
တရုတ်နိုင်ငံက လူသိများတဲ့ ပန်းချီဆရာလည်းဖြစ် အတိုက်အခံ တဦးလည်းဖြစ်တဲ့ Ai Weiwei ဟာ ကမ္ဘာပေါ်က ဒုက္ခသည်တွေရဲ့ပြဿနာတွေကို မှတ်တမ်း ရုပ်ရှင်တခု ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ ဒီအတွက် Gaza ဒေသမှာရှိတဲ့ ဒုက္ခသည်တွေကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ရှားဖောင်က တင်ပြထားပါတယ်။
အင်္ဂလိပ်ဘာသာစကား လေ့လာရာမှာ အထူးလိုအပ်ချက်ရှိသူတွေ၊ စာဖတ်ရာမှာ အခက်အခဲရှိတဲ့ ကလေးငယ်တွေကို လေ့ကျင့်ထားတဲ့ ခွေးကလေးတွေက ကူညီပေးနိုင်ပါတယ်။ အကူအညီလိုအပ်တဲ့ ကလေးငယ်တွေ စာဖတ်အား တက်လာအောင် ကူညီပေးတဲ့ နယူးယောက်မြို့က အစီအစဉ်တခုအကြောင်း Faiza Elmasry ရဲ့ သတင်းလွှာကို ရှားဖောင်က တင်ပြထားပါတယ်။
ဂျော်ဒန်နိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကလေးငယ်တွေ ကျောင်းမတက်နိုင်တဲ့ အခြေအနေ ပပျောက်စေဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စာသင်ကျောင်းက ကလေးငယ်တွေကို အစာအဟာရ ကျွေးမွေးတဲ့ အစီအစဉ်တရပ် လုပ်ဆောင်နေပါတယ်။ ရိုက်တာ သတင်းဆောင်းပါးကို ရှားဖောင်က တင်ပြထားပါတယ်။
ကင်ညာနိုင်ငံမြို့တော်တဝိုက်မှာ တရားမဝင် အခြေချနေထိုင်ကြသူတွေအကြား အဓမ္မပြုကျင့်မှုတွေ လျော့ကျပြီး ရပ်သွားအောင် သင်တန်းပေးလှုပ်ရှားမှုဟာ သိသိသာသာ အောင်မြင်မှုရှိတယ်လို့ သင်တန်းစီစဉ်သူတွေက ပြောပါတယ်။ ဒီလှုပ်ရှားမှုအကြောင်း နိုင်ရိုဘီမြို့တော်ကနေ Lenny Ruvaga ပေးပို့တဲ့သတင်းလွှာကို ရှားဖောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု Republican ပါတီတွင်း သမ္မတလောင်း Donald Trump ကို ထောက်ခံမှုတွေ ပိုများလာတာနဲ့အမျှ သူ ကတိပေးပြောဆိုနေသလို လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းတွေကို တင်းကျပ်ပြီး မက္ကစီကိုနယ်စပ်မှာ တံတိုင်းကာဖို့ အစီအစဉ်အပေါ် စိုးရိမ်သူတွေလည်း ပိုတိုးလာပါတယ်။ AFP သတင်းဆောင်းပါးကို ရှားဖောင်က တင်ပြထားပါတယ်။
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံအကြောင်း ဆောင်းပါးတချို့ကို ရှားဖောင်က တင်ပြထားပါတယ်။
ပင့်ကူမျှင်တွေသုံးထားတဲ့ တယောကို သိပ္ပံပညာရှင်တချို့ ဖန်တီးတီထွင်နေကြပြီး ပုံမှန်တယော တူရိယာတွေလို ဖျော်ဖြေ တီးမှုတ်နိုင်နေပြီလို့ ပြောပါတယ်။ ပုံမှန်တယောတွေထက် သယ်ယူရတာ ပိုပြီး ပေါ့ပါးတဲ့အတွက်လည်း လူကြိုက်များလာမယ်လို့ မျှော်လင့်ထားကြတာပါ။ AP သတင်းဆောင်းပါးကို အခြေခံပြီး ရှားဖောင်က တင်ပြထားပါတယ်။
ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာနိုင်ငံအကြောင်း ရေးသားချက်တွေကို ရှားဖောင်က စုစည်းတင်ပြထားပါတယ်။
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်းတွေကို ရှားဖောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်