အောက်တိုဘာ ၂၆ ရက်နေ့က ရွေနဒီအမြန်ယာဉ်ပေါ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ခေါ်ယူထိန်းသိမ်းထားတဲ့ သူတွေထဲက တစ်ချို့ကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီး ဒီကနေ့မနက် ၆နာရီလောက်မှာ ပြန်လွှတ်လိုက်ပြီးလို့ AAအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအတွင်းက အိမ်ခြံဝင်းတစ်ခုအတွင်းကို ဒီကနေ့ နေ့လည် ၁၂နာရီေလောက်က လက်နက်ကြီးကျရောက်ခဲ့တာကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။