ရွေးကောက်ပွဲကျင်းပဖို့ ၃၆ ရက်အလိုမှာပဲတရားသူကြီး Amy Coney Barrett ကို တရားရုံးချုပ်တရားသူကြီးခန့်ထားရေး သမ္မတDonald Trump အဆိုပြုလိုက်တာကြောင့် ဒီမိုကရက်နဲ့ရီပတ်ဗလစ်ကန်ပါတီကြီးနှစ်ရပ်အကြားနိုင်ငံရေးတိုက်ပွဲစည်းထပ်ခြားလိုက်သလိုလည်း ဖြစ်သွားပါတယ်။Michelle Quinn ရဲ့ သတင်းလွှာကို သိန်းထိုက်ဦးတင်ပြပါ့မယ်
ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ကယ်လွန်သွားတဲ့ အတွက် တိုင်းပြည်တဝှမ်း စိတ်မကောင်းဖြစ်နေကြသလို သူ့နေရာ အစားထိုး ရွေးချယ်ရေးက အမေရိကန် နိုင်ငံရေး တိုက်ပွဲတခု ဖြစ်လာပါတယ်။ သမ္မတ Trump ကတော့ ဒီသတင်းပတ်ထဲ အစားထိုးမယ့် တရားသူကြီးကို သူ အဆိုပြုမယ်လို့ပြောနေပါတယ်။
ပင်လယ်ကမ်းစပ်ကို မျောပါလာတဲ့ ပုလင်းခွံတွေကို လိုက်ဆယ်ရင်း ရှင်းလင်းယုံ သက်သက်ထက် ပိုတဲ့ တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံက အဖိုးအိုတယောက်အကြောင်း AFP သတင်းဆောင်းပါး တပုဒ်ကို သိန်းထိုက်ဦး က ပြောပြချင်ပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ပိုင်းဒေသမှာ တောမီးတွေ ငြိမ်းသတ်ဖို့ ကြိုးစားနေချိန်မှာပဲ၊ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး လောင်ကျွမ်းမှုကို ဖြစ်စေတာဟာ၊ ရာသီဥတု ပြောင်းလဲမှုကြောင့်ဆိုပြီး ဖြေရှင်းဖို့ ဖို့ သမ္မတ Donald Trump နဲ့ တခြား ခေါင်းဆောင်တွေ ကို ဒေသ ခံ အရာရှိတွေက တောင်းဆိုနေပါတယ်။
အမေရိကန် တောင်ပိုင်းဒေသတွေဟာ ဆယ်စုနှစ်ချီ ရီပတ်ဗလစ်ကန်တွေဘက် ယိမ်းခဲ့ပေမဲ့။ သမ္မတ Trump ၂၀၁၆ ခုနှစ်က အနိုင်ရခဲ့တဲ့ မြောက် ကာရိုလိုင်းနား ပြည်နယ်ကတော့ နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတ Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့ အကြိတ်အနယ် ပြိုင်ရမယ့် ပြည်နယ်တခုအဖြစ် သတ်မှတ်ထားပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေ အရှိန်မြှင့်လာချိန်မှာပဲ စစ်မှုထမ်းတွေကို သမ္မတ Donald Trump ချိုးနှိမ် ကဲ့ရဲ့ခဲ့တယ်ဆိုပြီး မဂ္ဂဇင်း တခုက ရေးသားခဲ့တာကို သမ္မတ Trump နဲ့ အစိုးရအဖွဲ့ဝင်တွေ အပြင်းအထန် ငြင်းဆို နေရပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာကို တင်ပြပါ့မယ်။ ကျနော် သိန်းထိုက်ဦးပါ။
Wisconsin ပြည်နယ် Kenosha မြို့မှာ လူမည်း အမျိုးသားတယောက်ကို ရဲအရာရှိတွေက ပစ်ခတ်ခဲ့တာကြောင့် လူမျိုးရေး တရားမျှတမှုကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ သတင်းပတ်က ဆက်ပြီးပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ Kenosha မြို့ကို သမ္မတ Donald Trump သွားဖို့ စီစဉ်နေပါတယ်။
သမ္မတ Trump ကို သမ္မတလောင်းအဖြစ် ရီပါဗလစ်ကန်ပါတီညီလာခံ အဆိုပြု
နိုဝင်ဘာရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ရွေးချယ်မယ့် ညီလာခံကို တနင်္လာနေ့က စတင်ကျင်းပပါတယ်ညီလာခံကို အွန်လိုင်:ကနေကျင်းပရတဲ့အတွက်ပါတီသမ္မတလောင်းလက်ခံမယ့် Joe Biden နဲ့ တခြားကိုယ်စားလှယ်တွေညီလာခံ ကျင်းပတဲ့ Wisconsin ပြည်နယ် Milwaukee မြို့ကိုမလာရောက်နိုင်တဲ့အကြောင်းတင်ပြထားပါတယ်
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ငါးသန်းကျော် ရှိပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကာ အကူအညီအထောက်အပံ့တွေပေးရေး လွှတ်တော်မှာ ဆွေးနွေးမှုတွေ သဘောတူညီချက်မရပဲ ဖြစ်နေပါတယ်။ ဒီလို သဘောတူညီချက်မရလို့ဆိုပြီး သမ္မတ Donald Trump က ထောက်ပံ့ရေးအစီအစဉ်တွေ သမ္မတအမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ လေးသန်းခွဲကျော် ရှိနေတဲ့ အမေရိကန်မှာ အလုပ်လက်မဲ့ နှုန်းကလည်း ဇွန်လက ကိန်းဂဏန်းတွေအရ ၁၁ ရာခိုင်နှုံး ရှိပါတယ်။ COVID-19 ရောဂါကာလ သန်းနဲ့ချီတဲ့အလုပ်လက်မဲ့ဖြစ်သူတွေနဲ့ အမေရိကန်ပြည်သူတွေကို ဘယ်လို အကူအညီ အထောက်အပံ့ပေးမလဲဆိုတာ အစိုးရ နဲ့ လွှတ်တော်အမတ်တွေဆက်ပြီးညှိ့နိုင်းနေပါတယ်။
လူထုစစ်တမ်းတွေမှာ အသာစီးရပေမဲ့ Biden ရွေးကောက်ပွဲနိုင်ရေး မသေချာသေး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကမ္ဘာတဝှမ်းက စီးပွားရေးလုပ်ငန်းသေးတွေ ဆက်လည်ပတ်ဖို့ ပုံစံအမျိုးမျိုးနဲ့ တီထွင် လုပ်ကိုင်လာကြပါတယ်။ ရင်ဆိုင်လာရတဲ့ ပကတိအနေအထားမှာ လုပ်ငန်းဆက်လည်ပတ် ရပ်တည်နိုင်အောင် နည်းပညာတွေသုံးတာ၊ အလုပ်ခွင့်ထဲ လာစရာမလိုဘဲ အဝေးကနေ စီမံခန့်ခွဲတာမျိုးတွေလည်း ပါပါတယ်။
COVID-19 ရောဂါကူးစက်သူ လေးသန်းကျော်ပြီး ပြည်နယ်တော်တော်များများ လုပ်ငန်းတွေ ပြန်မဖွင့်နိုင်သေးတဲ့အချိန် အမေရိကန်မှာ အလုပ်လက်မဲ့ ဖြစ်သွားသူတွေအနေနဲ့လည်းဘယ်လို ရပ်တည်မလဲဆိုတာမရောမရာဖြစ်နေပါတယ်။ အထက်လွှတ်တော် ရီပတ်ဗလစ်ကန်တွေကတော့ကိုရိုနာဗိုင်းရပ်စ် ထောက်ပံ့ကူညီရေး နောက်ထပ် ဥပဒေကြမ်း တရပ်ကို ကြေညာပါတယ်။
နှာခေါင်းစည်းတပ်ရေး အမေရိကန် နိုင်ငံရေးအဓိက အကြောင်းအရာ ဖြစ်လာ
သမ္မတ Trump နဲ့ ဒုသမ္မတဟောင်း Biden တို့ရဲ့ မဲဆွယ်မှုမဟာဗျူဟာ
ဗြိတိန် Bristol မြို့ Black Lives Matter လှုပ်ရှားမှုရုပ်ထုသစ်
အမေရိကန် ပြည်ထောင်စုမှာ Covid-19 ရောဂါကူးစက်သူ သုံးသန်းသုံးသိန်း ကျော် ရှိပြီး၊ တသိန်းသုံးသောင်း ခွန်ထောင်ကျော်သေဆုံးခဲ့သလို ကူးစက်မှုတွေလည်း တိုးလာနေပါတယ်။ ရောဂါမပျံ့ပွားအောင် ထိန်းချုပ်ရေး ကြိုးပမ်းမှုတခုအနေနဲ့ လူတွေကို နှာခေါင်းစည်းတွေ တပ်ဖို့ ကျယ်ကျယ်ပျံ့ပျံ့တိုက်တွန်းလာနေပါတယ်။
လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျုးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ရုရှားနဲ့ ဆော်ဒီအာရေးဗီးယားက လူပုဂ္ဂိုလယ်တွေအပေါ် ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်နိုင်ငံက ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီးတဲ့နောက်၊ တရုတ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်သူတွေအပေါ်မှာလည်း အလားတူအရေးယူဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။
အမေရိကန်နိုင်ငံတဝှမ်းမှာ COVID-19 ရောဂါကူးစက်တဲ့ အရေအတွက် များလာနေပြီးဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ တရက်ထဲ ဖလော်ရီဒါပြည်နယ်မှာ ပိုးကူးစက်သူ တသောင်းတထောင်ကျော် စံချိန်တင်အောင် များခဲ့ပါတယ်။ ရောဂါမပျံ့ပွားအောင် ကာကွယ်ကြဖို့ လူထုကြားမှာ အားနည်းနေတယ်ဆိုပြီး မြို့တော်ဝန်တွေကဆော်သြနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်