သမ္မတအိုဘားမားလက်ထက် ကျန်းမာရေးစောင့်ရှောက်မှုကိုအစားထိုးရေးနဲ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကာလ သမ္မတ Trump ရဲ့ သားနဲ့ ရုရှားရှေ့နေတွေ့ဆုံမှုတွေဟာ အမေရိကန်နိုင်ငံရေးမှာ မေးခွန်းထုတ်မှုတွေဆက်ရှိနေကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
သမ္မတအိမ်ဖြူတော်ရဲ့ နိုင်ငံရေး အရ ဖိအားပေးမှုတွေကို ဆန့်ကျင်သွားမယ့်အကြောင်း FBI ဒါရိုက်တာဟောင်း James Comey နေရာကို ဆက်ခံဖို့ အဆိုပြုခံထားရတဲ့ Christopher Wray က အထက်လွှတ်တော် တရားရေး ကော်မတီ ကြားနာပွဲမှာ သက်သေထွက်ဆိုသွားပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ပိုလန်နိုင်ငံခရီးစဉ်နဲ့ ဂျာမနီမှာကျင်းပတဲ့ G-20 ထိပ်သီးဆွေးနွေးပွဲကိုသွားခဲ့တဲ့ သမ္မတ Donald Trump ရဲ့ ခရီးစဉ်တွေ ဘယ်အတိုင်းအတာအထိ ထိရောက်မှုရှိသလဲဆိုတာကို ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ချိန်ဆနေတဲ့အကြောင်း VOA သတင်းထောက် Michael Bowman ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ပျားဆိပ်တွေမှာ ပဋိဇီဝဆေးတွေတော်တော်များများပါတယ်ဆိုပြီး ရောဂါကုသသူတွေ ဂါဇာကမ်းမြောင်ဒေသမှာ တဖြည်းဖြည်းပိုပြီး များလာနေပါတယ်။ ဒီလိုပျားတုပ်ခံပြီး ရောဂါကုတာဟာ ရောဂါတော်တော်များများကို ကုသနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းတစ်ပုဒ်ကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အနာဂတ်နဲ့ ပတ်သက်လို့ နိုင်ငံရေးအရ အကြီးအကျယ် သဘောကွဲလွဲမှုတွေ ပေါ်ပေါက်နေပြီး ရီပတ်ဗလစ်ကန်တွေဘက်ကိုယ်တိုင် ညီညွတ်မှုမရဘဲ ကသောင်းနင်းဆက်ဖြစ်နေသေးကြောင်း Michael Bowman ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန် လွတ်လပ်ရေး ကြေညာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မွေးနေ့ဖြစ်တဲ့ ဂျူလိုင်လ (၄) ရက်နေ့မှာ နှစ်စဉ် အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ ထောင်ချီတဲ့ အဆိုပြုချက်တွေအကြောင်း ခင်းကျင်း ပြသဖို့ ပြင်ဆင်နေပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ မွေးနေ့အဖြစ်သတ်မှတ်ထားတဲ့ လွတ်လပ်ရေးကြေညာခဲ့တဲ့ ဇွန်လိုင် ၄ ရက်နေ့ရောက်တိုင်း အမျိုးသားမှတ်တမ်းဌာနက နှစ်စဉ်အခမ်းအနားတွေကျင်းပလေ့ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုကိုပြင်ဆင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ပြသမယ့်ပြပွဲအကြောင်း Nikoleta Ilic ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုဖြစ်တဲ့အပြင် အိမ်ဖြူတော်ကို ချုပ်ကိုင်ထားပေမယ့် ရီပတ်ဘလစ်ကန်တွေအနေနဲ့ ရွေးကောက်ပွဲမှာကတိ ပေးခဲ့တဲ့ Obamacare ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ပြန်လည်အစားထိုးပြင်ဆင်ရေး ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဥရောပ နိုင်ငံတွေနဲ့ ကမ္ဘာတဝှမ်းမှာရင်ဆိုင်နေရတဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ အကြပ်အတည်းကို မီးမောင်းထိုးပြတဲ့အနေနဲ့ တရုတ်အတိုက်အခံလည်းဖြစ်၊ အနုပညာရှင်လည်းဖြစ်တဲ့ Ai Weiwei ရဲ့ အနုပညာပြပွဲတခု ဒိန်းမတ်နိုင်ငံမှာ ပြသနေပါတယ်။ AP သတင်းတပုဒ်ကိုအခြေခံပြီး ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
သမ္မတ Trump နဲ့ ရုရှားအရေးစုံစမ်းစစ်ဆေးမှု
ရီပတ်ဗလစ်ကန်အမတ်သေနတ်ပစ်ခံရ
ရှေ့နေချုပ် Jeff Sessons ကြားနာပွဲ
FBI ဒါရိုက်တာဟောင်း James Comey ကြားနာပွဲ
သမ္မတအိမ်ဖြူတော်နဲ့ သတင်းမီဒီယာ
သမ္မတTrumpပြည်ပခရီးစဉ်ကပြန်လာချိန်မှာပဲရုရှားနဲ့ပတ်သက်မှုရှိမရှိစစ်ဆေးမှုတွေကပိုတိုးလာနေပါတယ်။သားမက်ဖြစ်သူ သူ့ရဲ့ ထိပ်တန်းအကြံပေးJared Kushne ဟာ ရုရှားနဲ့ လျို့ဝှက်ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေထွက်ပေါ်လာနေတာပါ။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်မှာ သတင်းမှားဖြန့်တဲ့ Website တွေ၊ နိုင်ငံရေးအရဖြစ်ဖြစ်၊ တခါတလေ စီးပွားရေး အကျိုးအတွက်ဖြစ်ဖြစ် လူတွေရဲ့စိတ်ခံစားချက်တွေကို သွေးထိုးပေးပြီး အချက်အလက်မပါတဲ့ သတင်းတွေများလာခဲ့ပါတယ်။ ဒီအပေါ်တုံ့ပြန်ချက်တွေကို Deepak Dobhal သတင်းပေးပို့ထားပြီး ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံရေးမှာ ရုရှားဝင်ရောက်စွက်ဖက်မှုအပေါ် ဆက်ပြီးအာရုံစိုက်နေကြဆဲပါ။ FBI ဒါရိုက်တာဟောင်း James Comey ကို ရာထူးက ဖယ်ရှားလိုက်တဲ့အပေါ် အိမ်ဖြူတော် အရာရှိတွေဘက်ကတော့ အတည်ပြုတာမျိုး၊ ငြင်းဆိုတာမျိုးတွေ မလုပ်သေးပါဘူး။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
Trump ဟာ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ စောစောပိုင်းလတွေမှာတော့ အဓိက တိုးတက်မှုတွေ ရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အတိုက်အခံ ဒီမိုကရက်တွေဘက်မှာလည်း အခု အနေအထားသစ်မှာ နိုင်ငံရေးတိုက်ပွဲတွေနဲ့ ဆက်ပြီး ရင်ဆိုင်နေရပါတယ်။ VOA သတင်းထောက် Jim Malone ဝါရှင်တန်ကနေ သတင်းပေးပို့ထားပါတယ်။
FBI ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျုရို အကြီးအကဲ James Comey ကို သမ္မတ Donald Trump က ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ရာထူးကနေ ဖယ်ရှားလိုက်ပြီးတဲ့နောက် Comey ရဲ့နေရာမှာ အစားထိုးခန့်ထားဖို့ လူသစ် ရှာဖွေနေပါတယ်။ ဒီအကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မီးမှန်မှန်မရတာနဲ့ စွမ်းအင်မလုံလောက်တဲ့ ပြဿနာတွေနဲ့ ကြုံနေရသလို ဒီပြဿနာကို ဖြေရှင်းရာမှာ အခက်အခဲတွေ ရှိနေဆဲပဲလို့ ပြည်သူ့လွှတ်တော် လျှပ်စစ်နဲ့ စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်