အမေရိကန်ပြည်ထောင်စုရဲ့ အကုန်အကျအများဆုံးနဲ့ အရှုပ်ထွေးဆုံး ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ပြုပြင်ပြောင်းလဲရေး အထက်လွှတ်တော်မှာ စတင် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ရှေ့ဆက် အဟန့်အတားတွေ ရှိနေတဲ့အကြောင်း Michael Bowman က သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
နှစ်ပတ်ကြာ လွှတ်တော်ရပ်နားပြီး လွှတ်တော်အမတ်တွေ ဝါရှင်တန်မြို့တော်ကို ပြန်ရောက်လာချိန်မှာ အစိုးရအသုံးစရိတ် သက်တမ်းတိုးရေး အတည်ပြုဖို့ အရေးပေါ် လုပ်ရမယ့်တာဝန်က စောင့်ဆိုင်းနေပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အီရန်နိုင်ငံဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အီရန်နဲ့ပတ်သက်လို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် ကမ္ဘာတဝှမ်းမှာ နှောင့်ယှက်ဖျက်ဆီးတဲ့လုပ်ရပ်တွေ ကြုံရနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ Zlatica Hoke ရဲ့သတင်းကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာ့နှစ်သစ်ကူးနဲ့ ရိုးရာသင်္ကြန်
ထိုင်း စစ်မှုထမ်းဥပဒေနဲ့ လိင်အဂါၤပြောင်းလဲသူများ
ပင်လယ်ပြင်ထဲက ရာနဲ့ချီတဲ့ ကုန်တင်သဘောၤတွေက ခရီးစဉ်ကို ထောက်လှမ်းနိုင်တဲ့ဆက်သွယ်ရေး ကိရိယာတွေ ပိတ်ပြီး၊ လမ်းကြောင်းတွေလည်း အချက်မပေးဘဲ သွားလာနေတာကြောင့် အတွက်ပိုပြီးစိုးရိမ်နေရပါတယ်။Henry Ridgwellရဲ့သတင်းကို ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
အရပ်သားတွေအပေါ် ဓာတုဓာတ်ငွေ့သုံး တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအစိုးရရဲ့စခန်းတွေကို အမေရိကန်တပ်တွေ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ပြီးတဲ့နောက် သမ္မတ Trump အစိုးရအဖွဲ့ ရှေ့ဆက် ဘာလုပ်မလဲဆိုတာ ဝါရှင်တန်အသိုင်းအဝိုင်းက မေးခွန်း ထုတ်နေကြပါတယ်။ Michaela Bowman သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် သမ္မတ Donald Trump အဆိုပြုထားတဲ့ တရားသူကြီး Neil Gorsuch ကို အထက်လွှတ်တော် တရားရေးဆိုင်ရာ ကော်မတီက အတည်ပြုတော့မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
NLD ပါတီ ဦးဆောင်တဲ့အစိုးရအနေနဲ့ နိုင်ငံရဲ့တာဝန်ယူခဲ့တာ တနှစ်ပြည့်သွားပါပြီ။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးခဲ့တဲ့ NLD အစိုးရရဲ့ တနှစ်တာဆောင်ရွက်မှုတွေအပေါ် မြန်မာပြည်သူတွေအကြား အမြင်သဘောထားတွေ အမျိုးမျိုးရှိနေပါတယ်။ ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဒီနှစ် အမေရိကန် လွှတ်တော်အတွင်း အဓိက အားစမ်းမှုကြီးလို့ ပြောရမယ့် သမ္မတဟောင်း အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဥပဒေကို ပြန်လည် ပြင်ဆင် အစားထိုးရေး ရီပတ်ဘလစ်ကန် ပါတီဝင်တွေ ပြီးခဲ့တဲ့အပတ်က အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ Michael Bowman သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS စစ်သွေးကြွတွေကို အမြစ်ပြတ် ခြေမှုန်းသွားချင်တဲ့အကြောင်း ဝါရှင်တန်မြို့တော်မှာကျင်းပတဲ့ IS နှိမ်နှင်းရေး နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီအကြောင်း Zlatica Hoke ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တာဝန်ယူခဲ့တာ တနှစ်ပြည့်ခဲ့ပေမဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အခက်အခဲတွေ အများကြီးရှိနေသေးပြီး အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဟာလည်း အတိမ်းအစောင်းမခံတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ ဒီဆွေးနွေးပွဲအကြောင်း ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
၀န်ကြီး Tillerson ရဲ့ အာရှခရီးစဉ်
သမ္မတ Trump က သူ့ရဲ့ တယ်လီဖုန်းဆက်သွယ်မှုတွေကို အရင်သမ္မတဟောင်း အိုဘားမားရဲ့အမိန့်နဲ့ ကြားဖြတ် ခိုးပြီး နားထောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အိမ်ဖြူတော်ဘက်က သက်သေ အထောက်အထားတွေ ချက်ချင်း ပြသဖို့လွှတ်တော်အမတ်တွေက တောင်းဆိုနေပါတယ်။MichaelBowmanရဲ့သတင်းလွှာကိုဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွေအတွင်း လက်ရှိသမ္မတ Donald Trump ရဲ့ တယ်လီဖုံးဆက်သွယ် ပြောဆိုချက်၊ သမ္မတဟောင်း အိုဘားမားအစိုးရက ကြားဖြတ်ခိုးနားထောင်ခဲ့တာ ရှိမရှိ အပြန်အလှန်စွတ်စွဲချက်တွေဟာ ဒီတပတ် ဝါရှင်တန်နိုင်ငံရေးကို လွှမ်းမိုးနေပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး သမ္မတ Donald Trump ပြင်ဆင် ထုတ်ပြန်မယ့်အမိန့်ကို ကမ္ဘာက စောင့်နေတဲ့အချိန် ဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်လက်ခံရေး အစီအစဉ်တွေရဲ့ အခြေအနေကလည်း မရေမရာ ဖြစ်နေပါတယ်။ VOA သတင်းထောက် Elizabeth Chefneff က သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ကြားဝင်ချယ်လှယ်မှုတွေ ရှိမရှိ၊ နောက် သမ္မတ Trump ရဲ့ အတွင်းစည်းကလူတွေနဲ့ ရုရှားအစိုးရအကြားဆက်ဆံရေးအပေါ် သီးခြားလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ပါတီနှစ်ရပ်စလုံးက တောင်းဆိုမှုတွေ များလာနေပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
သတင်းလွတ်လပ်ခွင့်ကိုတန်ဖိုးထားပြီး သတင်းထောက်တွေအများအပြားရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Donald Trump ရဲ့ သတင်းဌာနတွေအပေါ် ထိုးနှက်တိုက်ခိုက်မှုအကြောင်းတွေက ဒီကနေ့ ဝါရှင်တန်နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်၊ တနင်္ဂနွေနေ့ည အော်စကာဆုပေးပွဲမှာ ဘယ် နာမည်ကျော် အနုပညာရှင်တွေ အော်စကာဆု ချီးမြင့်ခံရမလဲ အဖြေသိရတော့မှာပါ။ နယူးယောက်မြို့က အော်စကာရုပ်ထုတွေ ထုလုပ်တဲ့ အလုပ်ရုံမှာတော့ ပုံစံတူ ရွှေရည်စိမ် ရုပ်ထု ၆၀ ကို ထုဆစ်ရင်း အလုပ်ရှုပ်နေပါတယ်။ အေပီသတင်းတပုဒ်ကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un ရဲ့ အဖေတူ အမေကွဲအစ်ကို Kim Jong Nam ဟာ မက်ကာအိုကျွန်းမှာ ထင်ထင်ပေါ်ပေါ်မဟုတ်ဘဲ နေထိုင်ခဲ့သူတဦး ဖြစ်တဲ့အကြောင်း သူ့ကို တွေ့ဖူးသူတွေက ပြောပါတယ်။ Kim Jong Nam အကြောင်း ရိုက်တာသတင်းကိုအခြေခံပြီး ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်