အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က အနုပညာရှင် Clark Bedford ဟာ သူ့ကိုသူ သမားရိုးကျလမ်းကြောင်းက ခွဲထွက်လာတဲ့ သူတယောက်အဖြစ် အမြဲတစေ ဂုဏ်ယူသူပါ။ သူ့ရဲ့ ပစ္စည်းတွေအမျိုးမျိုးနဲ့ ပေါင်းစပ်ဖန်တီးတဲ့ အနုပညာတွေအကြောင်း Faiza Elmasry ရဲ့သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump က နိုင်ငံတော် ရှေ့နေချုပ်အဖြစ် လျာထားခံခဲ့ရတဲ့ အထက်လွှတ်တော်အမတ် Jeff Sessions ကို ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။ Michael Bowman ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မူဆလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံကလူတွေကို ခရီးသွားပိတ်ပင်တဲ့ သမ္မတ Donald Trump ရဲ့အမိန့်နဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေကြား သဘောထားကွဲလွဲချက်တွေ ထပ်မံပေါ်ပေါက်နေတာကို ဗဟိုတရားရုံးချုပ်က ဆုံးဖြတ်ရေးရမယ့် အနေအထားရောက်နေကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
မူဆလင်အများစုနေထိုင်တဲ့ နိုင်ငံခုနစ်နိုင်ငံက အမေရိကန်ဗီဇာရပြီးသားသူတွေနဲ့ တခြားသူတွေကို အမေရိကန်ပြည်ထောင်စုကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်အပေါ် အိမ်ဖြူတော်က ခုခံကာကွယ်ပြောဆိုနေပါတယ်။ Michael Bowman ရဲ့ သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ဒီကနေ့ အောက်လွှတ်တော်ဥက္ကဌ Paul Ryan နဲ့တွေ့ဆုံဖို့ရှိသလို သမ္မတအမိန့် ကြေညာချက်အများအပြားကိုလဲ လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့မူဝါဒ အပြောင်းအလဲဖြစ်လာရင် ကွက်လပ်ဝင်ဖြည့်ဖို့ အာဆီယံနိုင်ငံတွေကို မလေးရှားကာကွယ်ရေးဝန်ကြီးတိုက်တွန်း၊
အမေရိကန် အထက်လွှတ်တော်အနေနဲ့ Donald Trump ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အဖွဲ့ဝင်ဝန်ကြီးတွေခန့်ထားရေးအပေါ် ဆက်လက်အာရုံစိုက်ပြီး ဒီသတင်းပတ်အတွင်းမှာထပ်ပြီး မဲပေးကြဖို့ရှိနေပါတယ်။ ဗွီအိုအေသတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အစိုးရအုပ်ချုပ်ရေးမှာ အပြောင်းအလဲတွေလုပ်ဖို့အတွက် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အစီအစဉ်တွေကို အလျင်အမြန်လုပ်သွားမယ်လို့ ရွေးကောက်ခံသမ္မတ Trump က ကတိပေးထားပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးမညီညွတ်မှုကိုလည်း Trump ရင်ဆိုင်ရမှာပါ။ Jim Malone ရဲ့သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ချီတက်ဖျော်ဖြေကြမယ့် ဘင်ခရာအဖွဲ့တွေဟာ ဝါရှင်တန် ဒီစီ မြို့တော်ကို လာနေကြပါပြီ။ ရွေးကောက်ခံသမ္မတ Trump ကို မကျေနပ်တဲ့သူတွေက ချီတက်ဖျော်ဖြေပွဲတွေမှာ မပါဘဲ သပိတ်မှောက်ဖို့ လှုံ့ဆော်တာတွေကြောင့် အငြင်းပွားမှုတွေလည်း ရှိပါတယ်။ အေပီသတင်းကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ရှေ့သီတင်းပတ် သောကြာနေ့ဆိုရင် ရွေးကောက်ခံသမ္မတ Donald Trump ကျမ်းသစ္စာကျိန်ဆိုတော့မှာဖြစ်ပေမယ့် သမ္မတ ရွေးကောက်ပွဲရလဒ်ကို သြဇာလွှမ်းမိုးဖို့ ရုရှားဘက်က ကြိုးပမ်းခဲ့တယ်ဆိုတဲ့ကိစ္စအပေါ် သုံးသပ်ချက်တွေရှိနေဆဲပါ။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
Artificial Intelligence (AI) လို့လူသိများတဲ့ ဉာဏ်ရည်အတုသုံး နည်းပညာတွေဟာ ဒီနှစ် Las Vegas Convention Center ကျင်းပတဲ့ အီလက်ထရောနစ်ပစ္စည်း ကုန်စည်ပြပွဲမှာ အဓိက လွှမ်းမိုးနေပါတယ်။ ဒီကနေ့စတင်တဲ့ ပြပွဲမှာ ခင်းကျင်းပြသထားတဲ့ နည်းပညာပစ္စည်းတွေအကြောင်း ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ရုရှားနိုင်ငံဘက်က အင်တာနက်ကတဆင့် ထိုးဖေါက်မှုလုပ်ရပ်တွေအပေါ် အမေရိကန်ပြည်ထောင်စုအတွင်း တုန့်ပြန်မှု၊ သဘောကွဲလွဲ ချက်တွေဟာ ၂၀၁၇ ခုနှစ် နှစ်စပိုင်းမှာ အဓိက မကြေလည်မှု တခုအဖြစ် ဆက်ရှိနေပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
သိန်းဇော် (မန္တလေး) မွေးနေ့၊ ကဗျာ၊ အနုပညာ
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်တွေကမောက်ကမဖြစ်အောင် ရုရှားဘက်က ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေထွက်ပေါ်နေချိန်၊လာမယ့်နှစ်မှာကျင်းပမယ့် ဥရောပရွးကောက်ပွဲတွေမှာလည်း ရုရှားရဲ့နှောင့်ယှက်မှုတွေရှိလာနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။Henry Ridgwell ရဲ့သတင်းကို ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
လာမယ့် ၂၀၁၇ ခုနှစ်အစ ဝါရှင်တန်နိုင်ငံရေးမှာ ဥပဒေတွေတော်တော်များများ အတည်ပြုနိုင်ရေး ကြိုးပမ်းဖို့ရှိနေပြီး သမ္မတ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ပြင်ဆင်ရေးကိစ္စက ရီပတ်ဗလစ်ကန်တွေအတွက် ထိတ်တန်း အစီအစဉ်တခုပါ။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ကတင်ပြထားပါတယ်။
၂၀၁၇ခုနှစ် နှစ်ပတ်လည်အထိမ်းအမှတ်များ
သမ္မတရွေးကောက်ပွဲအပေါ် ရုရှားက ဝင်စွက်ဖက်ခဲ့တာနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲတဲ့ ငြင်းခုံသံတွေ ဝါရှင်တန်နိုင်ငံရေးခေါင်းဆောင်တွေကြား ဆက်ကြားနေရတာက အနာဂတ် ဆိုက်ဘာထိုးဖေါက်မှုတွေကို ကန် အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ထင်ဟပ်နေတဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုတွေကို ဖြေရှင်းရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းနေတာနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေကို အချိန်မှီ အသိပေးသွားမယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ကတိပေးပြောဆိုပါတယ်။ အပြည့်အစုံကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ခရစ်စမတ်အကြို ပြင်ဆင်မှုများ
ရုရှားနိုင်ငံက အမေရိကန် နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို အွန်လိုင်းကနေခိုးယူထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်တဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့က သုံးသပ်ပြောဆိုချက်ကို ရွေးကောက်ခံသမ္မတ Donald Trump က ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြထားပါတယ်။
သက်ကြီးရွယ်အိုတွေ ချော်လဲတဲ့ခါ ကာကွယ်ပြီး ဒဏ်ရရလို့ ကုသရတဲ့ စားရိတ်သက်သာအောင် လေအိတ်အဖြစ် သုံးနိုင်မယ့် ခါးပတ်ကို တီထွင်နေပြီး မကြာခင် ဈေးကွက်ထဲကို ရောက်လာဖို့ ပြင်ဆင်နေပါတယ်။ VOA သတင်းထောက် Steve Baragona သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်