ယူကရိန်းနိုင်ငံ တဝှမ်းက Circus ကျောင်းတွေက ဂျွမ်းဘားကစားတဲ့ ခလေးငယ်တွေ မကြာသေးခင်ကပဲ ဟန်ဂေရီနိုင်ငံ Budapest မြို့ကို ရောက်လာပြီး နိုင်ငံတကာ ဆပ်ကပ်ဖျော်ဖြေပွဲမှာ ပါဝင်ပါတယ်။ ရိုက်တာ သတင်းတပုဒ်ကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
၂၀၂၃ ခုနှစ်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ကျန်းမာရေးအခြေအနေအရ သူ့ရဲ့ ရာထူးတာဝန်တွေကို ဒုတိယဥက္ကဋ္ဌ (၁) နဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ယာယီတာဝန်ယူသွားမှာဖြစ်ကြောင်း KIO နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံခဲ့ရသလို၊ အကြမ်းဖက်မှု၊ စစ်နဲ့ပဋိပက္ခအပြင် များစွာသော အပြောင်းအလဲတွေလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ပြီးခဲ့တဲ့ တနှစ်ကျော်အတွင်း ထိုင်းနိုင်ငံကို ထွက်လာကြတဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား တိုင်းရင်းသား ကယန်းလူမျိုးနွယ်တွေဖြစ်တဲ့ ပဒေါင်လူမျိုးတချို့လည်း ပါဝင်ပါတယ်။ ချင်းမိုင်မြို့အနီး Mae Rim အရပ်က ပဒေါင်ကျေးရွာကို ဦးသိန်းထိုက်ဦး သွားရောက်တွေ့ဆုံ သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအဖြေထွက်ဖို့၊ အောင်မြင်ဖို့ဆိုရင် တဖက်သတ်ဖြစ်နေတဲ့ ဆွေးနွေးပွဲပုံစံ ပြောင်းလဲဖို့လိုတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကယူဆကြောင်း ယူရိုဘားမားရုံး အတိုင်ပင်ခံ ဦးခွန်ဆိုင်းက ပြောပါတယ်။ ဦးသိန်းထိုက်ဦး အပိုင်း ၂ အဖြစ် တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမှာ တရုတ်နိုင်ငံ အခန်းကဏ္ဏ အရေးကြီးပြီး၊ တရုတ်ရဲ့ အကူအညီ ရယူဖို့ လိုအပ်တဲ့အကြောင်း Euro-Burma Office ရဲ့ အတိုင်ပင်ခံ သတင်းစာဆရာ ဦးခွန်ဆိုင်းက VOA ကို ပြောပါတယ်။ ဦးသိန်းထိုက်ဦး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ငြိမ်းချမ်းရေးအတွက် အဖြေရှာရာမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား နိုင်ငံရေး သဘောတူညီချက်တွေ အရင်ရဖို့ လိုတဲ့လို့ RCSS ဗဟိုဦးဆောင်ကော်မတီဝင် စိုင်းလျန်းက VOA ကို ပြောပါတယ်။ စိုင်းလျန်းကို VOA ဦးသိန်းထိုက်ဦး ချင်းမိုင်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီ သီတင်းပတ်ကုန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ APEC ထိပ်သီးအစည်းအဝေး ကျင်းပမှာဖြစ်ပြီး မနက်ဖြန် APEC အဖွဲ့ဝင်နိုင်ငံတွေက အကြီးတန်းအရာရှိတွေရဲ့အစည်းအဝေးနဲ့ ကြာသပတေးနေ့မှာ ဝန်ကြီးများအဆင့်အစည်းအဝေးတွေ စတင်ကျင်းပါလိမ့်မယ်။
အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာအရေး အာဆီယံဘုံသဘောတူညီချက်ကို အချိန်ကာလသတ်မှတ်ချက်ထားပြီး လက်တွေ့ကျကျအကောင်အထည်ဖော်ဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ သတင်းယူနေတဲ့ VOA ခမာဌာန က အယ်ဒီတာ Khemara Sok ကို ဦးသိန်းထိုက်ဦး မေးမြန်းထားပါတယ်။
၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်အဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်တယ်ဆိုပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အစည်းအဝေးတက်ဖို့ ဖိတ်ကြားမထားပါဘူး။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာက ထိပ်တန်းအရာရှိကြီးတွေရဲ့အွန်ုလိင်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်ပါဝင်ခဲ့သူ ဗွီအိုအေမြန်မာပိုင်းဌာန အယ်ဒီတာ ဦးသိန်းထိုက်ဦးကို အသံလွှင့်ချိန်မတိုင်ခင်မှာ Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ တန်ဆောင်တိုင်ပွဲတော်ကျင်းပချိန် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လွိုင်ကထုံခေါ် ပန်းမျှောပွဲတော်နဲ့ မီးပုံးပျံလွတ်တဲ့ပွဲတွေ ကျင်းပကြပါတယ်။ ဦးသိန်းထိုက်ဦး သတင်းပေးပို့ပါတယ်။
မြန်မာစစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့နဲ့ မြန်မာဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်နေရာမှာ အမြဲတမ်းကိုယ်စားလှယ်ထားဖို့ IPI နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့က အာဆီယံကို တိုက်တွန်းပါတယ်။ ကိုသိန်းထိုက်ဦး သတင်းပေးပို့ပါတယ်။
ရှေ့နှစ်မြန်မာနိုင်ငံမှာကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်နေရာမှာ အမြဲတမ်းကိုယ်စားလှယ်တဦးခန့်အပ်ဖို့ နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ (IPI) အဖွဲ့ဝင်တွေက အာဆီယံနိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကိုအရေးယူဖို့ ဩစတြေးလျနိုင်ငံက စဉ်းစားနေတာတွေ ရှိပေမဲ့ လူသိရှင်ကြားထုတ်ဖော်ပြောတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က ဒီနေ့ ပြောဆိုသွားပါတယ်။ ဦးသိန်းထိုက်ဦးဘန်ကောက်ကနေ သတင်းပေးပို့ပါတယ်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ရေး ဩစတြေးလျနိုင်ငံက စဉ်းစားနေတာတွေ ရှိပေမယ့် စဉ်းစားနေတာ၊ လုပ်ဆောင်နေတာတွေနဲ့ပတ်သက်လို့ လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုတာမျိုးတော့ လုပ်မှာမဟုတ်ဘူးလို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း FCCT မှာ ဒီနေ့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ Soul မြို့ Itaewon က Halloween ပွဲတော်မှာ စနေနေ့က လူတွေတိုးကြိတ်နင်းမိပြီး သေဆုံးတဲ့သူ ၁၅၀ ကျော်ထဲမှာ အခုအထိတော့ မြန်မာနိုင်ငံသားတွေပါတဲ့သတင်း မကြားရသေးတဲ့အကြောင်း NUG အမျိုးသား ညီညွတ်ရေးအစိုးရ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဉီးရန်နိုင်ထွန်းက VOA ကို ပြောပါတယ်။ ြ
ဆိုးလ်မြို့ Halloween ပွဲတော်မှာ စနေနေ့က လူတွေ တိုးကြိတ်နင်းမိပြီး သေဆုံးတဲ့သူ ၁၅၀ ကျော်ထဲမှာ အခုအထိတော့ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ သတင်းတွေ မကြားရသေးတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက VOA ကို ပြောပါတယ်။ ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ရဲ့ တပ်မဟာ ၉ နယ်မြေ ဖားကန့် ဒေသ မြန်မာစစ်တပ်ဘက်က ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကို VOA မြန်မာပိုင်း အစီအစဉ်က ဦးသိန်းထိုက်ဦးဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ အနန့်ပါကျေးရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် KIA တပ်မဟာ ၉ နယ်မြေ နောက်ဆုံးအခြေအနေ၊ ထိခိုက်ဒဏ်ရရသူတွေဆေးကုသမှု၊ အသေအပျောက်စရင်းတွေနဲ့ပတ်သက်လို့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကို VOA မြန်မာပိုင်း အစီအစဉ်က ဦးသိန်းထိုက်ဦၤး ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်