ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂ အီးယူရဲ့ အဖွဲ့ဝင် ကိုယ်စားလှယ်လောင်း အဖြစ် ဥရောပပါလီမန်ကမဲခွဲအတည်ပြုလိုက်ပါတယ်။ အခုအဆင့်ဟာပထမဆင့် ဖြစ်ပါတယ်။ အဖွဲ့ဝင်အပြည့်အ၀ ဖြစ်ရေး ဆုံးဖြတ်မယ့် လုပ်ငန်းစဉ်ဟာ ၁၀ နှစ်လောက် ကြာနိုင်တယ်လို့လည်း သံတမန်တွေက ပြောပါတယ်။ ဦးသိန်းထိုက်ဦး ဆက်တင်ပြပါလိမ့်မယ်။
ဇန္နဝါရီလ ၆ ရက် လွှတ်တော်စီးနင်း တိုက်ခိုက်ခံရမှု စစ်ဆေးတဲ့ ကော်မတီက ဒီနေ့မှာ ကြားနာပွဲဆက်ကျင်းပ ပါလိမ့်မယ်။ သမ္မတဟောင်း Trump ဟာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ထပ်ခါတလဲလဲ စွပ်စွဲရင်း သူ့ကို ထောက်ခံသူတွေကို သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုပြီး ကော်မတီက စစ်ဆေးနေပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် အိုးအိမ့်စွန့်ခွာ ထွက်ပြေးရသူတွေထဲမှာ ကလေးငယ် နှစ်သိန်းခွဲလောက် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ကအစီရင်ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာပါအချက်တချို့ကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က သူတာဝန်ယူပြီး ၆ လအတွင်းမှာပဲ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေ ပိုပြီး ဆိုးဝါးလာသလို ဘက်ပေါင်းစုံ အကြပ်အတည်းတွေ နေရာအနှံ့ ကြီးမားလာတဲ့အကြောင်း မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အလွတ်သဘော တင်ပြသွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ နှစ် ဇန္နဝါရီလ ၆ ရက် လွှတ်တော်ကို ဝင်ရောက်စီးနင်းမှုနဲ့ ပတ်သက်ပြီး အများပြည်သူရှေ့ ကြားနာပွဲတွေ ဒီနေ့ တနင်္လာနေ့ လွှတ်တော်မှာ ဆက်လက် ကျင်းပပါတယ်။ ဒီအရေးအခင်းမှာ သမ္မတဟောင်း Donald Trump ရဲ့ အခန်းကဏ္ဍကို အာရုံစိုက်မယ့်ပုံရှိနေပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ယူကရိန်းနိုင်ငံသူ Galina Pashkevich ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို မျက်မြင်တွေ့ခဲ့သူပါ။ ယူကရိန်းကို ရုရှားက ကျုးကျော်တဲ့အချိန် မှာ သူ့မွေးရပ်မြေကို စွန့်ခွာပြီး အမေရိကန်ကို ရောက်လာပါတယ်၊ သူအတွေ့အကြုံ ပြန်ပြောပြချက်တွေအကြောင်း ကိုသိန်းထိုက်ဉီးတင်ပြပါမယ်။
ယူကရိန်းကို ရုရှား ကျုးကျော်ပြီးနောက်ပိုင်း အမေရိကန် ထိပ်တန်း အရာရှိတွေ အတော်များများ ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ သမ္မတ Joe Biden ရော ဘယ်တော့ သွားမလဲဆိုပြီး မေးကြတာတွေ ရှိနေပါတယ်။ သမ္မတ သွားသင့်မသင့် အမြင်သဘောထား Anita Powell ပေးပို့တဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နေတိုး မဟာမိတ်အဖွဲ့ထဲကို ဖင်လန်နဲ့ ဆွီဒင်နိုင်ငံ နှစ်နိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ လျှောက်ထားမှာကို ထောက်ခံတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းအနေနဲ့ မြန်မာ့အရေးကိစ္စမှာ သံတမန်ရေးအရ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့ အမေရိကန် ပြည်ထောင်စုဖက်က လိုလားတယ်လို့ အမေရိကန်အစိုးရရဲ့ အင်ဒို-ပစိဖိတ်ဒေသ ပေါင်းစပ် ညှိုနှိုင်းရေးမှူး Kurt Campbell က ပြောလိုက်ပါတယ်။
“NCA မထိုးသေးတဲ့အဖွဲ့တွေအနေနဲ့ သူတို့ ဖြစ်ချင်တဲ့ဥစ္စာကိုပဲ ပြောမှာ။ ရှင်းအောင်ပြောရရင်တော့ အခြေခံဥပဒေအသစ်ပြန်ပြီး ရေးဖို့ ပေါ့ဗျာ။ သူတို့ ပြောချင်တာကို ပြောခွင့်ရမယ် နားထောင်မယ်ဆိုရင် သူတို့က အဲဒါတွေ ပြောခွင့်ရလိမ့်မယ်။ ပြတ်ပြတ်သားသားအဖြေတခုတော့ ထွက်မှာမဟုတ်ဘူး။” (ဦးရဲထွန်း၊ နိုင်ငံရေးသုံးသပ်သူ)
အမေရိကန်မှာ အမျိုးသမီးတွေ သန္ဓေသားဖျက်ချခွင့် အခွင့်အရေးကို ဖက်ဒရယ် ဥပဒေအရပ်အဖြစ် ပြဌာန်းရေး အထက်လွှတ်တော်အတွင်း ဒီတပတ်ထဲ မဲခွဲဆုံးဖြတ်နိုင်အောင် ဒီမိုကရက် အမတ်တွေက အဆိုပြု တင်သွင်းလိုက်ပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
“ရွာပြန်တဲ့အခါကတော့ အိမ်ပြင်လိုက်ရတယ်။ နောက်ပြီး စားရေးသောက်ရေး စားဝတ်နေရေး မပြေလည်ကြဘူး။ လုပ်ကိုင်ဖို့ကလည်း နွားလည်း မရှိ။ သူတို့မှာ နွားတွေလည်း ကုန်ပြီ။ နွားတွေ ဝက်တွေ၊ ကြက်တို့ဘာတို့ နောက်တော့ သူတို့အမျိုးသားတွေ အလုပ်မရှိတော့ဘူး။ စားဝတ်နေရေးကတော့ ခက်ခဲတာပေါ့။” (စိမ်းစင်းရွာသား)
“လိုအပ်ရင်လိုအပ်သလို တွေ့ဆုံဆွေးနွေးကြတယ်ဆိုတာက ကောင်းတဲ့ လုပ်ငန်းစဉ် တခုဖြစ်တယ်ဗျာ၊ တဘက်မှာ နစကဥက္ကဋ္ဌက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်နေချိန်မှာ သူ့ရဲ့ လက်အောက်ခံ စစ်တိုက်မှူးတွေက အောက်ခြေမှာ နည်းမျိုးစုံနဲ့ ပြဿနာ ဖန်တီးနေတာကတော့ တဘက်နဲ့တဘက် ယုံကြည်မှုကို ပျက်ပြားစေတယ်ဗျာ။” (ခိုင်သုခ-AA ပြောခွင့်ရ)
တဘက်သတ်ဝါဒဖြန့်မှု၊ အများယုံကြည်တဲ့ မီဒီယာတွေ သိက္ခာကျစေဖို့ရည်ရွယ်တဲ့ ဥပဒေတွေ ထုတ်ပြန်မှု၊ အင်တာနက်ဝက်ဆိုက်တွေ ပိတ်ပင်မှု၊ ဖမ်းဆီးမှု စတဲ့ သတင်းလွတ်လပ်မှုကို ချိုးနှိမ်တဲ့ လုပ်ရပ်တွေကို ယူကရိန်း ကျုးကျော်စစ်ပွဲအတွင်း ရုရှားက တိုးလုပ်လာပါတယ်။ Sirwan Kajjo ပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
“အကြမ်းဖက်အဖွဲ့တွေကနေမှ ကျနော်တို့ ရွာသူ ရွာသားတွေကို သတ်ဖြတ်နေတာလည်း ရှိတယ်။ အဲ့သတ်ဖြတ်မှုမှာ တရားခံတယောက်တော့ မိထားတာတော့ရှိတယ်။ ပြောရရင်တော့ PDF အဖွဲ့က ခေါင်းဆောင်တယောက်ရှိတယ်။ ယခင်က CDM လုပ်နေတဲ့ ကျောင်းဆရာ ဟောင်းတယောက်ဖြစ်တယ်။ သူ့ကိုတော့ စစ်ဆေးနေဆဲ ရှိတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ဟာ ယူကရိန်းနိုင်ငံ Kyiv မြို့ကို သွားရောက်ပါတယ်။ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံ မြို့တော်ကို သွားရောက်တဲ့ အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေထဲက အဆင့်အမြင့်ဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ Arash Arabasadi ရဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်နိုင်ငံမှာ ဒီနေ့ပြီး လက်ရှိဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေအပေါ် အမြင်ဖလှယ်ပြီး ဒေသတွင်း တည်ငြိမ်၊ အေးချမ်း၊ တိုးတက်ဖို့ အပြုသဘော အားထုတ်မှုတွေရရှိစေဖို့ဆွေးနွေးကြောင်း တရုတ်အစိုးရ သတင်းက ဖော်ပြပါတယ်။
အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ်သမ္မတ Joe Biden အဆိုပြုထားတဲ့တရားသူကြီး Ketanji Brown Jackson ကို ခန့်ထားရေး အထက်လွှတ်တော် တရားရေးကော်မတီ ကြားနာပွဲတွေ ဆက်လက်ကျင်းပနေပါတယ်။ တရားသူကြီး Jackson အနေနဲ့ လွှတ်တော်အမတ် တဦးချင်းဆီရဲ့ မေးခွန်းတွေကိုဖြေကြားရပါလိမ့်မယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ယူကရိန်းကို ရုရှားကျုးကျော်တဲ့ စစ်ပွဲအရေး နှစ်ဖက် ဆွေးနွေးပွဲတွေမှာ အပစ်အခတ်ရပ်စဲရေး တိုးတက်မှုတွေ ရှိလာပြီလို့ ယူကရိန်းနဲ့ ရုရှား အရာရှိတွေကပြောဆိုပါတယ်။ စစ်ပွဲက စီစဉ်ထားတာထက်ပိုကြာလာတဲ့အချိန်ရုရှားဘက်ကတောင်းဆိုချက်တွေ ပြောင်းလာတာကိုကျွမ်းကျင်သူတွေက သတိထားမိကြပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ရုရှား လေယာဉ်တွေ အမေရိကန် လေကြောင်းပိုင်နက်ထဲ ပျံသန်းခွင့် မပေးဖို့ သမ္မတ Joe Biden ဆုံးဖြတ်လိုက်တာကြောင့် ဒီမိုကရက် လွှတ်တော်အမှတ်တွေက ထောက်ခံ ချီးကျုး ပြောဆိုနေပါတယ်။ ဒါပေမဲ့လည်း ရီပတ်ဗလစ်ကန် လွှတ်တော်အမတ်တွေကတော့ ဒီထက်ပိုပြီး အရေးယူဖို့ လိုလားနေပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်