လွိုင်ကော်မြို့တဝိုက်က တိုက်ပွဲတွေထဲ ထိခိုက် ဒါဏ်ရာရတဲ့ အရပ်သားတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို Free Burma Rangers အဖွဲ့ဝင်တွေက ဝင်ရောက်ကယ်ဆယ်ပြီး ဆေးကုသပေးနေပါတယ်။ Free Burma Rangers ဒုတိယပိုင်း အဖြစ် ဟောင်ဆာက တင်ဆက်ပေးထားပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စခဲ့တဲ့ ကရင်နီဒေသတဝိုက်မှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အဲဒီတိုက်ပွဲထဲကနေ ထိခိုက်ဒါဏ်ရာရသူတွေကို ကယ်ဆယ်ပေးနေတဲ့ Free Burma Rangers အဖွဲ့ဝင်အကြောင်းကို ယူကရိန်းမြန်မာ လွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဉ်ချက်အစီအစဉ်ကနေ ဟောင်ဆာက ပထမပိုင်းအဖြစ် တင်ဆက်ပေးထားပါတယ်။
မြန်မာပြည်ထဲ အရင်ကထက် တိုက်ပွဲတွေ ပိုပြင်းထန်လာနေပါတယ်။ တော်လှန်ရေး ဒါမှမဟုတ် စစ်ပွဲတခုမှာ အောင်မြင်မှုရဖို့ လက်နက်အင်အားက အရေးကြီးသလို နည်းဗျူဟာပိုင်းကလည်း ဘယ်လောက်အရေးပါလဲဆိုတဲ့အကြောင်း ယူကရိန်းမြန်မာ လွတ်မြောက်ရေးတိုက်ပွဲနှိုင်းယှဉ်ချက် အစီအစဉ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
ယူကရိန်းနဲ့ မြန်မာတို့မှာ မပြီးဆုံးသေးတဲ့လွတ်မြောက်ရေးတိုက်ပွဲတွေကြား ခိုအောင်းနေပြီးတော့ လူထုလိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ်ဆောင်နေကြသူ အများအပြားရှိတာပါ။ ယူကရိန်းထောက်ပို့စေတနာ့ဝန်ထမ်း အမျိုးသမီးတဦး အကြောင်းကို ယူကရိန်း၊ မြန်မာလွတ်မြောက်ရေး နှိုင်းယှဥ်ချက်အစီအစဥ်မှာ ဟောင်ဆာ တင်ဆက်ထားပါတယ်။
ရုရှား ကျူးကျော်မှုကာကွယ်ဖို့ နိုင်ငံတကာရောက် ယူကရိန်းနိုင်ငံသားတွေ နိုင်ငံကို ပြန်လာသလို မြန်မာမှာ စစ်အာဏာရှင်တိုက်ထုတ်ရေး ပြည်ပကလူငယ်တချို့ ပြန်လာပြီး တော်လှန်ရေးနယ်မြေမှာ စစ်ဘေးရှောင်နဲ့ တပ်ဖွဲ့တွေကို ကူညီကြပါတယ်။ ယူကရိန်း၊ မြန်မာ လွတ်မြောက်ရေး နှိုင်းယှဥ်ချက်အဖြစ် ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
အရှေ့အလယ်ပိုင်း ဂါဇာစစ်ပွဲကြောင့် နိုင်ငံတကာစာမျက်နှာမှာမှေးမှိန်နေရပေမဲ့ ယူကရိန်းစစ်ပွဲနဲ့ မြန်မာနိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေက ဆက်လက် ပြင်းထန်နေတာပါ။ ရှေ့ဆက်ပြီး လက်နက်နဲ့ ငြိမ်းချမ်းရေးကြား ဘယ်ဘက်ကိုဦးတည်နိုင်ပါလဲ။ ယူကရိန်း၊ မြန်မာလွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက်ကို ဟောင်ဆာ တင်ဆက်ထားပါတယ်။
ယူကရိန်းစစ်ပွဲကနေ ထွက်ပြေးပြီး အစ္စရေးနိုင်ငံမှာခိုလှုံနေထိုင်တဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးဟာ အခုအစ္စရေးမှာဖြစ်နေတဲ့ စစ်ပွဲနဲ့လည်း ထပ်ပြီးရင်ဆိုင်ရပါတယ်။ သူနဲ့မိသားစု အစ္စရေးစစ်ပွဲကြား ဘယ်လိုအသက်ရှင်နေထိုင်ရပါလဲ။ ယူကရိန်း၊ မြန်မာလွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက် အစီအစဥ်မှာ ဟောင်ဆာတင်ဆက်ထားပါတယ်
မြန်မာ့အရေးဟာ ယူကရိန်းအရေးနဲ့ ယှဉ်ရင် နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ အားပေးထောက်ခံမှုဟာ သတင်းမီဒီယာတွေရဲ့ ကဏ္ဍအားနည်းမှုကြောင့်လား၊ သက်ဆိုင်ရာအစိုးရဲ့ နိုင်ငံတကာ ဆက်ဆံရေး လိုအပ်ချက်ကြောင့်လား၊ယူကရိန်း၊ မြန်မာ လွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဉ်ချက်အစီအစဉ်မှာ ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
ရုရှားကျူးကျော်စစ်ကြောင့် အသက်လုထွက်ပြေးရတဲ့ ယူကရိန်းဒုက္ခသည် အမျိုးသမီးတွေ ဘယ်လို ရှင်သန်ရပ်တည်ရပါလဲ။ ယူကရိန်းမြန်မာ လွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
မြန်မာနဲ့ ရုရှား နှစ်နိုင်ငံဟာ အရင်ကထက် အပြန်အလှန် ကူညီထောက်ပံ့မှုတွေ ပိုလုပ်ဆောင်ပြီး ဆက်ဆံရေး တိုးမြှင့်တာဟာ ယူကရိန်း ကျူးကျော်စစ် နဲ့ မြန်မာစစ်ရေးပဋိပက္ခဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါလဲ။ ယူကရိန်းမြန်မာ လွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဉ်ချက် အစီအစဉ်ကနေ ဟောင်ဆာ တင်ဆက် ပေးထားပါတယ်။
ရုရှား-မြန်မာ ဆက်ဆံရေးကို တိုးမြှင့်နေတာဟာ လက်ရှိဖြစ်နေတဲ့ ယူကရိန်း ကျူးကျော်စစ် နဲ့ မြန်မာ့ပြည်တွင်းစစ် အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါလဲ။ ယူကရိန်းမြန်မာ လွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
နိုင်ငံလွတ်လပ်ရေး တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံတွေထဲမှာ ယူကရိန်းနိုင်ငံအတွက် ကာကွယ်ရေး အသုံးစားရိတ်တွေကို အမေရိကန်ဘက်က ပိုပြီးထောက်ပံ့ဘို့ ပြင်ဆင်နေပေမဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့မှုက မရှိသလောက် ဆက်လက်နည်းပါးနေတာပါ။ ဘာ့ကြောင့်ပါလဲ၊ နှိုင်းယှဥ်သုံးသပ်မှုကို ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
မြန်မာ့ပြည်တွင်းစစ်တွေမှာသာမက ယူကရိန်းအထိပါ သွားရောက် လုပ်ဆောင်နေတဲ့ Free Burma Rangers အဖွဲ့အကြောင်းကို ယူကရိန်း နဲ့ မြန်မာ လွတ်မြောက်ရေး တိုက်ပွဲ နှိုင်းယှဉ် ချက်အစီအစဉ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး ပေါ်ပေါက်နေချိန်မှာ ယူကရိန်းနိုင်ငံမှာလည်း ရုရှားရဲ့ ကျုးကျော်စစ်ကို ဆန့်ကျင်တဲ့ စစ်ပွဲတွေ ဆင်နွဲနေပါတယ်။ လူငယ်နှင့် အမျိုးသမီး ပါဝင်မှု ကဏ္ဍ ၂ နိုင်ငံ အခြေအနေ နှိုင်းယှဉ်ချက် ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ယူကရိန်းစစ်ပွဲအတွင်း သတင်းထောက်တွေ သေကြေရသလို၊ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတွေကြားက သတင်းထောက်တွေရဲ့ အခန်းကဏ္ဍ မြန်မာနဲ့ ယူကရိန်း ၂ နိုင်ငံ အခြေအနေ နှိုင်းယှဥ်ချက်ကို ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
နိုင်ငံတကာရဲ့ အကူညီ အထောက်ပံ့ နည်းပါးတဲ့ မြန်မာနွေဦးတော်လှန်ရေး စစ်ပွဲတွေဟာ ကာလကြာလာတဲ့ အမျှ ကာကွယ်ရေး ရန်ပုံငွေနဲ့ လူသားချင်းစာနာမှုအကူညီတွေ ပိုပြီးလိုအပ်နေပါတယ်။ အမေရိကန်က ယူကရိန်းစစ်ပွဲအတွက် အကူအညီတွေ ဘီလျံနဲ့ချီ ပေးနေတဲ့အခြေအနေ နှိုင်းယှဥ်ချက် အစီအစဉ် အပိုင်း ၄ ကို ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်ကော၊ နည်းပညာကော အားပေးထောက်ခံနေတဲ့ ရုရှားဟာအာဏာသိမ်းစစ်တပ်က ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို ဘာကြောင့် ပြန်ပြီးတော့ အသုံးပြုနေရသလဲ။ ယူကရိန်း မြန်မာ လွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက် အစီအစဉ် အဖြစ် ဟောင်ဆာက တင်ဆက်ပေးထားပါတယ်။
ရုရှားကျုးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းနိုင်ငံနဲ့ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မြန်မာနိုင်ငံဒီမိုကရေစီ လှုပ်ရှားမှုအကြား တူညီချက် ကွဲလွဲချက်တွေကို နိုင်းယှဉ်တဲ့ အပတ်စဉ် အစီအစဉ်တခုကို တင်ဆက်ပေးချင်ပါတယ်။ VOA မြန်မာပိုင်း အစီအစဉ်အတွက် ဟောင်ဆာက တင်ဆက်ပေးထားပါတယ်။