လူတယောက်မှာ ကျန်းမာရေး ကောင်းမွန်ဖို့က ဆီးဝမ်းမှန်ဖို့လည်း အရေးကြီးတာပါ။ ဒါ့ကြောင့် မိမိမှာ ဝမ်းချုပ်တတ်သလားဆိုတာ သိရှိပြီး ရှောင်ကြဉ်ရမယ့် အပြုအမူတွေ သိထားဖို့ လိုအပ်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော် တင်ဆက်ထားပါတယ်။
ကမ္ဘာမှာ နည်းနည်းချင်းကူးစက်ပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါဟာ နိုင်ငံတကာကို ရောက်ရှိနေပြီး တချို့နိုင်ငံတွေမှာတော့ ကာကွယ်ဆေးထိုးပေးနေပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာမရှိပေမဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး သိထားဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော် တင်ဆက်ထားပါတယ်။
မေလ ၂၉ ရက်နေ့ဟာ ကမ္ဘာ့အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာရေးနေ့ ဖြစ်ပါတယ်။ အူလမ်းကြောင်းကျန်းမာရေးအတွက်ဆိုရင် လူတိုင်း ၀မ်းမှန်၊ မမှန် စောင့်ကြည့်ဆန်းစစ်ခြင်းအားဖြင့် အူမကြီးကင်ဆာလိုမျိုး ရောဂါကို ကြိုတင်သိနိုင်မှာပါ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော် တင်ဆက်ထားပါတယ်။
ရောဂါတော်တော်များများက မသန့်ရှင်းတဲ့ လက်တဆင့် ကူးစက်စေနိုင်တာမို့ ကျန်းမာရေးအတွက် လက်ကို သေချာဆေးသင့်တာပါ။ လက်မသန့်ရှင်းမှုက ဘယ်လို ရောဂါတွေကို သယ်ဆောင်လာပါသလဲ။ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ မိုးရာသီထဲဝင်လာပြီဆိုရင် ဝမ်းပျက်ဝမ်းလျှောနဲ့ ရာသီတုပ်ကွေးရောဂါတွေ အဖြစ်များတာပါ။ ဒါ့ကြောင့် ဒီရောဂါတွေကို ဘယ်လိုသတိထား ကာကွယ်မလဲဆိုတာ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ မိုးရာသီထဲ ဝင်လာပြီဆိုရင် ကလေးတွေအတွက် အထူးသတိထားရမှာက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပါတယ်။ ခြင်ကတဆင့် ကူးစက်တတ်တာမို့ ဒါကိုလည်း အထူးသတိထား ကာကွယ်ဖို့လိုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ နွေရာသီကုန်ဆုံးဖို့ နီးကပ်လာပေမဲ့ အပူဒဏ်က သတိထားရမယ့် အခြေအနေပဲဖြစ်ပါတယ်။ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပြီး ဒါ့ကြောင့် နေပူထဲထွက်ရရင် ကျန်းမာရေး မထိခိုက်အောင် ဘာတွေလုပ်သင့်လဲဆိုတာ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ တနှစ်တာအတွင်း အပူဆုံးအချိန်ကို ရောက်နေပြီး အပူချိန်အလွန်အမင်းမြင့်တက်နေတာကြောင့် အပူဒဏ်ကာကွယ်ရေးလုပ်ဆောင်ချက်တွေကို လိုက်နာလုပ်ဆောင်ပေးကြဖို့ လိုတဲ့အကြောင်း လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော်က တင်ဆက်ထားပါတယ်။
အရက်နဲ့ ဆေးလိပ် သောက်သုံးတာဟာ အူမကြီးကင်ဆာရောဂါအပါအ၀င် တခြားဖြစ်စေနိုင်တာပါ။ ဘယ်ကင်ဆာအမျိုးအစားတွေပါလဲ။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ဝမ်းသွားတဲ့ထဲမှာ မျက်စိနဲ့ မမြင်နိုင်ပေမဲ့ သွေးပါနေနိုင်တဲ့အတွက် ၀မ်းထဲမှာ သွေးပါ၊ မပါ စစ်ဆေးကြည့်တာက အူမကြီးနဲ့အစာအိမ်ဟောင်းကင်ဆာရောဂါကို စောစီးစွာ ဖော်ထုတ်ကုသရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော်က တင်ဆက်ထားပါတယ်။
အူမကြီးနဲ့ အစာအိမ်ဟောင်းကင်ဆာရောဂါဖြစ်ပြီဆိုရင် ရောဂါအဆင့်မြင့်တဲ့ အချိန်အထိ မရောက်ခင်ဆို အသက်ရှင်ဖို့ အခွင့်အရေးများအောင် ကုသလို့ ရပါတယ်။ ဒါပေမဲ့ ကြိုတင် ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး စောစောစီးစီး ဖော်ထုတ်ကုသမှုခံဖို့တော့လိုပါတယ်။ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ဝမ်းချုပ်တာဟာ ကျန်းမာရေးကို ထိခိုက်နိုင်စေတာပါ။ ဝမ်းချုပ်လို့ ကင်ဆာဖြစ်စေတယ်ဆိုတာမျိုး တွေ့ရှိချက်တော့မရှိပေမဲ့ ကျန်းမာရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ မရှိအောင်ဆို ၀မ်းမှန်အောင် စားသောက်နေထိုင်ဖို့ လိုအပ်ပါတယ်။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မကောင်းတဲ့ အမူအကျင့်တွေကို ကောင်းတဲ့ အမူအကျင့်တွေနဲ့အစားထိုး ပြောင်းလဲလိုက်နာခြင်းဖြင့် အူမကြီးနဲ့ အစာအိမ်ဟောင်းကင်ဆာရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
အူမကြီးနဲ့ အစာအိမ်ဟောင်းကင်ဆာရောဂါကို လက်ဦးမှု ရယူကုသဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းပါတယ်။ ဒီကင်ဆာရောဂါက ကိုယ့်မှာ ဖြစ်မဖြစ် စောစောသိရှိအောင် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နိုင်တာဖြစ်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာ သန့်ဇော်က တင်ဆက်ထားပါတယ်။
ဆီးချိုရောဂါဟာ အမျိုးအစား နှစ် မျိုးရှိပြီး ကြိုတင်ကာကွယ်လို့ရတဲ့ အမျိုးအစားလည်း ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ရင် ဆီးချို တမျိုးကို ကာကွယ်နိုင်တာပါ။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
အသည်းရောဂါ ဘီပိုး၊ စီပိုးကူးစက်ခံရပြီဆိုရင် ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ပိုးကူးစက်ခံရပြီိဆိုတာနဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ပြသတိုင်ပင်ဖို့လည်း အကြံပေးပါတယ်။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းဟာ ကုသရခက်ခဲတဲ့ရောဂါတမျိုး ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေအကြောင်း လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
လူတိုင်း ကျန်းမာရေးစစ်ရေးမှုတွေ ပြုလုပ်တဲ့နေရာမှာ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုး တွေကို ထည့်သွင်းစစ်ဆေးဖို့လိုအပ်ပါတယ်။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
အခုမြန်မာနိုင်ငံမှာ မြန်မြန်ဆန်ဆန် ကူးစက်ပြန့်ပွားနေတဲ့ ကိုဗစ်အိုမီခရွန်မျိုးကွဲကြောင့် ကိုဗစ်စတုတ္ထလှိုင်း စလာနေချိန်မှာ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေ လိုက်နာကြဖို့ အရေးကြီးပါတယ်။ ဒီမှာ လူတဦးချင်းစီအနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်ပါလဲ။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ကမ္ဘာမှာ အရှိန်မြန်မြန်နဲ့ ကူးစက်ပြန့်ပွားနေတဲ့ ကိုဗစ် အိုမီခရွန်မျိုးကွဲကို ဒီလ မြန်မာနိုင်ငံ ကိုဗစ်လှိုင်းသစ်မှာ ကြုံရနိုင်တယ်လို့ ကြိုတင်ပြင်ဆင်ထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေပါတယ်။ လူထုနဲ့ ကျန်းမာရေး အစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်