အမေရိကန်မှာ သန္ဓေသားဖျက်ချခွင့် Roe vs Wade ဆုံးဖြတ်ချက်ကို ကွန်ဆာဗေးတစ် တရားသူကြီးအများစု ကြီးစိုးတဲ့ အမေရိကန်တရားရုံးချုပ်က ပြန်ဖျက်သိမ်းလိုက်ပါတယ်။ ၁၉၇၃ ခုနှစ်ကတည်းက စတင်ခွင့်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ၆ မဲ ၃ မဲနဲ့ တရားရုံးချုပ်က ပြန်ရုတ်သိမ်းလိုက်တာပါ။ ကိုအောင်အောင်တင်ပြပေးထားပါတယ်.
ရုရှားနဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာတာကြောင့် အမေရိကန်အနေနဲ့ အရှေ့ဘက် မျက်နှာစာကိုသာမက မြောက်ဘက်ကိုလည်း သတိနဲ့ စောင့်ကြည့်ကာကွယ်ဖို့ အစီအစဉ်တွေ ချထားပါတယ်။ အမေရိကန် လေတပ်အခြေစိုက်စခန် Eielson မှာ လေကြာင်းရန် ကာကွယ်ရေးအတွက် ပြင်ဆင်ထားတာကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ဝင်တွေကိုပို့ချတဲ့ စစ်မြေပြင်ရှေးဉီးသူနာပြုသင်တန်းမျိုး ယူကရိန်းတပ်ဖွဲ့ဝင်တွေလည်း လေ့လာသင်ကြားရပါတယ်။ စစ်မြေပြင်သုံး အရေးပေါ်အသက်ကယ် ဆေးဝါးပစ္စည်းထုတ်တွေလည်း ယူကရိန်းနိုင်ငံအတွက် အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့တွေကပေးပို့နေပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ပိုလန်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ ယူကရိန်းဒုက္ခသည် ၂ သန်းခွဲလောက် ယူကရိန်းနိုင်ငံကို ပြန်သွားကြပြီလို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုတွေ ဆက်ရင်ဆိုင်နေရပေမဲ့ အပျက်အစီးတွေကြားက မွေးရပ်မြေကို ပြန်ထူထောင်ဖို့ ယူကရိန်းဒုက္ခသည်တွေ မျှော်လင့်နေကြဆဲပါ။ ကိုအောင်အောင်ကတင်ပြထားပါတယ်။
အင်ဒီးယာနာပြည်နယ် ဖော့ဝိန်းမြို့မှာ ၁၉၉၀ ကတည်းကမြန်မာနိုင်ငံက ဒုက္ခသည် တွေ ရွှေ့ပြောင်း အခြေချလာပြီး အဲဒီထဲမှာ ကိုမင်းခန့်လည်း ပါဝင်ပါတယ်။ သူဟာ ထရပ်ကားကုမ္ပဏီ တခုကို ထူထောင်ထားပြီးမြန်မာရွှေ့ပြောင်းအခြေချသူတွေလည်း သူ့ယာဉ်လိုင်းမှာအားဖြည့်လုပ်ကိုင်နေကြပါတယ်။ ကိုအောင်အောင်က ရိုက်ကူးတင်ပြထားပါတယ်။
သေနတ်ကိုင်ဆောင်ခွင့် ပို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့နဲ့ သေတ်နဲ့ အကြမ်းဖက် ပစ်ခတ်တာတွေကို တားဆီးမယ့် ဥပဒေကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ပြဌာန်းပေးဖို့ ဇွန်လ ၁၁ ရက်နေ့က မြို့တော် ဝါရှင်တန်ဒီစီအပါအဝင် မြို့ကြီးတော်တော်များများမှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ အောင်အောင်ကတင်ပြပေးထားပါတယ်။
အမေရိကန်မှာ သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပဖို့ နီးလာချိန်မှာပဲ ငွေကြေးဖေါင်းပွမှုနဲ့ ကုန်ဈေး ကြီးထွားလာတဲ့ပြဿနာတွေကိုရင်ဆိုင်နေရပါတယ်။ ကိုဗစ်ကာလလွန်မြောက်ကာနီးအခြေအနေမှာ စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ပြန်လည်ပတ်နိုင်ဖို့ မျှော်လင့်မှုတွေလည်း ရှိတာပါ။ ကိုအောင်အောင်တင်ပြထားပါတယ်
အမေရိကန်ပြည်ထောင်စုမှာ အမုန်းတရားအခြေခံ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ပြည်သူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားသူ Xernona Clayton က ပြောပါတယ်။ ကလေတန်က အသက်တွေသေဆုံးနေတာကို ရှောင်ရှားနိုင်အောင်ဆောင်ရွက်ကြဖို့လည်း လိုလားနေတာပါ။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ဖင်လန်နိုင်ငံဟာ နှစ်ပေါင်း အတော်ကြာ ကြားနေရပ်တည်လာခဲ့တဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒကို ပြင်ဆင်ပြောင်းလဲလိုက်တဲ့ တချိန်တည်းမှာပဲ ဖင်း အမျိုးသမီးတွေကြားမှာလည်း နိုင်ငံကို ကာကွယ်ဖို့အတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်လာပါတယ်။ ရိုက်တာသတင်းကို ကိုအောင်အောင်က ပြောပြထားပါတယ်။
အမေရိကန် စာသင်ကျောင်းတွေ အပါအဝင် နေရာ တချို့မှာ သေနတ်ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတာကြောင့် မြန်မာနွယ်ဖွားမိဘတွေကသေနတ်ကိုင် အကြမ်းဖက်မှုတွေ မကြာခန ပေါ်ပေါက်နေတဲ့ အခြေအနေ ပြောင်းလဲစေချင်တဲ့အကြောင်း ပြောဆိုပါတယ်။ မြန်မာအမေရိကန်တွေရဲ့ သဘောထားအမြင်တွေကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်မှာလွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက စာသင်ကျောင်းကို ဝင်ရောက် ပစ်ခတ်မှုတွေကြောင့် အမေရိကန်သမ္မတ အဆက်ဆက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ထောက်ပြ ပြောဆိုနေခဲ့တာပါ။ ဒါပေမယ့်လည်း အကြမ်းဖက်ပစ်ခတ်တာကို အဆုံးသတ်နိုင်မယ့် အဖြေအတွက် ငြင်းခုံနေဆဲပါ။ကိုအောင်အောင် တင်ပြပေးပါမယ်။
လူမည်း အမျိုးသား George Floyd လူဖြူရဲအရာရှိတွေ ဖမ်းဆီးနေတဲ့အချိန် သေဆုံးသွားပြီးနောက် အမေရိကန်နဲ့ ကမ္ဘာတဝှမ်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေး တာဝန်ရှိသူတွေရဲ့ကြိုးပမ်းမှုတွေကတော့ မအောင်မြင်သေးပါဘူး။ကိုအောင်အောင်က တင်ပြပေးထားပါတယ်
အမေရိကန် Texas ပြည်နယ် မူလတန်းကျောင်းမှာ ပစ်ခတ်မှုအပြီးမှာတော့ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေလည်း ဒီလိုအဖြစ်အပျက်တွေ အဆုံးသတ်နိုင်ဖို့အတွက် တင်းကြပ်တဲ့ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေတွေ ထုတ်ပြန်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
ရေမြေခြားမှ ရုပ်ပုံလွှာအစီအစဉ်မှာ အဆိုတော်ကြီး ဒေါ်မာမာအေးက တနေ့တာ ဘယ်လို ဖြတ်သန်းသလဲ၊ အစိုးရအနေနဲ့ ကျန်းမာရေးပိုင်းမှာ ဘယ်လို အထောက်အပံ့တွေ ပေးလည်းဆိုတာကို ပြောပြထားပါတယ်။ ကိုအောင်အောင် ရိုက်ကူး တင်ဆက်ထားပါတယ်။
အိန္ဒိယမှာ ၂ လကျော်ကြာ အပူလှိုင်း ဖြတ်နေပြီး ဒီဒဏ်ကို အဆိုးရွားဆုံး ခံရသူတွေကတော့ လမ်းပေါ်ထွက် အလုပ်လုပ်နေရသူတွေ ဖြစ်ပါတယ်။ ကြမ်းတမ်းခက်ထန်တဲ့ ဘဝတွေကို အံ့တုနေရသူတွေအဖို့ တပူပေါ် နှစ်ပူဆင့် ဆိုသလို ဆိုးရွားတဲ့ ရာသီဥတုဒဏ် ခံနေရတဲ့အကြောင်း Anjana Pasricha ပေးပို့ထားတဲ့သတင်း ကိုအောင်အောင်က တင်ပြထားပါတယ်။
ပိုလန်သမ္မတဟာ ယူကရိန်းနိုင်ငံကို ရုတ်တရက် သွားရောက်ခဲ့ပြီး ယူကရိန်းမြို့တော် ပါလီမန်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းနိုင်ငံကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။VOA သတင်းထောက် Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်
အမေရိကန်ကို DV ကံစမ်းမဲအစီအစဉ်နဲ့ ရောက်လာသူ ကိုဝင်းနိုင်ဟာ ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတယောက် ဘယ်လို ဖြစ်လာလဲဆိုတာကို ပြောပြထားပါတယ်။ အိမ်သုံးလျှပ်စစ်ပစ္စည်းပြင်ပေးသူ ကိုဝင်းနိုင်အကြောင်း ရေမြေခြားမှ ရုပ်ပုံလွှာ အစီအစဉ်မှာ ကိုအောင်အောင်က ရိုက်ကူးတင်ဆက်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ကုန်စည်ကူးသန်း သယ်ပို့ရာမှာ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ကြားမှာပဲ ရုရှားကျူးကျော်စစ်ကြောင့်အခြေအနေ ပိုဆိုးရွားသွားစေတာပါ။ ဒီလို အခြေအနေတွေဟာ ဝယ်ယူသုံးစွဲသူတွေအပေါ် ဘယ်လို ရိုက်ခတ်မှု ရှိနေလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ယူကရိန်းဆိုင်ရာ အမေရိကန်သံအမတ်သစ် ရွေးချယ်ခန့်အပ်ဖို့စီစစ်နေသလို သံရုံးပြန်လည်ဖွင့်လှစ်သွားမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ Blinken ဟာယူကရိန်းနိုင်ငံမြို့တော်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ သွားရောက်ပြီးယူကရိန်းသမ္မတနဲ့ ဆွေးနွေးခဲ့ပါတယ်။ ကိုအောင်အောင်ပြောပြပါမယ်
ကိုဗစ်ကပ်ရောဂါကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်ပြီးဈေးနှုန်းတွေတက်လာပါတယ်။ ကုန်ဈေးနှုန်းတက်တာကြောင့်ထပ်ဆင့် ဈေးတက် ရောင်းမလား ဈေးနှုန်းချိုချိုသာသာနဲ့ ရောင်းမလားဆိုတာကိုချိန်ဆနေရကြောင်းနယူးယောက်ပြည်နယ်က ထိုင်းစားသောက်ဆိုင်ပိုင်ရှင် ကိုရွှေသွေးက ပြောပါတယ်။ ကိုအောင်အောင်တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်