အနာဂါတ် မြန်မာနိုင်ငံ ဖွံ့ဖိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်ကြားဖို့ မြန်မာကျောင်းသူ ကျောင်းသား ထောင်နဲ့ချီအတွက် ပညာတော်သင်ဆုပေးအပ်မယ့် အစီအစဥ်သစ်နဲ့ ပတ်သတ်ပြီး USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ က ဖေဖေါ်ဝါရီ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အနာဂါတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်ကြားဖို့ မြန်မာကျောင်းသူ ကျောင်းသား ထောင်နဲ့ချီအတွက် ပညာတော်သင်ဆုပေးအပ်မယ့် အစီအစဥ်သစ်နဲ့ ပတ်သတ်ပြီး USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
စစ်မှုထမ်းရမယ့် အချိန်မှာ လူသားဒိုင်းအဖြစ် အသုံးချခံရနိုင်မှာလား၊ ပြည်ပ အလုပ်အကိုင် စွန့်ပြီး စစ်မှုထမ်းရမယ့်သူတွေအနေနဲ့ လုပ်သက်အလိုက် ခံစားခွင့် နစ်နာမှုတွေအပြင် မူလအလုပ်ကို ပြန်ရဖို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေတွေကိုလည်း သူတို့က ထောက်ပြ ပြောဆိုပါတယ်။
စစ်ကောင်စီက အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ လူငယ်တွေ အနာဂတ်နဲ့ ပတ်သတ်လို့ ဘယ်လောက်ထိ အာမခံချက်ရှိနိုင်မလဲဆိုပြီး ပြည်ပရောက် လူငယ်တွေက မေးခွန်းထုတ်လိုက်ပါတယ်။
တချိန်က ဆန်ရေစပါး ပေါ်ကြွယ်ဝတဲ့နိုင်ငံမှာ အခုအခါ အစာရေစာပြတ်လပ်ပြီး သေဆုံးကြတဲ့ သူတွေလည်း ရှိတယ်လို့ မျက်မြင်ကြုံတွေ့သူတွေက ပြောပါတယ်။ မြန်မာပြည်သူတွေ အစာရေစာ ဘယ်လို ချွေတာ စားသောက်နေရလဲဆိုတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သာမန်ပြည်သူတွေ နေ့စဉ် ရှင်သန်နေထိုင်နိုင်ဖို့ အပြင်းအထန် ရုန်းကန်လှုပ်ရှားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာ့အရေးဆွေးနွေးပွဲအကြောင်း ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျောင်းလာတက်ရင်း ကွန်ပြူတာနဲ့ ဘွဲ့ရခဲ့ပေမယ့် စက်ပြင်လုပ်ငန်းကို ဝါသနာအရလုပ်ကိုင်ရင်း ကားပြင်ဆိုင် ဖွင့်ဖြစ်လာတာလို့ ကိုမင်းဂေါင်ထွန်းက ပြောပါတယ်။ မေရီလန်းပြည်နယ် မှာဖွင့်လှစ်ထားတဲ့ မင်း ကားပြင်လုပ်ငန်းအကြောင်း ကိုအောင်အောင်က သုတစုံလင်အမေရိကန်တခွင်အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဂန္တဝင်ဂီတ အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်သွားပေမယ့်လည်း သူချန်ရစ်တဲ့ အနုပညာအမွေအနှစ်တွေကတော့ နောင် မျိုးဆက်ပေါင်း များစွာအထိ ဆက်လက်တည်တံ့သွားမှာဖြစ်တယ်လို့ ဂီတဝါသနာရှင်တွေက ပြောပါတယ်။
ဟာမတ်စ်တွေကို မြေလှန်ချေမှုန်းနေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ပြီးဆုံးဖို့ အဝေးကြီးလိုသေးတဲ့အကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ ဂါဇာနဲ့ ယူကရိန်းစစ်ပွဲတွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဆက်ပြီး ဖြစ်ပွားနေဦးမယ့် စစ်ပွဲတွေပါ။
ပြည်ပကို စတင်ရောက်ရှိစဥ်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဘယ်လို ကျော်လွှားဖြတ်သန်းခဲ့သလဲ ဆိုတာတွေကို အားလုံးသိရှိရအောင်နဲ့ ကြိုတင်ပြင်ဆင်နိုင်အောင် ရေမြေခြားကို ရောက်ရှိနေသူတွေက သူတို့အတွေ့အကြုံတွေကို ပြန်လည်မျှဝေထားပါတယ်။ ကိုအောင်အောင်က ရေမြေခြားမှ ရုပ်ပုံလွှာ အစီအစဥ်ကနေ စီစဥ် ရိုက်ကူးတင်ပြထားပါတယ်။
အမေရိကန်ကာကွယ် ရေးဝန်ကြီး Lloyd Austin ဟာ ဒေသတွင်းလုံခြုံရေး ပိုခိုင်မာအားကောင်းစေဖို့ အရှေ့အလယ်ပိုင်းဒေသကို သွားရောက်ပါတယ်။ ဟာမတ်စ်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ဂါဇာကို အစ္စရေးက ထိုးစစ်ဆင်နေချိန်မှာပဲ အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အစီအစဉ်တရပ်အနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်က စွန့်ပစ်ပစ္စည်း ဝယ်ယူတဲ့ ကုမ္ပဏီတခုကနေ ခရစ်စမတ်သစ်ပင်နဲ့ စွန့်ပစ်အမှိုက် လဲလှယ်ပေးနေပါတယ်။
အစ္စရေးအနေနဲ့ ခုခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ ရပ်တည်ချက်အပေါ် အမေရိကန်က ဆက်လက်ဆုပ်ကိုင်ထားပေမယ့်လည်း ပါလက်စတိုင်း အရပ်သားတွေ ဘေးအန္တရယ်မကျရောက်အောင် အရေးကြီးကြောင်း အမေရိကန်က ထပ်လောင်း ပြောဆိုပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဒီတပတ်သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ Tuscaloosa city အယ်လ်ဘားမား တက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်လောင်းတွေရဲ့ စကားစစ်ထိုးပွဲအကြောင်း တင်ပြပေးပါမယ်။
ရီပတ်ဘလစ်ကန်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လိုသူတွေရဲ့ စတုတ္ထနဲ့ ဒီနှစ်အတွင်း နောက်ဆုံးအကြိမ်မြောက် စကားစစ်ထိုးပွဲ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ Tuscaloosa city အယ်လ်ဘားမား တက္ကသိုလ်မှာ ကျင်းပမှာပါ။ VOA သတင်းထောက် Carolyn Presuti ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ စွန့်ဦးတီထွင်သူ တဦးဖြစ်တဲ့ မဧမြမြဖူး ကို ကိုအောင်အောင်က VOA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ဒုတိယပိုင်းမှာတော့ YSEALI အစီအစဥ်အကြောင်း မဧမြမြဖူး က ရှင်းပြပေးထားပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲဖို့နဲ့ ပတ်သတ်ပြီး ဂါဇာဒေသကို ထိုးစစ်ဆင်တဲ့အခါ အရပ်သား ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ကြိုးပမ်းသွားမယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးပါမယ်။
အစ္စရေးနဲ့ ဟားမတ်စစ်သွေးကြွအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစိတ်တပိုင်းအရ တနင်္ဂနွေနေ့က ပြန်လွှတ်မြောက်လာတဲ့ ဓားစာခံတွေထဲမှာ အစ္စရေးနွယ်ဖွား အမေရိကန် နိုင်ငံသားဖြစ်တဲ့ ၄ နှစ်အရွယ် မိန်းခလေးငယ် တဦးလည်း ပါဝင်ပါတယ်။ Veronica Balderas Iglesias ရဲ့ သတင်းလွှာကို ကိုအောင်အောင် ပြောပြပါလိမ့်မယ်။
အရှေ့တောင်အာရှ ဒေသတွင်းက လူငယ်တွေ ခေါင်းဆောင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ လူငယ်အချင်းချင်းကြား ချိတ်ဆက်မိစေဖို့ ရည်ရွယ်ပြီး အမေရိကန်အစိုးရက YSEALI အစီအစဥ်ကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒီအစဥ်အစဥ်မှာ ပါဝင်တဲ့ မဧမြမြဖူး ကို ကိုအောင်အောင်က VOA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်