ဒီနှစ် ၂၀၂၄ နွေရာသီက ကမ္ဘာမှာ အပူဆုံးဒေသအဖြစ် ထူးခြားစံချိန်တင် ဖော်ပြခံခဲ့ရတဲ့ မြေလတ်ပိုင်းရှိ ချောက်၊ ရေနံချောင်းမြို့နယ်တွေမှာ ဒေသခံ သစ်ပင်စိုက်ပျိုးရေးအဖွဲ့တွေဟာ စိုက်ပျိုးပြီးသား အပင်တွေကို ရှင်သန်ရေးအတွက် အခက်အခဲမျိုးစုံကြားကနေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။
သမ္မတဒေါ်နယ်ထရန့်အနိုင်ရရှိခဲ့တဲ့အပေါ်တရုတ်သမ္မတရှီကျင်းပင်အပါအဝင်အာရှတိုက်ကခေါင်းဆောင်တွေကဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ဒါပေမယ့်တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမလား၊ကိုရီးယားအရေး၊အင်ဒိုပစ္စဖိတ်လုံခြုံရေးနဲ့ အစ္စရေးပါလက်စတိုင်းအရေးတွေကိုရိုက်ခတ်လာမလားစိုးရိမ်ကြပါတယ်။ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump အနေနဲ့ အမေရိကန် ပထမ မူဝါဒကို ကိုင်စွဲထားပေမဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အသေးစိတ်ကို ပြောဆိုထားတာမရှိပါဘူး။ ဒါပေမဲ့ ယူကရိန်း နဲ့ အရှေ့အလယ်ပိုင်းအရေးမှာ ပဋိပက္ခတွေကိုအမြန် ချုပ်ငြိမ်းသွားအောင် သူကတိပေးထားတဲ့ အတိုင်း ရည်ရွယ်လုပ်ဆောင်နေတာတွေ တွေ့နိုင်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ထွက်လာတဲ့ စစ်တမ်းတွေမှာ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump အကြား မဲအရေအတွက် သိပ်မကွာတဲ့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ခြေဖေါ်ပြကြပါတယ်။ ဒါပေမဲ့လည်း ထောက်ခံမဲတွေကို Donald Trump က အပြတ်အသက် အနိုင်ရသွားခဲ့ပါတယ်။
စစ်ကောင်စီအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို ဝေဖန်ကန့်ကွက်လေ့ရှိတဲ့ တရုတ်အစိုးရဟာ အခုတော့ သူ့နိုင်ငံ နယ်စပ်မှာ ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဖိအားပေးဖို့ နယ်စပ်ကုန်သွယ်မှုအားလုံးကို ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
သိပ္ပံပညာရှင်တွေက ကင်ဆာရောဂါကိုစောစောစီးစီးသိစေဖို့အတွက် အမေရိကန် ပြည်ထောင်စုတဝန်း ဓါတ်ခွဲခန်းတွေမှာ တိရစ္ဆာန်တွေ၊ အင်းဆက်ပိုးတွေကို အသုံးပြု စမ်းသပ်နေကြပါတယ်။ လတ်တလော သုတေသနလုပ်ဆောင်ချက်တွေအရ ပျားတွေ နဲ့ ခွေးတွေဟာ စက်တွေထက် အချိန်စောပြီး ရောဂါရဲ့ အနံကိုရရှိကြောင်း အကြံပြုထားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က အစိုးရအဖွဲ့ ဖွဲ့စည်းရေး လုပ်ဆောင်နေချိန်မှာ သူ့ရဲ့ မဲဆွယ်စဉ်က ကတိတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ ရန်ဘက်တွေကို လက်စားချေမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ တိုးတက်ရေးသမားတွေကတော့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်မှုအပေါ် ပြန်လည်သုံးသပ်နေကြပါတယ်။
စစ်ဖြစ်နေတဲ့ အစ္စရေး နဲ့ ဟားမက်စ်အကြား အပစ်ရပ်ဆဲရေးအတွက် စိတ်ဆန္ဒမရှိသလို အလေးအနက်လည်း မထားဘူးလို့ ပြောဆိုပြီး အပစ်ရပ်ရေး စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံဟာ ညှိနှိုင်းပေးနေတာတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
One Direction ဗြိတိသျှတေးဆိုဂီတအဖွဲ့ထဲက Liam Payne buenos aires မြို့တော် ဟိုတယ်ခန်း ကနေ ပြုတ်ကျသေဆုံးမှုနဲ့ ပတ်သက်ပြီး လူ ၃ ဦးကို တရားစွဲလိုက်ပါတယ်။ သူက သူ့သူငယ်ချင်းဂီတပွဲအတွက် သွားအားပေးရင်း အာဂျင်တီးနားမှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အစဉ်အဆက် ဘုရားဆင်းတုတော် ထုလုပ်သူတွေ အနေနဲ့ စစ်ပွဲကာလတွေ အတွင်း လက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေက စကျင်ကျောက် ကုန်ကြမ်းရဖို့ လိုအပ်လာတာကြောင့် အခုတော့ အခက်အခဲတွေ ရှိလာနေပါတယ်။ AFP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
လားရှိုးကို လက်လွှတ်ရပြီးနောက် စစ်ကောင်စီအပေါ် တရုတ်က ပေါ်ပေါ်တင်တင်ထောက်ခံလာပြီး ၂၀၂၅ ရွေးကောက်ပွဲကိုပါ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေမှာ တရုတ်ရဲ့ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကူမင်းမြို့ကို သွားရောက်ခဲ့ပါတယ်။
'စစ်ဆင်ရေး ၁၀၂၇' အလွန် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်း စစ်ပြေးဒုက္ခသည်အရေအတွက်နဲ့ အရပ်သားသေဆုံးမှုဦးရေ တိုးလာနေပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ်မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ဒီအကြောင်းအရာကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။