၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကရင်တိုင်းရင်းသားများရဲ့ ရိုးရာနှစ်သစ်ကူးနေ့ကို ကျင်းပနေကြတာပါ။ ကရင်ပြည်နယ် ဘားအံမြို့တော်မှာ ရိုးရာအစဉ်အလာအတိုင်း အခမ်းအနားကျင်းပတာမှာ လာမယ့်နှစ်အတွက် သီးနှံအထွက်တိုးပွားကောင်းမွန်စေဖို့ အကအခုန်၊ တေးသီချင်းနဲ့ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်ထဲ မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်တွေက ၂၀၂၅ မှာ နိုင်ငံရေးအပြောင်းအလဲ၊နိုင်ငံရေး အချိုးအကွေ့တစ်ခု ဖြစ်ပေါ်လာနိုင်သလားဆိုတာကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဒီတပတ် ISP-Myanmarရဲ့ မြင်ကွင်းကျယ်မှတ်စုမှာ ပိုင်းခြားဖော်ပြထားပါတယ်။ အမျိုးသမီးတွေဟာ အလုပ်လက်မဲ့ဖြစ်ရတာ၊၊ ဘဝရှေ့ရေး မရေရာတာ၊ လုံခြုံမှုမရှိလို့ နေရပ်စွန့်ခွာရတာ စတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။
အာရှနိုင်ငံရေး ၂၀၂၄ နှစ်ချုပ်အစီစဉ် ၂၀၂၄ ခုနှစ်အတွင်းအာရှနိုင်ငံတွေမှာရွေးကောက်ပွဲတွေလုပ်ခဲ့ပြီး၊ နိုင်ငံရေတည်ငြိမ်မှုအားနည်းကာဒီမိုကရေစီကျဆင်းခဲ့တယ်လို့သုံးသပ်ကြပါတယ်။ ဒေသတွင်လုံခြုံရေးတင်းမာမှုတွေနဲ့အတူစစ်ပွဲတွေလည်းပြင်းထန်ခဲ့ပါတယ်။ ကိုဇော်မိုးကျော်က ၂၀၂၄ နှစ်ချုပ်အစီစဉ်မှာတင်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ ရှိနေတဲ့ စစ်ဌာနချုပ် ၂ ခု လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအတွက် မဟာဗျူဟာမြောက် အထိနာခဲ့ပေမဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ လမ်းကတော့ နီးလာနေပြီလို့ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါ၀င်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။
၂၀၂၄ခုနှစ်အတွင်း ရခိုင်နဲ့ ရှမ်းမှာရှိနေတဲ့ စစ်ဌာနချုပ် ၂ ခုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအတွက် မဟာဗျူဟာမြောက်အထိနာခဲ့ပေမဲ့ မြန်မာပြည်သူတွေလွတ်မြောက်ဖို့ လမ်းကတော့ နီးလာနေပြီလို့ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါ၀င်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ခရစ္စမတ်နေ့ဆို မိသားစုတွေ တွေ့ဆုံပြီး ညစာအတူစားကြ၊ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ပေးကြနဲ့ မိသားစုရဲ့ ချစ်ချင်းမေတ္တာကို အထူးတွေ့ရတာပါ။ မကြေးမုံက သူ့ရဲ့ ခရစ္စမတ်နေ့ အကြောင်း မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
နှစ်သစ်ကူးချိန်ဆို ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ နှစ်သစ်ဆုတောင်းသံတွေ လွင့်ပျံ့နေတာပါ။ နှစ်ကူးအတွက် ထွန်းလင်းထားတဲ့ မီးရောင်စုံတွေ၊ ပျော်ပွဲရွှင်ပွဲတွေကြားမှာ ရှိမနေနိုင်တဲ့ တော်လှန်ရေးရဲဘော်တွေ မျှော်မှန်းတဲ့ အနာဂတ်ကလည်း ထွန်းလင်းတောက်ပနေပါတယ်။ နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ပြထားပါတယ်။
နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာ ပါဝင်နေကြသူတွေအနေနဲ့ မိသားစုတွေ ဆုံးရှုံးတာအပါအဝင် ကြီးမားတဲ့ ဆုံးရှုံးပေးဆပ်မှုတွေ ကြုံကြရတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အထူးခြားဆုံး လူ့အခွင့်အရေးအောင်ပွဲ၊ အာရှက အားတက်စရာ ဒီမိုကရေစီ အမြစ်တွယ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုခံရတဲ့ ပြည်သူတွေအတွက် အားတက်စရာသတင်းတွေကို ဦးတင်မောင်သန်းက ဒီမိုကရေစီ လူ့အခွင့်အရေးဖြစ်ရပ် အနှစ်ချုပ်အဖြစ် တင်ပြထားပါတယ်။
ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်ဟာ ဒုတိယကမ္ဘာစစ်ပွဲ နောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခ အများဆုံးနှစ်တခု ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်းတွေက ဖော်ပြကြပါတယ်။ ၂၀၂၄ နှစ်အတွင်း လောင်ကျွမ်းခဲ့တဲ့ စစ်မီးတွေအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ ပြောပြထားပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ မှာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်၊ ကုန်ဈေးနှုန်းတွေ မြင့်တက်တာတင်မက သဘာဝဘေးဒဏ်တွေကြောင့် လယ်ယာစိုက်ပျိုးရေးကို အထူး ထိခိုက်ခဲ့ရတာပါ။ တနှစ်တာ လယ်ယာစီးပွားအခြေအနေ သတင်းတွေကို စုစည်းပြီး Farmer Times Media က နှစ်ကုန်အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။