၂၀၁၄ ခုနှစ်က အီရတ်မှာ အသက် ၁၁ နှစ်အရွယ် Fawzia Amin Saydo ဟာ ISIS စစ်သွေးကြွအဖွဲ့ရဲ့ လိင်ကျေးကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရပြီး ၁၀ နှစ်အကြာ အောက်တိုဘာ ၁ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့တခုက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Amy Katz က မေးမြန်းတင်ဆက်ထားတာကို ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။
အစားကို လောဘတကြီးစားတတ်သူလား၊ ပလုပ်ပလောင်းစားတတ်သူလား၊ အစား စားသောက်ပုံ အင်္ဂလိပ်စာအသုံးအနှုန်းတွေကို တင်ပြထားပါတယ်။ VOA အင်္ဂလိပ်စာအစီအစဉ်တွေကို burmese.voanews.com နဲ့ VOA Burmese News အင်တာနက်စာမျက်နှာတွေမှာ လေ့လာနိုင်ပါတယ်။
တိုင်းရင်းသားအင်အားစုတွေရဲ့ ၁၀၂၇ ထိုးစစ်ကို လွှတ်ပေးထားခဲ့တဲ့ တရုတ်ဟာ အခုအခါ သူတို့ကို ထိန်းချုပ်ပြီး စစ်ကောင်စီကို ပုံအောထောက်ပံ့လာပါတယ်။ ဒါဟာ သူ့အကျိုးစီးပွါးအတွက် တချိန်က မိတ်ဆွေဖွဲ့ထားတဲ့ လူမျိုးစုအရေးကို တရုတ်က စွန့်လွှတ်စတေးလိုက်တာလား။
အင်ဒိုနီးရှားမှာ သမ္မတသစ်ရဲ့ အစီအစဉ်အရ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းနေအရွယ်ကလေးတွေအတွက် အခမဲ့နေ့လည်စာ ကျွေးမွေးရေး စမ်းသပ်အစီအစဉ် စတင်နေပြီဖြစ်ပါတယ်။ ကလေးတွေညှက်တဲ့ပြဿနာကို ၂၀၁၀ ခုနှစ်ကတည်းက အစိုးရက ဖြေရှင်းရန် ကြိုးပမ်းနေတာပါ။ ရိုက်တာသတင်းကို အခြေခံပြီး အလိမ္မာ ပြောပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ နိမ့်ကျလာချိန်မှာ အမေရိကန်က မြန်မာတွေကတော့ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချရာက အဆင်ပြေနေကြပါတယ်။ အထူးသဖြင့် ကယ်လီဖိုးနီးယားက မြန်မာတဦးဟာ ဧကအလိုက်မြေငှားစိုက်ပျိုးပြီး အောင်မြင်မှုရနေပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက မေးမြန်းပြီး စုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားလေ့ရှိတဲ့ သေနတ်ပစ်ခတ်မှုတွေကို နောင်တက်လာမယ့် သမ္မတအနေနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာ သေနတ်ပိုင်ရှင်တွေနဲ့ သေနတ်ပစ်ခတ်မှုမှာ သားကောင်ဖြစ်ခဲ့ရသူတွေအကြား အလွန်ကွဲပြားတဲ့ အမြင်မျိုးရှိကြပါတယ်။ Vernoica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ကို လပြည့်ကျော် ၂ ရက်နေ့၊ စနေနေ့ ပိတ်ရက်မှာ စုပေါင်းကျင်းပကြပါတယ်။ အမေရိကန်နိုင်ငံရောက် မြန်မာတွေ သီတင်းကျွတ်ပွဲတော်ကို ဘယ်လိုဆင်နွှဲကြလဲဆိုတာကို ဟောင်ဆာက သွားရောက်ရိုက်ကူးတင်ဆက်ထားပါတယ်။
နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကျရင် Republican ပါတီကို မဲပေးမယ့် မြန်မာနွယ်ဖွား အမေရိကန်တွေထဲ Arizona ပြည်နယ်မှာ နေထိုင်တဲ့ အငြိမ်းစားအင်ဂျင်နီယာ ဦး Philip Htoon လည်း ပါပါတယ်။ ဘာကြောင့် Republican သမ္မတလောင်း Trump ကို လက်ခံရွေးချယ်သလဲဆိုတာကို မစုမြတ်မွန် မေးမြန်းထားပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ အလိုမှာပဲ သမ္မတဟောင်း Donald Trump က အတွင်းရန်သူတွေ ရှိနေတာကို ဖြေရှင်းရမယ်ဆိုပြီး တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့တာကြောင့် ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
တရုတ်ရဲ့ မြန်မာနိုင်ငံမူဝါအပေါ် ဘယ်လိုအမြင်ရှိကြသလဲ။ တရုတ်ရဲ့ ဖိအားကို ဘယ်လို တုန့်ပြန်သင့်သလဲဆိုတဲ့အကြောင်းတွေကို ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဟာ ခေတ်အဆက်ဆက်မှာ ညှိနှိုင်းရ အခက်ဆုံးကိစ္စ ဖြစ်ပါတယ်။ ဒီအရေးအတွက် အတိတ်မှာ ဘာတွေက အဟန့်အတားဖြစ်စေခဲဲ့သလဲ၊ အနာဂတ်မှာ ဘယ်လိုအကြောင်းအချက်တွေ ထည့်စဉ်းစားသင့်လဲဆိုတာဆိုတာကို ISP-Myanmar အနေနဲ့ အပိုင်းလိုက် ဖော်ပြနေပါတယ်။ ဒီတပတ် အပိုင်း-၂ ကို တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။