စပိန် နဲ့ ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ဘောလုံးသမား အန်ဒရေ အီနီယက်စ်တာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပါပြီ။ ဘရာဇီးအသင်းရဲ့ တိုက်စစ်မှူး Vinicius Jr. ဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစခဲ့တဲ့ ဟားမတ်စ်အဖွဲ့ အကြမ်းဖက် အဖွဲ့ကို တုံ့ပြန်တဲ့ အစ္စရေးရဲ့ တနှစ်ကြာလာပြီဖြစ်တဲ့ စစ်ပွဲဟာ မျက်မှောက် သမိုင်းမှာ သတင်းသမား အသေအပျောက် အများဆုံး စစ်ပွဲ ဖြစ်လာပါတယ်။ အနည်းဆုံး သတင်းသမား ၁၁၆ ယောက် သေဆုံးခဲ့ပြီး အားလုံးနီးပါးဟာ ပါလက်စတိုင်းတွေ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ဘယ်ဟာမှာမဆို မဲဆန္ဒရှင်တွေနဲ့ ဝင်ရောက်အရွေးခံသူတွေက လူထုရဲ့ အမြင်သဘောထားကို တိုင်းတာအကဲဖြတ်နိုင်ဖို့ သိပ်အရေးကြီးတာပါ။ လူထုသဘောထားစစ်တမ်း ကောက်ယူမှုနဲ့ ပတ်သက်ပြီး ဗွီအိုအေ ပုံပြရုပ်သံကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အစ္စရေးနိုင်ငံမှာ စိုက်ပျိုးရေးပညာသင်ကြားဖို့ ရောက်ရှိခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ လယ်ယာလုပ်သားတွေလို ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ကြရသလို လုပ်အား နဲ့ လုပ်အားခတွေ ခေါင်းပုံဖြတ်တာလည်း ခံခဲ့ကြရပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ တလလောက် အလိုမှာပဲ ဒီမိုကရက်သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း Doanld Trump တို့ဟာ အကြိတ်အနယ် ဆက်လက်မဲဆွယ်နေကြပါတယ်။
အာတိတ်စက်ဝိုင်းထဲက Greenland ဒေသမှာ အက်စကီမိုးလို့သိကြတဲ့ Inuit တိုင်းရင်းသားတွေက သူတို့ရဲ့ ရိုးရာ ဆေးမင် တက်တူးတွေကို ပြန်လည် ဖော်ထုတ်နေကြပါတယ်။ ကိုလိုနီခေတ်က ပျောက်ကွယ်လုဖြစ်ခဲ့တဲ့ ရိုးရာတက်တူးလက်ရာတွေကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားပြီး လေ့လာရအောင်ပါ။
အောက်တိုဘာ ၇ ရက် ဟာမတ်စစ်သွေးကြွအဖွဲ့ အစ္စရေးနယ်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ နှစ်ပတ်လည်အခမ်းအနားတွေ မနေ့က ကျင်းပခဲ့ကြပြီး အစ္စရေးကို ဆက်လက်ပံ့ပိုးဖို့ အမေရိကန် အစိုးရနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ကတိပေးပြောဆိုကြပါတယ်။
အိန္ဒိယအနွယ် အမျိုးသမီးတဦးဖြစ်တဲ့ အမေရိကန် လက်ရှိ ဒုတိယ သမ္မတ Kamala Harris ကို ဒီမိုကရက်ပါတီ သမ္မလောင်းအဖြစ် ၀င်ရောက်ယှဥ်ပြိုင်ဖို့ ရွေးချယ်လိုက်တဲ့အပေါ်မှာ အိန္ဒိယနိုင်ငံမှာ အမြင်သဘောထားအမျိုးမျိုးရှိကြပါတယ်။
မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေအပါအဝင် နေရာစုံမှာ အဆင့်မြင့်ပညာသင်ပေးနေကြတဲ့ ဆရာ ဆရာမတွေအနေနဲ့ ဒစ်ဂျစ်တယ်အခြေခံ သင်ကြားမှုစနစ် ပိုမိုထိရောက်စေဖို့ အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ်တက္ကသိုလ်ရဲ့ အာရှစင်တာက သင်ကြားရေးအစီအစဉ်တခု လုပ်နေပါတယ်။ မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
တရုတ်နိုင်ငံအပေါ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒဟာ Doanld Trump အစိုးရလက်ထက်ကနေ Joe Biden အစိုးအထိ တသမတ်တည်း ဖြစ်ပါတယ်။ သမ္မတ နှစ်ဦးလုံးက တရုတ်ကို အမေရိကန် ရဲ့ အကြီးဆုံးပြိုင်ဘက် အဖြစ်မြင်ထားတာပါ။
သမ္မတဂျိုးဘိုင်ဒန်၊ ဇွန်လက ဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ သေချာမပြောနိုင်ခဲ့ရာကနေ၊ သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်သွားခဲ့ပြီး ဒုသမ္မတ ကာမာလာဟဲရစ်က ဒီမိုကရက်တစ်သမ္မတလောင်း ဖြစ်လာတာပါ။ ဒီမှာ သမိုင်းတလျှောက် သမ္မတလောင်းစကားစစ်ထိုးပွဲတွေက မဲဆွယ်မှုလားရာကို ဘယ်လို ပြောင်းစေခဲ့လဲ ကြည့်ရအောင်ပါ။
အစ္စရေးကို ဟာမတ်စ်စစ်သွေးကြွတွေ ဝင်ရောက်စီးနင်းတာ ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့ဆိုရင် ၁ နှစ်ပြည့်ပါပြီ။ ဒီလို တနှစ်တာကာလအတွင်း စစ်ပွဲတွေကြောင့် အစ္စရေးရောက် မြန်မာနိုင်ငံသားတချို့ နေရပ်ပြန်ပေမဲ့လည်း တချို့ကတော့ အစ္စရေးနိုင်ငံမှာ ဆက်ပြီး အခြေချ နေထိုင်နေကြပါတယ်။ ဘာကြောင့် ပြည်တော် မပြန်နိုင်တာပါလဲ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။