မြန်မာနိုင်ငံနောက်ထပ် မိုးသက်လေပြင်းအန္တရာယ် ရှိ၊ ရေဘေးအကူအညီပေးရေး ခက်ခဲမှု စစ်ကောင်စီချောမွေ့အောင် စီစဉ်ဖို့ ကန်တောင်းဆို၊ MNDAA ကိုးကန့်တပ်ဖွဲ့က အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းဖို့မရှိဟုပြောဆိုစသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေး ကြိုးပမ်းဆောင်ရွက်နေသူ ဒေါ်မီမီဝင်းဘတ်ကို အမေရိကန်အခြေစိုက် East-West Center အဖွဲ့ကြီးက စက်တင်ဘာလ ၈ ရက်နေ့က ဂုဏ်ပြုခဲ့ပါတယ်။ ဒီအကြောင်း အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလမှာ အိုဟိုင်းယိုးပြည်နယ် Springfield မြို့ရောက် ဟေတီနိုင်ငံက ရွှေ့ပြောင်းအခြေချလာသူတွေ ဘယ်လို အကြပ်အတည်းတွေ ရင်ဆိုင်နေရပါလဲ။ Donald trump နဲ့ JD Vance တို့က ဘာတွေ ပြောလိုက်လို့ပါလဲ။ သုတစုံလင် အမေရိကန်တခွင်မှာ ကိုအောင်အောင် စုစည်းတင်ပြထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် သူ့ကို နောက်တနှစ် ဆက်ပြီး အသိအမှတ် ပြုလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဒီနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ဆုံတွေ့ကြတဲ့အခါ နိုင်ငံတကာ အရေးနဲ ပတ်သက်လို့ ဘယ်လိုအကြောင်းအရာတွေကို ဦးစားပေး ဆွေးနွေးကြဖို့ ရှိနေပါလဲ။ ဘယ်လိုအကြောင်းအရာတွေက အဓိကလွှမ်းမိုးနိုင်ဖွယ် ရှိပါလဲ။ နယူးယောက်မြို့ ကုလဌာနချုပ်မှာ ရောက်နေတဲ့ မခင်ဖြူထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။
သြစတြေးလျရဲ့အကူအညီနဲ့ အရှေ့တီမောနိုင်ငံမှာ ရေနံတူးဖေါ်ထုတ်လုပ်ရေး စီမံကိန်းကို လာမယ့် လအနည်းငယ်အတွင်း စတင်တော့မယ့်အကြောင်းနဲ့ တောင်ကိုရီးယားရဲ့ Hyundai ကား ကုမ္ပဏီကတော့ ၂၀၃၀ ရောက်ရင် ဓါတ်ဆီ/လျှပ်စစ်၂ မျိုးသုံး hybrid ကားတွေကို ၂ ဆထုတ်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကိုရော ၊ လောင်စာစွမ်းအင် စားရိတ်ကိုပါ သက်သာစေမယ့် ရေပေါ်လျှပ်ပြေးတဲ့ လျှပ်စစ်မော်တော်ဘုတ် တမျိုးကို ဆွီဒင်နိုင်ငံက တီထွင်လိုက်ပါတယ်။ REUTERS သတင်းဆောင်းပါးပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
Feeding America ရဲ့ စစ်တမ်းအရ အမေရိကန်နိုင်ငံသားတွေဟာ အစားအစာ ၁၄၅ ဘီလီယံ ပမာဏနဲ့ညီမျှတဲ့ အစားအသောက် ကီလိုဂရမ် ၄၁ ဘီလီယံလောက်ကို နှစ်စဥ်ဖြုန်းတီးနေကြတယ်လို့ဆိုလာပါတယ်။ ဒါပေမယ့် ခေတ်မှီနည်းပညာတွေကို အသုံးပြုပြီးတော့ အစားအစာ လိုအပ်သူတွေဆီကို သေချာပေါက်ရောက်မယ့်နည်းလမ်းသစ်တချို့လည်းရှိနေပါတယ်။
မျောက်ကျောက်ရောဂါ မြန်မာကို ဘယ်လို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပြီး၊ သူ့ရဲ့ အနာဖုလေးတွေ ဘယ်လို သိသာထူးခြားတတ်ပါလဲ။ မြန်မာကို ကူးစက်ဖို့ အန္တရာယ်ရှိနိုင်တဲ့ ဒီရောဂါဖြစ်လာရင် ကြိုခန့်မှန်းနိုင်မဲ့ အနာပုံစံတချို့ရှိတယ်လို့၊ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက တင်ပြထားပါတယ်။
ရုရှားအစိုးရသတင်းဌာနတွေနဲ့ ဝန်ထမ်းတချို့ ကန်ရွေးကောက်ပွဲကို သတင်းမှားတွေနဲ့ စွက်ဖက်ဖို့ လုပ်ဆောင်တယ်ဆိုပြီး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ပါတယ်။ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်တာလို့ ရုရှားက တုန့်ပြန်ပါတယ်။ ဒီအကြောင်း အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ပိုလီဂရပ်ဖ်မှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုက အင်တာနက် အွန်လိုင်းနဲ့ဆိုင်တဲ့ တည်ဆဲ ဥပဒေတွေအပေါ် နိုင်ငံရေးပါတီအသီးသီးက မေးခွန်း ထုတ်လာနေကြပါတယ်။ ဒီကိစ္စအပေါ် အခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်တဲ့ Kamala Harris နဲ့ Donald Trump တို့ ဘယ်လို ရှုမြင်နေကြပါသလဲ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။